Sunday, July 19, 2015

"ဗိုလ်နေဝင်း၏ ဆင်ကွက်ထဲ ဝင်ခဲ့မိသော ဂဠုန်ဦးစော(၂)"

Credit Andrew Soe
 
(သန်းဝင်းလှိုင်)
ဗိုလ်နေဝင်းသည် ‘မက်စီယာဗယ်လီ’ (Niccolo di Bernardo dei Machiavelli – 1469 – 1577)
အယူအဆသမား၊ အာဏာအရူးအမူးသမား ဖြစ်သည်မှာ ယခင်ကလည်း မှန်ခဲ့သည်။ ယခုလည်း
မှန်နေသေးသည်။ သံသယ ဖြစ်စရာ မရှိပေ။
နိုင်ငံရေးလောကအတွင်း၌ ဖြစ်စေ၊ စစ်တပ်အတွင်း၌ ဖြစ်စေ၊ သူ့ပြိုင်ဘက်မှန်သမျှကို ၁၉၄ဝပြည့်နှစ်မှ
ယနေ့အထိ ဖယ်ရှားပစ်ခဲ့သည့် သူ့လက်သူ့ခြေရာများကို မြန်မာအများစု မြင်တွေ့နေရသည် မဟုတ်
ပါလော။ ထို့နောက်ပို၍ အလှမ်းကျယ်၍ ပို၍လက်သွက်လာခဲ့သည်။
၁၉၄၇ခုနှစ်၌ အများမြင်ကွင်းမှ ဗိုလ်ချုပ်အောင်ဆန်းပျောက်ကွယ်သွားခဲ့ရသည်ကို ဗိုလ်နေဝင်းအနေဖြင့်
စိတ်သက်သာရကာ ကျိတ်ပြီးဝမ်းအသာကြီးသာနေပေလိမ့်မည်ဟု ယူဆလျှင်ကား အကြောင်းအကျိုး
ဆီလျော်သည်ဟု ဆိုရပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် အမြင့်ဆုံးအာဏာအတွက် သူ့အဓိက ယှဉ်ပြိုင်ဘက်ကြီး မရှိတော့၍ဖြစ်သည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့လုပ်ဖော်ကိုင်ဘက်များအား ဂဠုန်ဦးစောက သတ်ချင်
လာအောင် သူ့အနေဖြင့် နောက်ကွယ်က ကြိုးကိုင်၍ အကွက်ဆင်နိုင်လောက်အောင်
စွမ်းဆောင်နိုင်ပါမည်လော။
ယင်းသို့ဆိုလျှင် အလွန်အမင်း အထင်ကြီးရာရောက်ပြီး၊ မြှောက်ပင့်ရာကျနေမည်လော။
သို့သော်လည်း ယနေ့အခါတွင် ပြည်ပရောက်မြန်မာအချို့က ထိုအတိုင်းပင် ယုံကြည်လျက်
ရှိနေကြပေသည်။
ဖလော်ရီဒါ၌ အလုပ်လုပ်နေသော မြန်မာဆရာဝန်တဦးဖြစ်သည့် ဒေါက်တာကြင်ဟိုး ခေါ် ဒေါက်တာ
နိုင်ဝင်းက “ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ အာဇာနည်များ လုပ်ကြံမှုကြီးအတွင်းရေး” အမည်ရှိ စာအုပ်
တအုပ် ရေးသား၍ ၁၉၉၂ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု ဖို့လော့ဒ်ဒါဒေးလ် (Fort Lauder
-dale) တွင်ထုတ်ဝေခဲ့သည်။
အဆိုပါ စာအုပ်ငယ်၌ ဗိုလ်လက်ျာ၏ ညီငယ် ဦးမြလှိုင်နှင့် သူတို့ပြောဆို ဆွေးနွေးချက်
အပေါ် အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။
ယင်းစာအုပ်၌ ဦးမြလှိုင်သည် တချိန်က ဗမာပြည် လက်နက်ကိုင် တိုက်ခိုက်ရေး ပုလိပ်တပ်
ဖွဲ့ (Burma Armed Police Striking Force) တွင် အမှုထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်း
တွင် ပေဖူးလွှာ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေ၍ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်
သည်။
သူသည် ၁၉၈၇ခုနှစ် ဇူလိုင်လတွင် အမေရိကန် ပြည်ထောင်စု တောင်အတ္တလန်တိတ်ပြည်နယ်
များ၏ တောင်ပိုင်း အစွန်ဆုံး ဖလော်ရီဒါရှိ သူ့ကိုယ်ပိုင်ဆေးကုခန်း ဖွင့်ထားသော ဒေါက်တာ
ကြင်ဟိုးနှင့် ဦးမြလှိုင် စတင်တွေ့ဆုံခဲ့ရပြီးဒေါက်တာကြင်ဟိုးက သူ၏ စိတ်လှုပ်ရှားဖွယ်
ပြန်ပြောင်းပြောပြချက်ကို စတင်ခဲ့သည်။
ထို့နောက်ပိုင်းတွင် သူတို့နှစ်ဦး ပိုမိုရင်းနှီးလာရာမှ အတူတကွစားသောက်ရင်း ထွေရာလေး
ပါး ဆွေးနွေးပြောဆိုဖြစ်ကြသည်။
ဒေါက်တာကြင်ဟိုးအနေဖြင့် ၁၉၅၇ခုနှစ်က ဖတ်မိခဲ့သော လူထုဦးလှ၏ စာအုပ်တစ်အုပ်
ထဲမှ ရေးသားထားသည့် ဂဠုန်ဦးစော၏ အသက်အား ရန်ရှာရန်ကြိုးစားခြင်းနှင့်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အာဇာနည်များအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့်
အကြောင်းခြင်းရာတို့သည် ထိုစဉ်မှပင် သူ့စိတ်ကိုရှုပ်ထွေးစေလျက် ပဟေဠိ
ပုစ္ဆာ တပုဒ်အလား အတွေးပွားစေခဲ့သည်။
သို့ဖြင့် ၁၉၈၈ စက်တင်ဘာလ (၁ဝ) တွင် ဦးမြလှိုင်၏ နေအိမ်၌ ၎င်းတို့နှစ်ဦးသည်
ဤအကြောင်း စကားစပ်မိရာမှ ဦးမြလှိုင်က ဒေါက်တာကြင်ဟိုးအား အောက်ပါ
အတိုင်း အသေးစိတ်ဖွင့်ဟ ပြောပြခဲ့သည်။
ဦးမြလှိုင်သည် တချိန်က ရန်ကုန်ဘဆွေနှင့် အလွန်ရင်းနှီး ခင်မင်ခဲ့သည်ဟု ဆိုသည်။
သူ(ဦးမြလှိုင်)နှင့် ရန်ကုန်ဘဆွေတို့ နှစ်ဦးမှာ ဂဠုန်ဦးစော၏ အသက်ကို ရန်ရှာသယောင်
ကြံစည်နိုင်ရန်အတွက် (၂) လကြာ သင်တန်းပေး လေ့ကျင့်ခံရကြောင်း၊ ထိုသို့ ကြံစည်ခြင်း
ဖြင့် ဦးအောင်ဆန်းက နောက်ကွယ်မှ ကြိုးကိုင်၍ သွေးထိုးမြှောက်ပင့်ပေးသူအဖြစ် ဦးစော
အထင်မှား အမြင်မှားစေရန် ဖြစ်ကြောင်းသူက အတိအလင်းဖွင့်ဟခဲ့သည်။
ဤသို့သော သူရဲဘောကြောင်လှသည့် လုပ်ရပ်အား စည်းရုံး စီမံသူများမှာ အခြားသူများမဟုတ်။
ဗိုလ်ချုပ်နေဝင်းနှင့် သူ၏အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဗိုလ်မှူးချုပ်အောင်ကြီးတို့သာ
ဖြစ်သည်ဟု ဦးမြလှိုင်က ပြောပြခဲ့သည်။
ဒေါက်တာကြင်ဟိုး ပြန်ပြောင်းပြောပြသည့် ဦးမြလှိုင်၏ ပြောဆိုချက်မှာ အောက်ပါအတိုင်း
ဖြစ်သည်။
"တနေ့ ကျွန်တော် စစ်ရုံးမှာ အလုပ်ပြီးလို့ အိမ်ပြန်မယ်အလုပ်မှာ ကျွန်တော့်ဆရာ
ဗိုလ်အောင်ကြီးက ….. “ကိုမြလှိုင် ခင်ဗျား အိမ်မပြန်နဲ့အုံး၊ ကျွန်တော့်အိမ်ကို လိုက်ခဲ့။
အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာရှိတယ်” လို့ ကျွန်တော့်ကိုပြောပါတယ်။
ဒါနဲ့ပဲ ကျွန်တော်လည်း သူနဲ့လိုက်သွားပါတယ်။ အဲ့ဒီရောက်တော့ သူက ကျွန်တော့်ကိုမေးတယ်။
“ခင်ဗျားမှာ ငွေဘယ်လောက်ရှိသလဲ”တဲ့၊ ကျွန်တော်က “ကျွန်တော့်မှာ ငွေတစ်သိန်း၊
နှစ်သိန်းလောက်တော့ ရှိပါတယ်”လို့ ပြန်ဖြေတော့ သူက “ကောင်းတယ်၊ ဒါဆို ခင်ဗျားအိမ်
အတွက် လုံလောက်တယ်။ ကျွန်တော်တို့မှာ အထူးတာဝန်တစ်ခု လုပ်စရာရှိတယ်။
ကျွန်တော့်အိမ်မှာ ခင်ဗျားနေ၊ အားလုံး ကိစ္စဝိစ္စပြီးရင် ခင်ဗျားအိမ်ပြန်နိုင်တယ်”လို့ ပြောပါတယ်။

ဒီလိုနဲ့ ဗိုလ်အောင်ကြီးအိမ်မှာ ကျွန်တော် (၂)လလောက် နေခဲ့ရတယ်။ ရန်ကုန်ဘဆွေက
တော့ ဗိုလ်နေဝင်းအိမ်မှာနေပြီး သေနတ်တလက်နဲ့ အပစ်လေ့ကျင့်နေရတယ်။
လုံးဝသေချာဖို့ ကျွန်တော်တို့ကို ပိုလေ့ကျင့်ပေးတာပါ။ (တကယ်တော့ ရန်ကုန်ဘဆွေဟာ လက်
တည့်ပြီးသားပါ။) ပြီးတော့ ဦးစောရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ အသေးစိတ်လေ့လာရတယ်။
သူရုံးကိုသွားဖို့ အိမ်ကနေ ဘယ်အချိန်ထွက်တယ်။ ဘယ်အချိန်ပြန်ရောက်တယ် …. စသည်ဖြင့်ပေါ့။
ဦးစောအသက်ကို ရန်ရှာဖို့လုပ်တဲ့နေ့က သူက သူ့အနက်ရောင်ကားကြီးထဲမှာ ဒရိုင်ဘာဘေး
ကထိုင်လိုက်လာတယ်။ ကျွန်တော်တို့က သူ့နောက်က ကပ်လိုက်သွားတယ်။
နေရာကောင်းလဲရောက်ရော၊ ကျွန်တော်က သူ့ကားကို ကျော်တက်လိုက်တယ်။ အဲဒီ
အချိန်မှာ ရန်ကုန်ဘဆွေက သေနတ်ခလုတ်ကို ဆွဲဖြုတ်လိုက်တာပဲ။
ပထမ ပစ်ချက်က ဦးစော နဖူးကို ရှပ်မှန်သွားတယ်။ ဒါအရေးကြီးဆုံး ပစ်ချက်ပဲ။ ရန်ကုန်
ဘဆွေက နောက်တချက် ထပ်ပစ်တယ်။ အဲဒါက ဦးစောကို မထိဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ဦးစောက သူ့ထိုင်ခုံအောက် လျှောချလိုက်လို့ပဲ။ တတိယအချက်ကတော့ မိုးပေ
ထောင်ပစ်လိုက်တာပါ။ ရန်ကုန်ဘဆွေက …. “ဟေး၊ ကိုမြလှိုင်၊ မောင်းပြေးပေတော့” လို့
အော်ပြောလိုက်တယ်။
ကျွန်တော် ဘယ်လောက် မြန်မြန်မောင်းလိုက်လဲ မသိဘူး။ အိမ်ကို ဘယ်လိုပြန်ရောက်လာ
မှန်းတောင် မသိတော့ဘူး။
သေနတ်ကတော့ ဗိုလ်နေဝင်းရဲ့ ကိုယ်ပိုင်သေနတ်ပါ။ ရန်ကုန်ဘဆွေနဲ့ ကျွန်တော်တို့ လုပ်ကြံတာကို
ဂဠုန်ဦးစော လုံးဝမသိခဲ့ပါဘူး။ ဒါကတော့ ကျွန်တော်တို့ (၄)ယောက်၊ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေနဲ့ ကျွန်တော်(ကိုမြလှိုင်) တို့ပဲ သိတာပါ။”
ဗိုလ်နေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုဖြစ်နေခဲ့ပြီး၊ အမြဲကြောက်နေခဲ့ရသည်
ဟု ဒေါက်တာကြင်ဟိုးက ဖြည့်စွက်ပြောသည်။ ထိုအချိန်က အပျော်ကျူး၍ လက်လွတ်စပယ်
အသုံးအဖြုန်းကြီးသော ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းက ဆူပူကြိမ်းမောင်း နေခဲ့
သည်။
ဗိုလ်နေဝင်းက ဦးစော အသက်မဆုံးရှုံးစေဘဲ ရန်ရှာရုံသက်သက် ‘မြင်းသမားဥာဏ်’နှင့် ကြံ
စည် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့က ကားထဲပါသူ သေနတ်သမား နှစ်ယောက်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ပိုင်တပ်ဖြစ်
သည့် ပြည်သူ့ရဲဘော်တပ် (PVO) မှ ယူနီဖောင်းများကို ဝတ်ထားစေခြင်းဖြင့် သူ့အသက်ကို ရန်ရှာမှု
နောက်ကွယ်တွင် ဗိုလ်ချုပ် ရှိနေသည်ဟု ဦးစော ထင်မြင်သွားစေရန် ဖြစ်သည်။
သို့မှသာ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို ရန်တုံ့ပြန် လက်စားချေပေလိမ့်မည်ဟု တွက်
ဆထားသည်။
သေနတ်သမားများ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်နှင့် သူတို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များ
မှလွဲ၍ ဤအဖြစ်အပျက်၏ အသေးစိတ်ကို ၁၉၄ဝပြည့်နှစ်များ နောက်ပိုင်းတွင် မှတ်တမ်းတင်ထားနိုင်
ခဲ့ပြီး ဖြစ်လေသည်။
ဗိုလ်ချုပ်အောင်ဆန်း အသတ်မခံရမီ (၁ဝ)လအလို ၁၉၄၆ စက်တင်ဘာ ၂၁ တွင် ဦးစော
အသက်ကို ရန်ရှာခြင်းနှင့် အခင်းဖြစ်ပွားရာတွင်ပြည်သူ့ရဲဘော်များ ပါဝင်ပတ်သက်နေပုံရခြင်း
တို့ကို လုပ်ကြံမှုအတွက် စေ့ဆော်ချက်အဖြစ် တရားရင်ဆိုင်နေစဉ် အတွင်းတွင်ပင် ကိုးကား
ခြင်းခံခဲ့ရလေသည်။
သို့သော် ဦးမြလှိုင်၏ ဇာတ်ကြောင်းပြန် ဖွင့်အန်ခြင်းများသည် ခိုင်လုံမှု မည်မျှရှိသည်ကိုမူ မည်
သူမျှ သိနိုင်တော့မည် မဟုတ်ချေ။
ရန်ကုန်ဘဆွေသည် အတန်ကြာကပင် ဦးနှောက်ကင်ဆာ ရောဂါဖြင့် ၁၉၈၆ စက်တင်ဘာလ (၁၇)
ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး ဦးမြလှိုင်မှာလည်း ဖလော်ရီဒါသို့ သွားရောက်လည်ပတ်ပြီး နှစ်အနည်း
ငယ်အကြာ ၁၉၉ဝ ပြည့်နှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွား
ခဲ့သောကြောင့် ဖြစ်လေသည်။
သူတို့ မကွယ်လွန်မီ ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့ အထူးထုတ် ‘The Burma Review’ စာစောင် အမှတ်
စဉ်(၆)တွင် မောင်ထူး (ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်)ရေးသားခဲ့သော “ဒီမိုကရေစီသို့ နောက်ဆုံးခရီး” ဆောင်းပါးတွင်
ဦးအောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုတွင် ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် ဦးဆောင်မှု
ကဏ္ဍမှ ပါဝင်ခဲ့ပုံနှင့် ဦးအောင်ဆန်းအပေါ် ထားရှိသော ဦးနေဝင်း၏ သဘောထားတို့နှင့် ပတ်သက်၍ ဤသို့ရေးသားထားလေသည်။
“ဦးနေဝင်းသည် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် တိုင်ပင်ပြီးသကာလှ အခွင့်အရေးသမားတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်
အောင်ဆန်း၏ အဓိက ပြိုင်ဘက်ကြီးဖြစ်သော ဦးစောကို သေနတ်ဖြင့်ပစ်ရန် သေနတ်သမား (၂)ဦးကို
တာဝန်ပေးအပ်ခဲ့သည်။”
ဦးအောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရခြင်း၏ ရည်ရွယ်ချက် အသေးစိတ် အတိအကျကို
သိရှိခဲ့ကြသူ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အနည်းငယ်သာ ရှိခဲ့သည်။
၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဇူလိုင်လ ၁၉ရက်တွင် အာဇာနည်ကုန်းသို့ စစ်ဝတ်စုံပြည့်ဖြင့် ချီတက်ကြရန် စစ်တပ်က စီစဉ်ခဲ့သည်။
တပ်မတော် စတင်တည်ထောင်ခဲ့သူ ဦးအောင်ဆန်းသာ အသက်ထင်ရှား ရှိခဲ့ပါမူ ယင်းအာဏာသိမ်းမှု
ကို သဘောတူလိမ့်မည်ဟု လူထုကို ပြသရန် ဖြစ်သည်။
တော်လှန်ရေးကောင်စီဝင် (၁၇)ဦးအနက် (၁၄) ဦးသည် ထိုချီတက်မှုနှင့် ပတ်သက်သည့် အစည်းအဝေး
သို့ တက်ရောက်ခဲ့ကြသည်။
ဗိုလ်မှူးချုပ်တင်ဖေက ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရမှုကို ဝမ်းနည်းတသပြောဆိုခဲ့သည်။ ဗိုလ်ချုပ်နေ
ဝင်းက ထရပ်လိုက်ပြီး “ဘာလို့ဝမ်းနည်းနေရမှာလဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လူပျော့တစ်ယောက်ပဲ၊
ဒါ့အပြင် တိုင်းပြည်ရဲ့ ပြဿနာတွေအပေါ် သူ့ထက်စာရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ငါအများကြီး ပိုသိတယ်”ဟု ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အာဇာနည်နေ့အထိမ်း အမှတ်
ချီတက်မည့် မဟာစီမံကိန်းကြီးမှာလည်း ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့ရလေသည်။”ဟူ၍ ရေးသားထား
လေသည်။
ဦးခင်အောင်၏ “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်၊ စာမျက်နှာ ၁၇၄ ၌ပင် ဆက်
လက်ဖော်ပြထားသည်မှာ -
“ဗိုလ်နေဝင်းသည် သူ့ဘဝရှေ့ရေးအတွက် ပြဿနာတရပ်ကို စဉ်းစားရာ၌ လောင်းကစားသမားပီပီ အမှား
အမှန်ကို အဓိကမထားဘဲ အနိုင်အရှုံးကိုသာ အမြဲတမ်း အဓိကထားတတ်သူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း တပ်မှ
ထွက်ကာ နိုင်ငံရေးနယ်ထဲသို့ ဝင်ရောက်သွားချိန်တွင် သူ၏ စဉ်းစားခန်း ဝင်ခဲ့သည်မှာ ဂဠုန်ဦးစောသည်
တချိန်က နန်းရင်းဝန်ဟောင်းတစ်ဦးဖြစ်ခဲ့၍ သူ့ကိုအထင်သေး၍ မရ၊ အကယ်၍ သူသည် မတော်တဆ
ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးအရ ဈေးကစားချက်အားပြိုင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ‘တစ်နှစ်
အတွင်း လုံးဝလွတ်လပ်ရေး’ဟု ကြွေးကြော်သံ မပေးဘဲ ဗြိတိသျှအစိုးရအား ‘ဒိုမီနီယန်’ လျှော့ဈေး
ပေးကာ ဝန်ကြီးချုပ်ဖြစ်သွားခဲ့သော် ဦးတင်ထွဋ်သည် သူ့လူရင်းဖြစ်ရုံသာမက ပညာအရည်အချင်း
အားဖြင့်လည်း အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (I.C.S) ဖြစ်သောကြောင့် မျိုးချစ် ပါတီ အစိုးရတွင် ဧကန်မုချ ကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဗိုလ်နေဝင်းသည် ရှေ့ဆက်မတွေးတော့ဘဲ ရန်ကုန်ဘဆွေနှင့်လွန်စွာရင်းနှီးသောမြင်းခြံသား ဗိုလ်ကြီး(ယပက်လက်) လှယွှေအား သွားခေါ်ခိုင်းလိုက်သည်။
ထို့နောက် မြဝတီရဲခေါင် ပြန်ပြောင်းပြောပြသည့် ရန်ကုန်ဘဆွေ၏ တဆင့်ပြောဆိုချက်မှာ အောက်
ပါအတိုင်း ဖြစ်သည်။
“ဂဠုန်ဦးစောအား ရှေးဦးစွာ သုတ်သင်ရှင်းလင်းရန်အတွက် သူနှင့်ကိုမြလှိုင်တို့သည် စပတ်လမ်း တနေ
ရာမှ ဂဠုန်ဦးစောအား သူ၏ ‘သူရိယ’ သတင်းစာတိုက်ရုံးပေါ်မှ ဆင်းလာပြီး၊ ကားပေါ်တက်ချိန်အထိစောင့်၍
သူ့ကားနှင့် မလှမ်းမကမ်းမှ ကပ်လိုက်သွားကြသည်။
ဂဠုန်ဦးစော အမြဲသွားလေ့ရှိသော အိမ်ပြန်လမ်းများအတိုင်း လိုက်သွားရာမှ အခါအခွင့်ကောင်းမည့် ရန်
ကုန်ထောင်ကြီးနှင့် ပြည်လမ်းထိပ်တစ်နေရာတွင် ရန်ကုန်ဘဆွေသည် ထိုအခွင့်ကောင်းကို လက်
မလွှတ်ဘဲ သူက ကိုမြလှိုင်၏ကားကို အရှိန်လျှော့စေ၍ သူ၏ လက်တွင်းမှ သေနတ်ဖြင့် ကားဒရိုင်ဘာ
နှင့် ယှဉ်ထိုင်ပြီး လိုက်ပါလာသော ဂဠုန်ဦးစော၏နောက်စေ့ တည့်တည့်ကိုချိန်ကာ ပထမအချက်
ပစ်ထည့်လိုက်သည်။
သို့သော် လွန်စွာအကင်းပါး၍ အမြဲမပြတ် သတိကပ်နေသော ဂဠုန်ဦးစောသည် သူ့ရှေ့ကားမှန်
ထဲမှ ‘ပြည်သူ့ရဲဘော်’ စစ်ဝတ်စုံ ဝတ်ထားသည့် လူနှစ်ယောက်အနက် ခေါင်းတုံး ဆံတောက်နှင့်
သူကို မြင်စဉ်မှာပင် သူ့နဖူး ပူခနဲဖြစ်သွားသည်။ ထိုအချိန်၌ပင် သူသည် ကားဖင်ထိုင်ခုံဘေး ဒရိုင်ဘာရှိရာဘက်သို့ သူ့ကိုယ်ကို လှဲအချနောက်ထပ်သေနတ်သံ (၂)ချက် ထပ်ထွက်
လာသည်။
ဒရိုင်ဘာကလည်း ကားကို ဘရိတ်အုပ်၍ ကားထဲငုံ့နေလိုက်သည်။ ကားမှန်ကွဲစများမှာ သူတို့နှစ်ဦးလုံးကို လွင့်စင်ထိမှန် ကြသည်။
“ကိုရဲခေါင်ရယ်၊ လူတွေရဲ့ကံဆိုတာ မှန်ပဲမှန်သလားတော့ မပြောတတ်ပါဘူး။ ခင်ဗျား
လဲ ကျွန်တော့်လက်ကို အသိသားပဲ။  ကျွန်တော်ပစ်လိုက်တာကတော့ သူ့နောက်စေ့
တည့်တည့်ကို ပစ်ထည့်လိုက်တာပါပဲဗျာ။ ဒါပေမယ့် သူက ကားမှန်ထဲမှာ ကျွန်တော်ကိုမြင်
လို့ လှည့်အကြည့်လိုက်မှာ ကျွန်တော်ပစ်လိုက်တဲ့ ကျည်ဟာ သူ့နောက်စေ့ကိုမမှန်ဘဲ သူ့နဖူး
ကို ရှပ်မှန်သွားတာပဲ”ဟု ကြိတ်မနိုင် ခဲမရ ပြော
ပြပါသည်။
ဤကား လွန်ခဲ့သော ၁၉၇၂ခုနှစ်ခန့်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊ စာရေးဆရာ ရန်ကုန်
ဘဆွေနှင့် မြောင်းမြဘဆွေတို့သည် ယိုးဒယားနိုင်ငံက လန်ဒန်မြို့ သြဇာခံခြံကြီးအတွင်း လျှို့ဝှက်ဖွင့်
လှစ်ထားသည့် အသံလွှင့်ဋ္ဌာနသို့ ဥက္ကဋ္ဌကြီး ဦးနုနှင့်တွေ့ဆုံရန် အလာ၊ အသံလွှင့်ဋ္ဌာန၌ (၃)ရက်မျှနေ
ထိုင်သွားကြစဉ်အတွင်းကျွန်တော့်အား ရန်ကုန်ဘဆွေက စကားစပ်မိ၍ ပြောပြခဲ့ဖူးသော ဖြစ်
ကြောင်းန်စဉ်၊ယုံချင်ယုံမယုံချင်နေ အတွင်းရေးသတင်းကလေး တကွက်ပင်ဖြစ်ပါသတည်း”
ဟူ၍ ရေးသားထားလေသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဗိုလ်နေဝင်းအား ကြံရာပါတစ်ဦး ဖြစ်နိုင်သည်
ဟု ယူဆရခြင်းမှာ ဗိုလ်နေဝင်း၏ ဦးတည်ချက်အရ ယိုးစွပ်လိုက်ရခြင်း ဖြစ်၍၊ ထိုအချိန်က သူ
သည်များစွာ စိတ်ဆင်းရဲနေရသည်။
အာဏာရာထူး ရမက်ကြီးမားလှသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဗိုလ်နေဝင်းသည် မိမိ၏
စစ်ဝတ်စုံကို ဝတ်ရတိုင်း စိတ်မချမ်းမသာ အမြဲဖြစ်ကာ ဆဲဆိုလေ့ရှိသည်။
ဖက်ဆစ်တော်လှန်ရေးကာလ တပ်မတော်သေနာပတိရာထူးမှ ဆင်းပေးရကာ အသစ်ဖွဲ့လိုက်သော
တပ်မတော်တွင် ဗိုလ်မှူးရာထူးဖြင့် အဆင့်လျှော့ကျ လုပ်ကိုင်နေရခြင်းကို သူမကျေမနပ် ဖြစ်နေခဲ့
သည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်သောမတ်စ်၊ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ လက်အောက်တွင် မြောက်ပိုင်းတိုင်းမှူးအဖြစ် ဗိုလ်မှူးရာထူးနှင့် နေရသည်။
ဖက်ဆစ်တော်လှန်ရေးကာလ၌ သူ့လက်အောက်ရာထူးငယ်သော တောင်ပိုင်းတိုင်းမှူး စောကြာဒိုးက
ယခုဗိုလ်မှူးချုပ် ဖြစ်နေသဖြင့် သူ့ထက်အဆင့်မြင့်ဖြစ်နေပြန်သည်။
လွတ်လပ်ရေး ပြင်ဆင်ချိန်က ကရင်အရာရှိများသည် သူတို့၏ လုပ်သက်နှင့် ပညာအရည်
အသွေးအရ ထိုက်တန်သော ရာထူးများကိုရခဲ့သည်ဟု စမစ်ဒွန်းက သူ၏ မှတ်တမ်းတွင် ရေး
သားဖော်ပြခဲ့သည့်အတိုင်း လွတ်လပ်ရေးရစက စစ်မှုထမ်းသက် (၁၅)နှစ်မှ (၂၀)အထိ ရှိကြသော
ကရင်စစ်ဗိုလ်အများစုသည် တပ်မတော်တွင် လွှမ်းမိုးနေသည်။
ဗိုလ်မှူးကြီး စောဒိုနီ အပြင် ကရင်အမျိုးသား ဒုဗိုလ်မှူးကြီး (၈)ဦး ရှိနေသေးသည်။ ထို့ကြောင့် မေဂျာ(ဗိုလ်မှူး) ရာထူးသာ ရရှိထားသော ဗိုလ်နေဝင်းအဖို့ ရာထူးတက်ရန် အိပ်မက်ပင် မမက်ဝံ့အောင် ဆတ်ဆတ်
ခါ နာကျည်းနေခဲ့သည်။
ထို့ပြင် မေဂျာရာထူးမှာ သိမ်ငယ်လှရုံမက သူ၏အထက်တွင် သူ့ထက်စစ်ဝါရင့်သော သူများခံ
နေသဖြင့် စစ်တပ်မှထွက်ကာ သခင်ဗစိန်၏ ‘တို့ဗမာ အစည်းအရုံး’ တွင် ဝင်လျက် နိုင်ငံရေး
လုပ်ရန် တိုက်တွန်းခဲ့ကြကြောင်းပြန်ပြောင်းပြောပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ရဲဘော်သုံးကျိပ်ဝင် ဘဝဖြင့် ဂျပန်ခေတ်၌ အတူနေခဲ့စဉ် ကာလက
ပင် ဗိုလ်နေဝင်း၏ စရိုက်ဝါသနာကို ကောင်းစွာသိထားသည်။
သို့ဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်း ရှိနေသမျှကာလပတ်လုံး မေဂျာနေဝင်းအဖို့ ရာထူးတိုး
တက်ရန်၊ ထိပ်သီးရာထူး ရရှိရန်မှာ မဖြစ်နိုင်တော့ပြီဟု သူတွေးထားဟန်တူသည်။
သို့ဖြစ်သည့်အတိုင်း ဗိုလ်နေဝင်းကလည်း သူ့ဘဝတက်လမ်း၌ ခလုတ်တံသင်း လမ်း
မရှင်းဘဲ တားဆီးနေသော ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားလိုသည်မှာ မုချပင်ဖြစ်သည်။
ထို့ကြောင့် ဦးစောက တိုက်ရိုက်ဆက်သွယ်သည်ဖြစ်စေ၊ သခင်ဗစိန်မှတဆင့် ဆက်သည်
ဖြစ်စေ၊ အင်္ဂလိပ်အရာရှိကြီးများက တိုက်ရိုက်ဆက်သည်ဖြစ်စေ ဗိုလ်နေဝင်းအား ဂဠုန်ဦးစော
၏ အစိုးရသစ်တွင် ထိပ်ပိုင်းရာထူးရစေမည်ဟု ကတိပေးသဖြင့် ထိုနေ့က လုပ်ကြံအုပ်စုများနှင့်
ပူးပေါင်းကူညီခဲ့လေသလောဟု တွေးတောစရာဖြစ်ခဲ့သည်။
တဖန် ထိုနေ့မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိမ့်မည်ဟူသော သတင်းအရ အထူး
အစောင့်အကြပ်များ ကြိုတင်ချထားခဲ့သည်။ လုပ်ကြံမှု မဖြစ်မီ သုံးပတ်ခန့်မှ စတင်ကာ
လက်နက်များကို လျှို့ဝှက်ကိုင်ဆောင်ထားသော အရပ်ဝတ် အရပ်စားနှင့် စစ်သားများ
ကို ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတဝိုက်နှင့် အတွင်းဝန်ရုံးတွင် သတင်းထောက်များ တွေ့
ကြရသည်။ ထိုရဲဘော်များမှာ တပ်ရင်း (၄) မှ ရဲဘော်များ ဖြစ်ကြသည်။
ဗိုလ်လွင်က လုံခြုံရေးကို တာဝန်ယူသည်ဟု ဆိုသည်။
လုပ်ကြံမှုကြီးဖြစ်သော ဇူလိုင်လ ၁၉ရက်နေ့က ထိုရဲဘော်များကို မတွေ့ရချေ။ ထို့ကြောင့် ဤ
ကိစ္စ၌ အတွင်းလူက တံခါးဖွင့်ပေးသော လုပ်ကြံမှုကြီး ဖြစ်သည်မှာ သေချာလှပေသည်။
ထို့ပြင် ကြေးမုံဦးသောင်း(အောင်ဗလ)က ၂၀၀၀ပြည့်နှစ် အောက်တိုဘာလနှင့် စက်
တင်ဘာလက ထုတ်လွှင့်သော လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ်၌ -
“ဦးအောင်ဆန်း၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ပေးထားသော အထူးအစောင့် နှစ်ဦး
သည် အမြဲတစေ ဦးအောင်ဆန်း၏ လက်တကမ်းတွင်ရှိပါလျက် အခင်းဖြစ်ပွားသော
ဇူလိုင်လ ၁၉ရက် နံနက်က မရှိကြဘဲ ပျောက်ကွယ်နေသည်မှာ ဗိုလ်နေဝင်း၏ အစီအစဉ်
ဟု မုချယုံကြည် ရလေသည်။
ထိုအစောင့်တို့မှာ ဗိုလ်နေဝင်း၏ လူများဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လျှို့ဝှက်
သက်တော်စောင့်များ အဖြစ် တာဝန်ပေးလိုပါသည်။ စိတ်ချရသော ရဲဘော်များပေးပါဟု
ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံမှ တောင်းရာမှ ရရှိခဲ့သည်။
ဗိုလ်နေဝင်းပေးသော သက်တော်စောင့်(၂)ဦးဖြစ်သူ ရဲဘော်ဘတုပ်နှင့် ရဲဘော်ရဲမြင့်တို
့သည် သေနတ်ပစ် လက်ဖြောင့်သမားများဖြစ်ကြသည်။ ခြောက်လုံးပြူးနှင့် ပစ္စတိုကို
၁၀ ချက်ပစ်လျှင် ၈ချက်တို့သည် ပစ်မှတ်၏ ဗဟိုသို့ ထိမှန်အောင် ပစ်နိုင်သူများဖြစ်သည်။
ဗိုလ်နေဝင်း၏ ရာသက်ပန် လူယုံတော်၏ ဖျာပုံပြောက်ကျားတပ်မှ ပြောက်ကျားဗိုလ်
၏ လက်စွဲများဖြစ်ကြသည်။ ထိုနေ့ရှောင်နေကြသော သက်တော်စောင့်(၂) ဦး သည်လည်း
ပျောက်သွားသည်။ ရက်အနည်းငယ်ကြာမှ အလောင်းတွေ့ကြရသည်။ အလံနီသူပုန်တို့က သတ်သည်ဟု အမှု
ပိတ်လိုက်သည်။
ဖဆပလခေါင်းဆောင်သစ် ဖြစ်လာသူ အတွင်းဝန်ဟောင်းဦးတင်ထွဋ်သည် ဗိုလ်မှူးချုပ် ရာထူးနှင့် စစ်မှုထမ်းစဉ်က လုပ်ကြံမှုကြီးတွင် ဦးစော၏ အပေါင်းအပါ မည်သူနည်းဟု သဲလွန်စများ ရှာဖွေခဲ့လေသည်။
နယူးတိုင်း (The New Time) သတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးတင်ထွဋ်က ဦးစောနှင့် ကြံရာပါများ အကြောင်းကို သူ၏ သတင်းစာ၌ ဖွင့်လှစ်ရေးသားလိုသည်ဟု အကြောင်းပြကာ သတင်းထောက်ချုပ်အား
သတင်းအစအနများကို လိုက်လံစုံစမ်းရန် ညွှန်ကြားခဲ့လေသည်။
မကြာပါပေ။
ယင်းသို့ အမှုဟောင်းကို ပြန်ဖော်ရန် အားထုတ်သဖြင့် ဦးတင်ထွဋ်ပါ လုပ်ကြံခံရကာအသက်ပေးသွားရရှာသည်။ ဖျာပုံမှ ပြောက်ကျားဗိုလ်၏ လက်ချက်ဖြစ်သည်ဟု သိကြသော်လည်း အမှုကို မည်သူမှ မဖော်ဝံ့ချေ။
ဂဠုန်ဦးစောနှင့် ကြံရာပါပုဂ္ဂိုလ်မှာ ဗိုလ်နေဝင်းဖြစ်သည်ဟု သဲလွန်စ ရှာလိုသူတို့သည် ဦးတင်ထွဋ်နှင့် ဦးထွန်းလှအောင်တို့၏ ကံကြမ္မာကိုမြင်တွေ့ ကြသဖြင့် အမှုကြီး၏ သဲလွန်စကို မလိုက်ဝံ့တော့ဘဲ ယနေ့တိုင် အဖြေမရသည့်မေးခွန်းများအဖြစ် နှုတ်ပိတ်နေကြရလေသည်။” ဟူ၍ ပြောကြားသွားခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် အင်တာနက် စာမျက်နှာပေါ်တွင် ‘စိန်ဗေဒါ’ အမည်ဖြင့် “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူ တကယ်သတ်သလဲ” ဟူသော မေးခွန်းကို တင်ခဲ့ရာ၊ ကိုဘန်ထွန်းဆိုသူက “မကြာမီကမှ ဒီနိုင်ငံ
(ဗြိတိန်) ကို ဝင်လာတဲ့ လူကြီးတွေဆီက ကြားရတာက သူတို့ပြောတဲ့အတိုင်းဆိုရင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်နေဝင်း(ဦးရှုမောင်*) တို့၏ သမီးတို့ စကား အချီအချပြောကြ၍ ဦးနေဝင်း၏သမီးက ဒေါသဖြစ်ပြီး ဂဠုန်ဦးစောကို မရှင်းဂန်းတွေပေးလိုက်တာ ငါ့အဖေလို့ အော်ပြောလိုက်တယ်။
* Tan Siew Mao
ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းပစ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျဉ်းမနားက မိန်းမတစ်ယောက်ကို ဗိုလ်နေဝင်းက မုဒိမ်းကျင့်တာကို ဗိုလ်ချုပ်အောင်ဆန်းက သိသွားတော့ ဗိုလ်နေဝင်း
ကို သတ်ပစ်ချင်လောက်အောင် ဒေါသပေါက်ကွဲခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းကို လက်သည်တရားခံအဖြစ် ပုံနှိပ်ဖော်ပြရန် မသင့်သော စကားလုံးများဖြင့် စွပ်စွဲသော အခြားတုံ့ပြန်မှုများလည်း ရှိပါသေးတယ်” ဟူ၍ ရေးသားဖော်ပြထားသည်။
မည်သို့ဆိုစေ …. ဗိုလ်နေဝင်းအုပ်စု၏ ဆင်ကွက်ထဲ ဝင်ခဲ့မိသော ဂဠုန်ဦးစောသည် ဗိုလ်ချုပ်အောင်ဆန်းအား အထင်အမြင်လွဲကာ လက်စားချေခဲ့မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရေတိမ်မှာနစ်ခဲ့ရသည်မှာ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ဆုံးရှုံးကြေကွဲဖွယ်ရာ ဇာတ်လမ်းဖြစ်ခဲ့ရသည်
မှာ မည်သူမျှ ငြင်းမရသော အချက်ပင် ဖြစ်နေပေတော့လေသတည်း။ ။
Andrew Soe
၃၁ မတ် ၂၀၁၅။
ပုံ(၁၊၂၊၃) ဗိုလ်နေဝင်းနှင့် ဗိုလ်အောင်ကြီးပုံများ
ပုံ(၄၊၅၊၆) ဦးစောနှင့် ကြံရာပါများ။

Wednesday, July 8, 2015

ကြံ့ခိုင်ရေးပါတီ မပိုင်ဝက်မွေးဖြစ်ခဲ့တယ်လို့ ဘာ့ကြောင့်ပြောတာလဲ (Text Report)

ကြံ့ခိုင်ရေးပါတီ မပိုင်ဝက်မွေးဖြစ်ခဲ့တယ်လို့ ဘာ့ကြောင့်ပြောတာလဲ (Text Report)
အာဏာရကြံ့ခိုင်ရေးပါတီထဲ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့ကြား အကွဲအပြဲမှာ တစ်နေ့တစ်ခြား ထင်ရှားလာနေပြီး လာမယ့် ၂ဝ၁၅ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု လွှတ်တော်အမတ်စာရင်းတွေ မထုတ်ပြန်ခင်အချိန်မှာ သူတို့ပါတီဟာ မပိုင်ဝက်မွေး၊ မိအေးနှစ်ခါနာခဲ့ရတယ်လို့ ပါတီအာဘော် ပြည်ထောင်စုနေ့စဉ်က ဇူလိုင် ၅ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့အနေအထားဟာ ကြွေးဟောင်းကိုလည်းဆပ်နေရပြီး ကြွေးသစ်ကိုလည်း ဆပ်နေရတယ်လို့ ပါတီဗဟိုအတိုင်ပင်ခံ ဦးစိုးသာရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။ ဒါပေမယ့် သူတို့ပါတီဟာ ပါတီဥက္ကဌ သူရဦးရွှေမန်းနဲ့ ခေါင်းဆောင်တွေရဲ့စုပေါင်းဦးဆောင်မှုနဲ့ မယိမ်းမယိုင် ကြံ့ကြံ့ခိုင်ရပ်တည်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပြည်သူတွေက လွှတ်တော်တွင်းဆောင်ရွက်ချက်ကို ပါတီလုပ်ရပ်အဖြစ်မြင်နေပြီး အစိုးရရဲ့လုပ်ရပ်တွေကို သမ္မတဦးသိန်းစိန်ရဲ့လုပ်ရပ်အဖြစ် မြင်နေတာကြောင့် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်ပေမယ့် ပါတီပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ ဦးစိုးသာရဲ့ပြောဆိုချက်က ဆိုပါတယ်။
ဒါဟာ ဂျပန်နိုင်ငံကိုရောက်တုန်းက NHK သတင်းဌာနကို သမ္မတဒုတိယသက်တမ်းအတွက် ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ပြောဆိုချက်ကို တုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်ကလည်း သူတို့ကြံ့ခိုင်ရေးဟာ အနိုင်ရပါတီဖြစ်ပေမယ့် နိုင်ငံတော်ယန္တရားလည်ပတ်မှုမှာ ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် အခွင့်အလမ်းတွေ နည်းပါးခဲ့တယ်လို့လည်း ပြည်ထောင်စုနေ့စဉ်က ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ကယားပြည်နယ်ကနေ ပါတီကိုယ်စားဝင်ရောက်ခွင့်ပေးဖို့ တင်ပြချက်ကို ပါတီက ငြင်းပယ်ခဲ့ပြီးနောက်မှာ ဝန်ကြီးနှစ်ယောက်ဟာ တစ်သီးပုဂ္ဂလအဖြစ်နဲ့ ကယားပြည်နယ်က လူဦးရေအနည်းဆုံး မြို့နယ်၂ခုကနေ ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။
ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက သူ့အပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေဖြစ်အောင် အစိုးရထဲက လုပ်ခဲ့တယ်လို့ သွယ်ဝိုက်စွပ်စွဲထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ကြံ့ခိုင်ရေးပါတီက အဓိကပြင်ဆင်လိုတဲ့အချက်တွေကို မြန်မာသမ္မတက စစ်တပ်ကို ကန့်ကွက်ဖို့ညွှန်ကြားခဲ့ပုံရတာကြောင့် ဘယ်လိုမှ မပြင်နိုင်ခဲ့ဘူးလို့လည်း လွှတ်တော်အမတ် ဦးလှဆွေက သတင်းမီဒီယာတွေကို တရားဝင်ပြောခဲ့ပါတယ်။

အမျိုးစောင့် မစောင့်.

ဒေါ်စုက နိုင် ငံခြားသားကိုယူထားတော့
အမျိုးမစောင့်ဘူးလို့ ပြောနေကြတဲ့ အတွက်
စောင့်လေမျိုးနွယ် ဆိုတဲ့ အကြောင်းလေး ရှင်းပြပေးပါ ဘုရား။
အဲဒါကို ခွဲခြားပြီးသိချင် ပါတယ်လို့ မေးလာတဲ့ ဒကာမကြီးအတွက်
ဦးဇင်းရဲ့အမြင် ကို ဖြေ ပေးလိုက်ပါတယ်။

အမျိုးအနွယ် ဆိုတာကိုဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုသလဲဆိုတာ သုံးသပ်ကြည့်ရ အောင်။ အမျိုးအနွယ်ဆိုတာကို နှစ်မျိုးခွဲလို့ရပါတယ်။
မိဘ ဘိုဘွားကစပြီး ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဆိုတဲ့ အမျိုးဆိုတာရှိပါတယ်။ တရုတ်ပြည်မှာဆိုရင် ...
အဲဒီလိုမျိုးနွယ်စုတွေ စုပြီးနေထိုင် ကြတယ်။
ဒါက မိဘမျိုးရိုးဆိုတဲ့ အမျိုး။
နောက် ...
တစ် ရွာထဲနေထိုင် ကြတဲ့ ရပ်ဆွေရပ်မျိုးဆိုတာရှိသေးတယ်။
ဥပမာ ..မ ကွေးတိုင်းက ဒကာနဲ့
ရန်ကုန်တိုင်းက ဒကာမတစ်ယောက်
အမျိုးမတော်ပဲနဲ့ ယူကြတယ်ဆိုပါစို့။
အမျိုးမစောင့်ဘူးပြောလို့ရမလား။
မြန်မာနိုင် ငံဆိုတဲ့ သတ်မှတ်ချက်နယ်မြေ အောက်မှာနေထိုင် သူ
အချင်းချင်းယူတိုင်းရော အမျိုးစောင့်တယ်ပြောလို့ရမလား။
ဗမာလူမျိုးနဲ့ ကချင် လူမျိုးနဲ့ယူမယ်ဆိုတာရော အမျိုးစောင့်လား မစောင့်ဘူးလား ။
ဗမာ ဗမာ အချင်းချင်း ၊ ကရင် ကရင် အချင်းချင်းယူမှ အမျိုးစောင့်တာလား။
အမျိုးကို ဘယ်ပေတံနဲ့ တိုင်းမလဲ။
နောက်တစ်မျိုးက နေရာဒေသကိုလိုက်ပြီးခွဲခြားတာမဟုတ်ပဲ ယုံကြည်ကိုးကွယ်တဲ့ ဘာသာကိုလိုက်ပြီးသတ်မှတ်တဲ့ အမျိုးအနွယ်ဆိုတာ ရှိသေးတယ်။
တရားပွဲဖိတ်တဲ့နေရာ တော်တော်များများမှာကြားရတာ တစ်ခုရှိတယ်။ " ဗုဒ္ဓဘာသာ အနွယ်ဝင် သူတော်စင် အ ပေါင်းတို့ ခင် ဗျားလို့ အော်တာရှိသလို ၊
သာသနာ့ အနွယ်ဝင် သီလရှင် ဆိုတဲ့ အသုံးအနှုန်းကိုလည်း ကြားဖူးမှာပါ။
ဗုဒ္ဓဘာသာ အမျိုးအနွယ် ၊ အစ္စလာမ်အမျိုးအနွယ်၊
ခရစ်ယာန်အမျိုးအနွယ် စသည်ဖြင့်ခွဲကြပါတယ်။
မြတ်စွာဘုရားဟောကြားတဲ့တရားတော်တိုင်းဟာ ဒုက္ခလွတ်ကင်းရေး တရားတော်တွေဖြစ်ပါတယ်။
ယုံကြည်ချက် ၊ခံယူချက် အ ပေါ်အ ခြေခံထားတဲ့
ဘာသာအမျိုးအနွယ် မတူညီသူ နှစ်ယောက် ရဲ့ ပေါင်းစပ်မှု့ကြောင့် မိမိနဲ့တကွ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဆင်းရဲ ဒုက္ခတွေဖြစ်ပေါ်လာနိုင် တဲ့အတွက်
မိမိရဲ့ အမျိုးအနွယ်ဖြစ်တဲ့ ယုံကြည်ချက် ခံယူချက် တူညီတဲ့ ဘာသာတူအချင်းချင်းပေါင်းစပ်ပါ။
အမျိုးအနွယ်ကို စောင့်ထိန်းပါလို့ ဆိုလိုတာဖြစ်ပါတယ်။
တစ် ရွာထဲ အတူတူနေထိုင်ပေမဲ့ ယုံကြည်ချက် ခံယူချက် မတူညီတဲ့
ဘာသာမတူသူကို ယူမယ်ဆိုရင် အမျိုးအနွယ်ကို မ စောင့်ထိန်းသူဖြစ်ပါတယ်။
ဘယ်နေရာ ဘယ်ဒေသ မှာပဲနေ နေ ယုံကြည်ချက် ခံယူချက် တူညီသူ ဘာသာတူအချင်းချင်းရဲ့ပေါင်းစပ်မှု့ဟာ ဆင်းရဲဒုက္ခ မှလွတ်စေ ငြိမ်းချမ်းစေနိုင်ပြီး
ဘယ်နေရာ ဘယ်ဒေသ မှာပဲ နေ နေ ယုံကြည်ချက် ခံယူချက် မတူညီတဲ့ ဘာသာမတူသူ နှစ်ဦးရဲ့ပေါင်းစပ်မှု့ဟာ ဆင်းရဲ ဒုက္ခကိုဖြစ်စေသလို မငြိမ်းချမ်းမှု့ကိုဖြစ်စေတဲ့အတွက် အမျိုးအနွယ်ကို စောင့်ထိန်းပါလို့ဆိုလိုပါတယ်။
ကဲဒီလောက်ဆို အမျိုးအနွယ်ကိုစောင့်ထိန်းပါဆိုတာ ဘာကိုဆိုလိုတယ်။ ဘာ့ကြောင့်စောင့်ထိန်းခိုင်းရတယ်။
ဒေါ်စုဟာ အမျိုးမစောင့်သူလို့
ပြောဆိုကြတဲ့စကားဟာ မှားတယ် မှန်တယ်ဆိုတာ ကိုယ်တိုင် ခွဲခြားနိုင် လောက်ပါပြီ။
မိမိဘာသာရဲ့ အမျိုးအနွယ်ကို စောင့်ထိန်းခြင်းဖြင့် ငြိမ်းချမ်းမှု့ကို ရရှိနိုင် ကြပါစေ ။
Ashin Uttama