Thursday, August 13, 2015

သမ္မတကြီးရယ် တရုတ်တွေ အသားဖြူပေမယ့် ကျောင်းသားတွေက အသည်းဖြူပါတယ် – ဒေါ်ခင်မိုးမိုး

Credit DVB
နိုင်ငံတော်သမ္မတက ဇူလိုင်လ ၃၀ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လည်လွှတ်ပေးတဲ့ အကျဉ်းသား ၆၉၆၆ ဦးထဲမှာ သစ်ခိုးမှုနဲ့ တသက်တကျွန်းပြစ်ဒဏ် ကျခံရသူ ၁၅၃ ဦးနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံရသူ ၂ ဦး ပါဝင်ပါတယ်။ အဆိုပါ ၁၅၅ ဦးဟာ ၈ ရက်ကြာ ထောင်တွင်းကျခံရအပြီးမှာ  လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်ခဲ့ကြတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးပဲ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။  အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ သပိတ်မှောက်ရင်း အကြမ်းဖက် ဖမ်းဆီးခံကြရတဲ့ ကျောင်းသားကျောင်းသူ တဦးမှ မပါဝင်ပါဘူး။
ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ သပိတ်မှောက်ကျောင်းသားတွေဘက်က လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။
မနေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၇၀၀၀ နီးပါး လွှတ်တဲ့အထဲမှာ တောင်ကြီးက မင်္ဂလာဆောင်စုံတွဲမိသားစုတွေရော ပါလာသလားခင်ဗျ။
“တယောက်မှ မပါပါဘူး ဆရာရယ်။ တောင်ကြီးကလူတွေက အကုန်လုံးကို ထောင်တွေခွဲပြီး ချလိုက်တော့ ပုသိမ်၊ မြောင်းမြ၊ မန္တလေးနဲ့ တောင်ကြီးမှာက တယောက်ပဲ ကျန်တော့တယ်။ အဲဒါတွေ လုံးဝမပါပါဘူး။”
လူတွေက အဓိက စိတ်ဝင်စားပြောနေတာက ရာဇ၀တ်မှုတွေနဲ့ အတူတူ ဖမ်းခံထားရတဲ့အပြင်ကို သစ်ခိုးခုတ်မှုနဲ့ လွန်ခဲ့တဲ့ ၈ ရက်ကမှ တသက်တကျွန်းပြစ်ဒဏ်ချခံရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်တောင် လွတ်သွားတယ်ဆိုတော့လေ။
“ကျမတို့လည်း အဲဒီလိုပဲပေါ့။ ကျမတောင်မှ post တွေ ရေးနေတာ။ လိုင်းက မကောင်းလို့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးကို ရေးတာပါ။ တရုတ်တွေက အသားဖြူပေမယ့် ကျမတို့ ကျောင်းသားတွေက အသည်းဖြူပါတယ်လို့။ ကျမ အခု သာယာဝတီမှာပါ။ ၂၉ ရက်နေ့က သာယာဝတီရုံးချိန်း ရှိလို့လေ။ ၂၈၊ ၂၉ နှစ်ရက်ရှိလို့၊ သာယာဝတီမှာ ဒီမှာ တခါ ရေကြီးတဲ့နေရာတွေ။ အဲဒီကိုသွားပြီးတော့ ကယ်ဆယ်ရေး အကူအညီသွားပေးတဲ့ ကလေးတွေနဲ့ အဲဒါတွေပါ လုပ်ပေးနေလို့ မပြန်ရသေးဘူး၊ နက်ဖြန်ကျမှ တောင်ကြီးပြန်တက်မှာရှင့်။ ကလေးတွေက ကျောင်းသားတွေက ၅ လတောင် (ထောင်တွင်း) ရှိနေပြီလေ။ အဲဒီတော့ တရုတ်တွေကျတော့ ၈ ရက်ပဲ နေရတယ်။ ကျောင်းသားတွေကျတော့ ဘာမှမဟုတ်တဲ့၊ ကိုယ့်နိုင်ငံသား ကလေးတွေကျတော့ ၅ လတောင်ရှိပြီဆိုတော့ အဲဒါလေးတွေကို သိစေချင်တာပေါ့နော်။”
အန်တီက ဒီကျောင်းသားလေးတွေအမှု (အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ရင်း ပဲခူးတိုင်း လက်ပံတန်းတွင် အကြမ်းဖက်ဖမ်းဆီးတရားစွဲခံရ) လိုက်နေတာ မဟုတ်လား။
အပြည့် အစုံ သို့ 
http://burmese.dvb.no/archives/105211

No comments:

Post a Comment