Thursday, February 26, 2015

ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်

ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်



၁။ ပညာရေးမူဝါဒများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူကိုယ်စားလှယ်များ ဆရာ၊ဆရာမ ကိုယ်စားလှယ်များ
ပါဝင်ရန်။
၂။ ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရန်။
၃။ လက်ရှိပြဌါန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့်တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
ဖွဲ့စည်းထားခြင်း။
၎။ ဒေသအလိုက်နှင့်ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့်။
၅။ လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်။
၆။ ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံ ပညာရေးစနစ် (Mother tongue-based
multilingual education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းရန်။
၈။ မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး(Inclusive Education)။
၉။ ကျောင်းသားအရေးခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်တက်ရောက်ခွင့်။
၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေး။
၁၁။ အခမဲ့မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့်မှာသာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး။
(ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ တောတွင်းလက်နက်ကိုင်အဖွဲ့တွေမိမိနိုင်ငံကို ပြန်လာပါလို့ ကတိပေးပြီး ခေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းသူ
ပြည်သားတွေ တစ်ခုပျော်ခဲ့ရတာက "သခင်နု"မြန်မာပြည်ရောက်ခဲ့တယ်။ ပျော်လို့မဆုံးခင်မှာပဲ ပြည်သူပြည်သားတွေ သိလိုက်ရတဲ့အသိကဘာလဲ
ဆိုတော့ ရတနာနတ်မယ်ကို အဖေကြီး နေ၀င်းက လက်ထပ်ဖို့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်ပါလားဆိုတာ။)
ဒီကနေ့လွှတ်တော်ထဲမှာ ဘယ်သူ့ဆွေးနွေးမှု အကြံပေးမှုတွေကို လက်ခံတယ်ဆိုဒါ အပေါ်ယံကြည့်တော့ ရိုးသားသလိုလို- ဒီအချိန်မှာ အချို့တက္ကသိုလ်တွေက
အထူးစီစဉ်ထားတဲ့ ဘောင်းဘီချွတ် ကျောင်းသားတွေကို ခေါ်သွင်းတဲ့ အချက်ပဲ မဟုတ်လား။ ပိုဆူအောင် ပိုပျက်အောင် ဖန်တီးပြန်ပြီ။ နောက်ပြီး အထူးစီစဉ်ထားတဲ့
ဘောင်းဘီချွတ် ကျောင်းသားတွေကို ပေးအပ်မှာ အမှန်ပါ။

 ကျောင်းသားများ၏တောင်းဆိုချက် (၁၁) ချက်
၁။ ပညာရေးမူဝါဒများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူကိုယ်စားလှယ်များ ဆရာ၊ဆရာမ ကိုယ်စားလှယ်များ
ပါဝင်ရန်။
၂။ ကျောင်းသားသမဂ္ဂများ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရန်။
၃။ လက်ရှိပြဌါန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့်တက္ကသိုလ်များပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
ဖွဲ့စည်းထားခြင်း။
၎။ ဒေသအလိုက်နှင့်ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့်။
၅။ လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်။
၆။ ကျောင်းသားများလွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံ ပညာရေးစနစ် (Mother tongue-based
multilingual education) ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းရန်။
၈။ မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး(Inclusive Education)။
၉။ ကျောင်းသားအရေးခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်တက်ရောက်ခွင့်။
၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေး။
၁၁။ အခမဲ့မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့်မှာသာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေး။
(ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ တောတွင်းလက်နက်ကိုင်အဖွဲ့တွေမိမိနိုင်ငံကို ပြန်လာပါလို့ ကတိပေးပြီး ခေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းသူ
ပြည်သားတွေ တစ်ခုပျော်ခဲ့ရတာက "သခင်နု"မြန်မာပြည်ရောက်ခဲ့တယ်။ ပျော်လို့မဆုံးခင်မှာပဲ ပြည်သူပြည်သားတွေ သိလိုက်ရတဲ့အသိကဘာလဲ
ဆိုတော့ ရတနာနတ်မယ်ကို အဖေကြီး နေ၀င်းက လက်ထပ်ဖို့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်ပါလားဆိုတာ။)
ဒီကနေ့လွှတ်တော်ထဲမှာ ဘယ်သူ့ဆွေးနွေးမှု အကြံပေးမှုတွေကို လက်ခံတယ်ဆိုဒါ အပေါ်ယံကြည့်တော့ ရိုးသားသလိုလို- ဒီအချိန်မှာ အချို့တက္ကသိုလ်တွေက
အထူးစီစဉ်ထားတဲ့ ဘောင်းဘီချွတ် ကျောင်းသားတွေကို ခေါ်သွင်းတဲ့ အချက်ပဲ မဟုတ်လား။ ပိုဆူအောင် ပိုပျက်အောင် ဖန်တီးပြန်ပြီ။ နောက်ပြီး အထူးစီစဉ်ထားတဲ့
ဘောင်းဘီချွတ် ကျောင်းသားတွေကို ပေးအပ်မှာ အမှန်ပါ။


Friday, February 20, 2015

ဧရာဝတီသပိတ်စစ်ကြောင်းမှ သပိတ်မလှန်သေးဘဲ စောင့်ကြည့်မည့် ကာလတွင်

ပင်မကျောင်းသားသပိတ်စစ်ကြောင်း လက်ပံတန်းမြို့ တွင်မတ်လ(၁)ရက်နေ့ မနက်အထိ

ပြည်သူ့ ရဲ ကြီးများ တကယ် ရဲ ကြ စမ်းပါ။

ဒါကို တော့ တကဲ့ ရဲ လို့  ဂုဏ်ပြု ချီး မွမ်း ထိုက်သည် ဟုထင်ပါသည်။
သူတို့  ပေး တဲ့ ငွေ တွေက ဒုစရိုက်မှု အညစ်အ ထေးတွေ ပေ စွန်းနေ တယ်။
 

လူကြီးမင်းတို့  ရဲ့ မိသားစု ကို အညစ်အ ကြေးတွေ ကျွေး သလို၊ အဝတ်အစား ညစ် ထေးထေး
ဝတ်ဆင် ပေး သလို ဖြစ် နေ မှာ ကို သတိပြုပါ။
 

တို့  ဗမာ ဗုဒ်ဓဘာသာဝင် တွေ အဂတိ မလိုက်စားရဘူး။ အဂတိ မလိုက်စားကြဘူး။ အတုအယောင် တွေသာ
အဓမ်မမှု၊ အဂတိ လိုက်စားခြင်း၊ လဂ်ယူခြင်းများကို ပြုကြပါတယ်။
 

အဒိန်န ဒါန ကို မ မေ့ မ လျော့ ဆောက်တည်ရာ၏။

Credit all original contributors.

သတင်းချစ်သူ - ဝေဟင်'s photo.သတင်းချစ်သူ - ဝေဟင်'s photo.





လောက်ကိုင်မြို့မှာ အကျဉ်းထောင်ကိုကာကွယ်ရင်း ကျဆုံးသွားတဲ့ ဒုရဲအုပ်စိုးအေးထွန်း.......(ဟာဂျူလီ-ကသာ)
***************************
ဒီကနေ့(၁၈-၂-၂၀၁၅ရက်နေ့) ကသာမြို့အမှတ်(၅)ရပ်ကွက်မှာ ဒုရဲအုပ်စိုးအေးထွန်းအတွက်ရည်စူးပြီး ဆွမ်းကပ် အလှူဒါနပြုခဲ့ပါတယ်၊
ဒုရဲအုပ်စိုးအေးထွန်းဟာ လောက်ကိုင် ဆီအောအကျဉ်းထောင်ကိုကာကွယ်ရင်း ကျဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်၊ သိရတာကတော့
အဲဒီနေ့မှာ ဆီအောအကျဉ်းထောင်နဲ့ ကို ၀င်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းအရ ဆီအောအကျဉ်းထောင်ကာကွယ်ရေးအတွက်
ဒုရဲအုပ်စိုးအေးထွန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူခဲ့ရပါတယ်၊ ညပိုင်းမှာ ထောင်အ၀င်ဝမှာ တားထားတဲ့ သံတံခါးအနီးကို
ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေ စက်လတ်အပါအ၀င် လက်နက်မျိုးစုံနဲ့ ၀င်ရောက်စီးနင်းခဲ့ပါတယ်၊ထောင်မျှော်စင်ကနေ မီးမောင်းထိုးနေတဲ့
အကျဉ်းဦးစီးဝန်ထမ်းကို ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေက ပစ်ချလိုက်ပါတယ်၊ အ၀င်ဝမှာ တာဝန်ယူထားတဲ့ ဒုရဲအုပ်စိုးအေးထွန်းဟာ နောက်မဆုတ်ဘဲ
သူတာဝန်ကျရာနေရာကနေ ခုခံပစ်ခတ်တဲ့အတွက် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားခဲ့ရပါတယ်၊ ဒုရဲအုပ်စိုးအေးထွန်းကတော့
နားထင်အပါအ၀င် ဒါဏ်ရာများစွာရရှိခဲ့ပြီး နေရာမှာတင် ကျဆုံးသွားခဲ့ပါတယ်၊သူအလောင်းဘေးမှာ သူခုခံပစ်ခတ်ထားတဲ့ ကျည်ခွံများစွာတွေ့ရှိခဲ့ရပြီး
သေနတ်မောင်းကွင်းးထဲက လက်ညိုးကို အတော်ဆွဲထုတ်ယူရတယ်လို့လည်း သိရှိရပါတယ်၊
ဒုရဲအုပ်စိုးအေးထွန်းကျဆုံးခဲ့မှုကြောင့် ကူညီထောက်ပံ့ငွေ ရရှိမှုဟာ သိန်း(၆၀)ကျော်သွားပြီလို့လည်း သိရှိရပါတယ်၊
(ဟာဂျူလီ-ကသာ)

တာဝန်ကျေခဲ့တဲ့သူရဲကောင်း ရဲအုပ် စိုးအေးထွန်းကောင်းရာသုဂတိလားပါစေဗျာ။

ဦးခင်ညျွှန့်  ဗမာပြည် အတွက် ဘာတွေ လုပ်ခဲ့ ကလဲ။

 Credit all contributors.
Khin Mg Win shared his post.
14 hrs ·
Khin Mg Win's photo.

Khin Mg Win's photo.
တိုင်းပြည်မင်းလုပ် အုပ်ချုပ်သော မင်းဧကရာဇ်ကြီး များနင့် လွတ်တော် အမတ်မင်းများ ခင်ဗျာ
ဘုရားမှတ်လို့ ရှစ်ခိုးကိုးကွယ် ဖွတ်ထွက်မှ တောင်ဖို့မှန်းသိ နိင်ငံတော် က သယံဇာတ သဘာဝတောတောင် တိရစ္ဆာန်နင့် အမျိုးသမီး ပါမကျန် အဆီစား အသားမြို ရိုးတွင်းချဉ်ဆီ မကျန်စွတ်ပြုတ် လုပ်သောက် နိင်ငံတော်လူ ကြီးတွေကို အမျိုးမျိုး မျက်နှာချိုသွေး ကယ်တင်ရှင်ကြီးလို့လို့ ဝေသံသရာ မင်းလို့လို့ဟန်ဆောင်မှု လှယ်စားမှု အမျိုးမျိုးနင့် ယနေ့ အချိန် တရုတ်စစ်စစ် ကိုးကန့် အမည်ခံ ဖုန်ကြားရှင် ဘိန်းဘုရင်နင့် တပ်မတော် စစ်သည်တော်များ အသက်ချွေး ခန္ဓာကို ပေးဆပ် နေတဲ့ အချိန်တိုင်းရင်းသား DKBA သိန်း ၅၀ အခြား ပရဟိတ အသင်း ဦးကျော်သူ နင့် ဇာဇာထက် တို့ပါမကျန် ပြည်သူပြည်သား တိုင်းရင်းသား အားလုံး အလုပေးနေတဲ့ အချိန် တရုတ်ခရိုးနီ သခင်အားရ ကျွန်ဒဏ်ဝ အာဏာရှင်ကို အသုံးချ ခိုင်စား အာဏာရှင်ကြီး တွေကလည်း ခရိုးနီ များ အဆီစုတ် အသားစားပြီ အရိုးအရေလေ ကျွေးတာကို အဟုတ်ကြီးဟုတ်ပြီ တရုတ် ကုလားကို မျက်နှာသာပေး အလုရှင်ကြီးလို့လို့ ကယ်တင်ရှင်ကြီးလို့ ဂုဏ်ပြုမှတ်တမ်း မော်ကွန်တင် ယခု အချိန် တိုင်ပြည်ကြီးက အခွင်ဘဲ ကျန်တော့တယ် အာဏာရှင်ကြီးရဲ့ အနီးအနား အမြဲခစားနေတဲ့ ဘိန်းဘုရင် သား ဦးထွန်မြင့်နိင် ရေဘဝဲ ရွှေသံလွင်ကျော်ဝင်း ဂရိတ်ဝေါ တင်မောင် ဝမ်ပေါင် တရုတ်လူမျိုး မှန်သ၍ တယောက်ကမှ ရှေ့တမ်းစစ်မြေပြင် တပ်မတော်သမား များအတွက်တပြား တချက်လုသံ မကြားရပါ မြန်မာ့မြေက အသားစား အဆီစုတ် အာဏရှင်နင့်သာ ဂွင်များများ မျော်ပြီ အပေးအကမ်း ရက်ရောတာ ဖုန်ကြားရှင်ကတရုတ် ရေဘဝဲ ကျော်ဝင်း ဘိန်းရာဇာ အဖွဲ သူတို့ တရုတ်လူမျိုး အပေါ သစ္စာ ရှိကျတယ်နော် သွေးစည်းညီညွတ် ကျတယ်နော် နိင်ငံတော်ကမြောက်စား ထားတဲ့ ခရိုးနီတရုတ် တွေ မဇာဇာထက် လောက်တောင် အဆင့်မရှိဘူး နိင်ငံလုပ်ပိုင် ခွင့်တာအများ ကြီးပေးထားတာ နိင်ငံတော်က တာဝန်ကြီးပုဂ္ဂိုလ်အားလုံး တရုတ်ကုလား အပေါ နောင်တလေး အသိတရားရသင်တယ် နိင်ငံအတွက် အသက်ချွေးသွေး ပေးဆပ်ရင် တိုင်းရင်းသား ၁၃၅ မျိုးနင့် တိုင်းရင်းသား လက်နက်ကိုင် အားလုံးကတာ အမိမြန်မာ နိင်ငံအတွက် ပေဆပ်သွားမှာပါ ယခုလည်း DKBA နင့်အခြားငြိမ်းချမ်းရေး အဖွဲ့က တပ်မတော်နင့် ပူပေါင်းတယ် အရေးကြီးရင် သွေးနည်းကျတယ် တရုတ်ကုလား အခွင့်အရေး ရရင်ယူမည် နိင်ငံမတည်ငြိမ်ရင် အကုန်ပြေးကုန်မှာပါ အခွင့်အရေးရ လို့ အခွန်ထူးခံ ဟန်ဆောင်ပြီ နေတာ တရုတ်ကုလား ဘယ်တော့မှအနားမခံဘူး တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်ပြီ မာယားများတဲ့ တရုတ်ကုလား လှယ်စားချင်းမှ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ အမြင်မှန် အမှန်မြင်၍ မဇာဇာထက်လောက် တောင် အဆင့်အတမ်း မရှိတဲ့ တရုတ်ကုလား လှယ်ဖြာချင်းက ကင်းဝေပါစေ လောက်ကိုင်မှတရားသောစစ် အောင်မြင့်ပါစေ ။
ပုဂံသွေး

ကျူးကျော် နယ်ချလာသူများကို ပြတ်ပြတ်သားသားချေမှုန်းရေး။

Ko Phyo's photo.
Ko Phyo's photo.
Ko Phyo's photo.


Ko Phyo's photo.


Ko Phyo's photo.

                                                         credit original contributors.

ကျူးကျော် နယ်ချလာသူများကို
အပြီူတိုင် ချေမှူန်း သုတ်သင် ရမည်။
နောက်ထပ် အခွင့် အ ရေး လုံးဝ
မ ပေးပါ နှင့် တော့။
ိတိုက် ကြပါ အပြတ် ရှင်းကြပါ။
ဗမာ့ မြေ ပေါ်မှာ ဘိန်းဖြူထုတ်လုပ်သူ
မရှိပါ စေ နှင့် တော့။

 


ခုဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပြည်ပကျူးကျော်စစ်တွေကို ကာကွယ်ဖို့ (ကြည်း၊ ရေ၊ လေ)တပ်မတော်အနေနဲ့ ယခုထက်ပိုပြီးခေတ်မီ လက်နက်ခဲယမ်း
များ ဖြည့်တင်းတပ်ဆင်ထားဖို့လိုအပ်ပါတယ်၊ တစ်ချို့ မျက်တောင်မွှေးတစ်ဆုံးလောက်ပဲ ကြည့်တက်တဲ့လူတွေအဖို့ကတော့ တိုင်းရင်းသားအချင်းချင်း သတ်ဖို့ဆိုပြီး ခပ်တိမ်တိမ်အတွေးအခေါ်လောက်နဲ့ မလိုအပ်ဘူးလို့ ပြောကြပါလိမ့်မယ်၊ အားလုံးသိတဲ့ အတိုင်းပဲ ဘယ်အရာမှ တရားသေ ပြောလို့မရပါဘူး၊ ခုတိုက်နေတဲ့ ဖုန်ကြားရှင်ဆိုတာက 2009 ခုနှစ်ကအပြုတ်တိုက်ခဲ့ကြတာပဲ၊ ဒီနေ့ဒီချိန်မှာ ဒီလို ပြန်ပြီး တိုက်ခိုက်လာလိမ့်မယ်လို့ ဘယ်သူမှကြိုတွေး မထားခဲ့ကြဘူးလေ၊ တိုင်းရင်းသား သူပုန်ကိုပဲဖြစ်ဖြစ် ပြည်ပကျူးကျော်စစ် အတွက်ပဲဖြစ်ဖြစ် တိုင်းပြည်ကာကွယ်ဖို့အတွက်
တပ်မတော်ကပဲ ရှေ့တန်းက မားမားမတ်မတ် အသက်ပေးပြီးတိုက်ခိုက်ကာကွယ်ကြ
ရတာပါ၊ တစ်ကယ်တမ်းဖြစ်လာပြီဟေ့ဆိုရင် ဘယ်နိုင်ငံရေးသမား၊ ဘယ်ပါတီကမှ
ဘာတစ်ခုမှ တိုင်းပြည်အတွက် တပ်မတော်အတွက် အကျိုးမပြုသလို အကူအညီလဲ
မရခဲ့ပါဘူး၊ ဒါကြောင့် တိုင်းပြည်ကိုအဓိကကာကွယ်ပေးနေတဲ့ တပ်မတော်အတွက် မဖြစ်မနေ ခေတ်မီ လက်နက်ကိရိယာတွေ ရှိနေဖို့လိုအပ်ပါတယ်၊ ဒိတ်ဒိတ်ကြဲ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်တောင် ကာကွယ်ရေးအသုံးစရိတ်အတွက် ဘတ်ဂျက်တိုးတောင်းဖို့ အိုဘားမားက လွှတ်တော်ကို ပြီးခဲ့တဲ့လက အဆိုတင်ခဲ့တာကို ဖတ်ရပါတယ် ၊ ကျွန်တော်တို့ နိုင်ငံမှာတော့ ထပ်တိုးတောင်းဖို့နေနေသာသာ ခုတောင်များလို့ဆိုပြီး လွှတ်တော်ထဲမှာရော အပြင်မှာပါဝိုင်းပြီးပြောနေကြတော့ ဘာပြောရမှန်းတောင်မသိဘူး၊ တစ်ခြားအသုံးစရိတ်တွေ လိုအပ်သလို ကာကွယ်ရေး အသုံးစရိတ်လဲ လိုအပ်ပါတယ်၊ ကာကွယ်ရေးအသုံးစရိတ်ပိုရလို့လဲ ကျွန်တော်
တစ်ပြားမှ မရပါဘူး၊ ဖြစ်သင့်တာကို ပြောပြယုံပါ၊ ပြည်ပကျူးကျော်စစ်ဆိုတာလဲ မဖြစ်ဘူးလို့ ဘယ်သူမှ ကြိုမပြောနိုင်ဘူး၊ အနီးစပ်ဆုံး ဘင်္ဂလားဒေရှ့်၊တရုတ် တို့ကို ဖြစ်လာခဲ့ရင် ဆိုတဲ့အတွေးနဲ့ စောင့်ကြည့်ရပါမယ့်၊ ဒီကိစ္စက မြန်မာတစ်မျိုး
သားလုံးနဲ့သက်ဆိုင်ပါတယ်၊ ပါတီတွေကလည်း ပြည်တွင်းမှာပဲ အာဏာရဖို့ နည်းမျိုးစုံသုံးပြီး နိုင်ငံရေးလုပ်နေရုံနဲ့မပြီးသလို ကျောင်းသားတွေကလဲ အဆင့်မြင့်ပညာ
တွေချည်းပဲသင်ကြားနေလို့ မရပါဘူး၊ တစ်ကယ်ဖြစ်လာရင် အားလုံးမှာတာဝန်ရှိပါ
တယ်၊ တိုင်းပြည်ကာကွယ်ဖို့က တပ်မတော်သားတွေရဲ့တာဝန်ပဲလို့တော့ တရားသေ
တွက်မထားလိုက်ကြပါနဲ့၊ စစ်မှုမထမ်းမနေရဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေကို 4-11-2010ရက်နေ့မှာ ဥပဒေအမှတ်၊ 27/2010 ၊ 28/2010 ဆိုပြီးပြဋ္ဌာန်းပြီးသားပါ၊ သမ္မတက မလိုအပ်သေးလို့အသက်မသွင်းသေးတာပဲရှိတယ်၊ အသက်သွင်းလိုက်ပြီ ဆိုတဲ့အခါကျရင် အမျိုးသား 18 ကနေ 35၊ ပညာရှင်ဆိုရင် 18 ကနေ 45ထိ၊ အမျိုးသမီး 18 ကနေ 27 ၊ပညာရှင်ဆိုရင်18 မှ 35 ထိ၊ သာမန်လူတွေအတွက် စစ်မှုထမ်းသက် 2 နှစ်ဆိုပေမယ့် ပညာရှင်တွေကတော့ 3 နှစ်ထိ၊ အရေးပေါ်အခြေအနေဆိုရင်တော့ မည်သူမဆို 5 နှစ်ပဲ၊ စစ်မှုထမ်းဖို့ဆင့်ခေါ်စာပို့ပြီဆိုရင် လူကိုယ်တိုင်မတွေ့ဘူးဆိုရင် မိသားစုဝင်တစ်ဦးဦးထံ သက်သေတစ်ဦးရှေ့မှာပေးမှာဖြစ်ပြီး၊ ဆင့်ခေါ်တဲ့အချိန် (ဆေးစစ်၊မှတ်ပုံတင်၊စစ်မှုထမ်း)မှာ ပျက်ကွက်လျှင်ဖြစ်ဖြစ်၊အကြောင်းအရာ တစ်ခုခုကို လိမ်လည်ရေးသားတာပဲဖြစ်ဖြစ်ထောင်ဒဏ်(၃)နှစ် ကျခံရမယ်လို့ ဥပဒေပုဒ်မ ၂၃ မှာ ပြဌာန်းထားပြီးသား၊ နောက်ပြီးစစ်မှုထမ်းရန် ရှောင်လွှဲချင်လို့ ရောဂါရှိဟန်ဆောင်တာ၊ ရောဂါပိုဆိုးလာအောင်လုပ်တာနဲ့၊ အနာတရဖြစ်အောင်လုပ်လျှင် ထောင်ဒဏ် ၅ နှစ်၊ အားပေးကူညီသူ အရပ်သား ၁ နှစ်၊ ၀န်ထမ်းဆို ၃ နှစ်ပြီး ပုဒ်မ ၂၄မှာ ပြဌာန်း ထားပါတယ်၊ ထောင်ပဲ အကျခံမယ်လို့တော့ မတွေးလိုက်နဲ့ အဲဒီပြစ်ဒဏ်ခံပြီးရင်လဲ စစ်မှုထမ်းဆောင်ဖို့ သတင်းပို့ရမှာပဲ၊ အရန်တပ်ဖွဲ့ ဥပဒေပုဒ်မ ၂ အရ စစ်မှုထမ်း (ငြိမ်း)တွေလဲ အဲဒီအချိန်ကျရင် နောက်ဆုံးထွက်ခဲ့တဲ့ ရာထူးဝတ်စုံနဲ့ တပ်မတော် ဦးစီးချုပ်ရဲ့အမိန့်နဲ့ပြည်လည်ဆင့်ခေါ်ပြီး စစ်မှုထမ်းဆောင်ရမှာပါ၊ စစ်မှုထမ်းအားလုံး 1959 အက်ဥပေဒကို လိုက်နာကြရမှာဖြစ်ပြီး အဆင့်လိုက်လစာ/ စားရိတ် ခံစားခွင့် ရရှိမည်ဖြစ်သလို ကျဆုံးခဲ့လျှင်လည်း တပ်မတော်က သတ်မှတ်ထားတဲ့ ခံစားခွင့်များ အတိုင်းခံစားခွင့်ရရှိပါမယ်၊ ဘယ်သူတွေ ကင်းလွတ်မလဲဆိုတော့ သာသနာ့ဝန်ထမ်း
(မည့်သည့်ဘာသာမဆို) ၊အိမ်ထောင်သည် /သားသမီးရှိသော အိမ်ထောင်ပျက်
အမျိုးသမီး၊ ဆေးစစ်ချက်များအရ မသင့်လျော်သူများ၊ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုမှ
သီးခြားအမိန့်ထုတ်ပြန်ကင်းလွတ်ခွင့်ပြု သူများ၊ နောက်ပြီး (ယာယီဆေးအဆင့်နိမ့်
သူများ၊ နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ
မရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ကုသမှုခံယူနေသူများ၊
ထောင်ဒဏ်ကျခံနေသူများ) ကတော့ ယာယီကင်းလွတ်ခွင့်တော့ရပါလိမ့်မယ်၊ ဒါပေမယ့်
အသက်ကန့်သတ်ချက်ကျော်သွားရင်တော့ ကင်းလွတ်ခွင့်မပြုဘူးလို့ သိရပါတယ်၊
သာသာနာ့ဝန်ထမ်းတွေ ကင်းလွတ်ခွင့်ရမယ်ဆိုပြီး အဲဒီအချိန်ကျမှ (ဘုန်းကြီး၊ မယ်သီလရှင်)ထ၀တ်မယ့်သူတွေ အများကြီးရှိနေမလားတော့မသိဘူး၊ အခု တပ်မတော်သားတွေ စစ်တိုက်လို့ သေတာမဆန်းပါဘူးလို့ပြောနေတဲ့သူတွေ၊ စစ်ခွေးလို့ခေါ်နေကြတဲ့သူတွေ တစ်ကယ်လို့ အဒီလိုအခြေအနေမျိုးရောက်လာခဲ့ရင် ခံနိုင်ရည်ရှိအောင်သာ ကြိုးစားထားကြပါ၊ အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းပေါ့ ၊ နောက်ပြီး နယ်စပ်တွေမှာ တာဝန်ထန်းဆောင်နေကြတဲ့ တပ်မတော်သားတွေ အတွက် တစ်ခြားအစိုးရ၀န်ထမ်းတွေလိုလစာ 2 ဆ ပေးသင့်တယ်လို့ထင်ပါတယ်၊ ဒါပေမယ့် လွှတ်တော်မှာဆွေးနွေးကြတာတော့ ပေးဖို့အစီအစဉ်မရှိဘူးဆိုပဲ၊ နယ်စပ်ကတပ်မတော်သားတွေအတွက် အဲဒီအစီအစဉ်လေး ဖြစ်မြောက်စေချင်ပါတယ်၊ ခံစားခွင့်အပြည့်နဲ့ ဘေးကင်းလုံခြုံစွာ (အိပ်ငိုက်နေကြတဲ့)လွှတ်တော် အမတ် တွေတောင် လစာ10 သိန်း ရတာလေ၊ တပ်မတော်ကြီးနဲ့ တပ်မတော်သား
တွေအပေါ် ပြည်သူတွေဘက် အမှန်တွေမြင်ပြီး အမြင်တွေမှန်လာလို့ ၀မ်းသာပါတယ်၊
လက်တစ်ဆုပ်စာလောက် အာဏာရှင်ကြီးတွေရဲ့ စရိုက်ဆိုးတွေကြောင့် တပ်မတော်
တစ်ခုလုံးနဲ့ တပ်မတော်သားအားလုံးကို မုန်းတီးနေကြမယ်ဆိုရင် ကိုယ့်ကိုလိပ်ပြာ
မလုံသလိုခံစားနေကြရပါလိမ့်မယ်၊ ဒါပေမယ့် တစ်ချို့ တစ်ချို့သော လူတွေကတော့
လမင်းကြီးကို ခွေးဟောင်နေသလိုမျိုး ဟောင်မြဲဟောင်နေကြမှာ၊ လမင်းကြီးနဲ့တူတဲ့
တပ်မတော်နဲ့တပ်မတော်သားတွေကတော့ ဘယ်သူတွေဘယ်လိုပဲဟောင်ဟောင် လမင်းကြီးလိုပဲ တိုင်းပြည်နဲ့လူမျိုးအတွက် အမြဲထာဝရ အေးချမ်းမှု ငြိမ်းချမ်းမှုတွေကို ဆောင်ကြဉ်းပေးနေမှာပါ။

တပ်မတော်သားအပေါင်းကို လေးစားဂုဏ်ယူ အလေးပြုလျက်

Thursday, February 19, 2015

အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ငွေစတင်ကြပ်



အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ငွေစတင်ကြပ်
=======================================
ရန်ကုန်မြို့ကောင်းကင်တွင် မီးခိုးလည်းမထွက်၊ ဖုန်လည်းမတွေ့ရခြင်းက စီးပွားရေးတိုးတက်မှုမှာ ယုံကြည်စရာမရှိကြောင်း မြန်မာနိုင်ငံ၏ နာမည်ကျော်သူဌေးတစ်ဦးဖြစ်သူ ဦးတေဇက သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ မီးခိုးများကို တွေ့မြင်ရခြင်းသည် စက်ရုံအလုပ်ရုံများစွာပေါ်လာသည့် သင်္ကေတဖြစ်ပြီး လမ်းမများတွင် ဖုန်တထောင်းထောင်း ထနေခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများ အပြိုင်အဆိုင်လုပ်ကိုင်မှု၏ သင်္ကေတဖြစ်ကြောင်း ၎င်းက သတင်းထောက်များအား လွန်ခဲ့သော ဇန်န၀ါရီ ၁၉ ရက် ညနေက ရှင်းပြသည်။
၂၀၁၅ သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်ရှိနေခြင်း၊ ဆန္ဒပြပွဲများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် စောင့်ကြည့်နေသည့်အချိန်ဖြစ်နေခြင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် ကစားနေသော တရုတ်နိုင်ငံမှ ငွေများထိန်းချုပ်ခံရခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ငွေကြေးကျပ်တည်းမှုများနှင့် ကြုံတွေ့လာသည်။
ငွေကြေးလည်ပတ်မှု နှေးကွေးလာခြင်းသည် အခြားသော စီးပွားရေးလုပ်ငန်းများထက် ဆောက်လုပ်ရေးလုပ်ငန်းများပေါ်တွင် သိသာစွာရိုက်ခတ်လာသည်။
‘‘ငွေဖြူ၊ ငွေမည်းပြဿနာက စီးပွားရေးတစ်ခုလုံးကို ထိုင်းမှိုင်းစေတယ်’’ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်ကပြောသည်။
၂၀၁၄ နှစ်ကုန်တွင် တရုတ်အစိုးရက တရုတ်နိုင်ငံ၌ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ချိတ်ဆက်နေသော ဘဏ်စာရင်းများစွာကိုပိတ်ပစ်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစီမံကိန်းကြောင့် ၂၀၁၄မှ စတင်ကာ ကျောက်စိမ်းအရောင်းအ၀ယ်မှာ အေးစက်သွားသည်။ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် ငွေလည်ပတ်မှုနှေးကွေးသွားပြီး အရောင်းအ၀ယ်များအေး၍ ဈေးနှုန်းပါကျဆင်းလာသည်။
အိမ်ခြံမြေဈေးကွက်နှင့် ဆက်စပ်၍ တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ငွေကြေးကျပ်တည်းမှုဖြစ်လာသည်။ တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ငွေကြေးအရင်းအနှီးလိုအပ်ခြင်း၊ အခန်းကြိုတင်ဝယ်ယူထားသူများမှာလည်း အရောင်းအ၀ယ်အေး၍ ငွေလည်ပတ်မှုနှေးသွားပြီဖြစ်သည်။
‘‘ကန်ထရိုက်တချို့ဆို စာချုပ်ချုပ်ခါနီးမှ ငွေမရှိလို့စာချုပ် မချုပ်ဖြစ်တာတွေအများကြီးဖြစ်လာပြီ’’ဟု အကယ်ဒမီဆောက်လုပ်ရေးမှ လုပ်ငန်းရှင်ဦးမြင့်ကြိုင်က သူ၏အမြင်ကို ပြောကြားသည်။
ယခင်စစ်အစိုးရလက်ထက်မှစတင်၍ အရောင်းအ၀ယ်ကောင်းပြီိး ဈေးတက်ခဲ့သော အိမ်ခြံမြေဈေးကွက်မှာ အစိုးရသစ်သက်တမ်း နောက်ဆုံးနှစ်မရောက်မီထိ ဆက်တိုက်အလုပ်ကောင်းခဲ့သည်။ သို့သော် ယခုလပိုင်းအတွင်း အိမ်ခြံမြေဈေးကွက်ငွေလည်ပတ်မှု နှေးကွေးလာခြင်းကြောင့် အိမ်ခြံမြေကစားသူအချို့သည် ဘဏ်၌ အပေါင်ထားငွေချေးပြီး ထပ်မံရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြသည်။ အိမ်ခြံမြေဈေးကွက်ပြိုဆင်းပါက ဘဏ်များထိခိုက်နိုင်မည်ကို စီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေသည်။ အကြောင်းမှာ အိမ်ခြံမြေဈေးကစားသူ အများစုသည် ဘဏ်တွင် အိမ်မြေကိုအပေါင်ထားပြီး ငွေချေးနေကြ၍ဖြစ်သည်။
အိမ်ခြံမြေဈေးကွက်ပြိုလဲသည်အထိ ဖြစ်လာပါက တိုင်းပြည်စီးပွားရေး ထိခိုက်လာနိုင်သည်။ ၂၀၀၈ အမေရိကန်အိမ်ခြံမြေဈေးကွက်ပြိုလဲမှုကြောင့် နိုင်ငံအတွင်းမှ ဘဏ်ကြီးများဒေ၀ါလီခံခဲ့ရပြီး ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်ခဲ့သည်။ အမေရိကန်အစိုးရက ကြားဝင်ထိန်းပေးသော်လည်း ယနေ့ထိ ကောင်းစွာနာလန်မထူနိုင်သေးပေ။ ယင်းကြောင့် တရုတ်နိုင်ငံမှောင်ခိုငွေများဝင်ရောက်မှု တုံ့နှေးသွားချိန်တွင် အိမ်ခြံမြေဈေးပြိုနိုင်သည်ကို သတိပြုရန်လိုနေသည်။
တရုတ်နိုင်ငံမှ ငွေကြေးစီးဆင်းမှုသည် အိမ်ခြံမြေဈေးကွက်တစ်ခုသာမက အခြားသောကဏ္ဍများသို့လည်း စီးဆင်းသောကြောင့် အကျိုးသက်ရောက်မှုရှိကြောင်း စီးပွားရေးသမားများက ပြောနေကြသည်။ နှစ်နိုင်ငံကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေးက ပိုများနေပြီး တရားမ၀င်ဟွန်ဒီမှ ငွေလွှဲမှုများမှာလည်း တရုတ်နိုင်ငံမှ ၀င်ရောက်မှုမှာ အများဆုံးဖြစ်နေကြောင်း ငွေလွဲဝန်ဆောင်မှုလုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။ လက်ရှိ တရုတ်နိုင်ငံမှ တရားမ၀င် ငွေဝင်ရောက်မှုများမှာ များစွာလျော့နည်းသွားသည်။ ၂၀၁၄ နှစ်လယ်အထိ တရုတ်နိုင်ငံမှ ဟွန်ဒီဖြင့် တရားမ၀င်ငွေလွှဲမှုမှာ တစ်ရက်လျှင် ကန်ဒေါ်လာတစ်သန်းမှ နှစ်သန်းကြားရှိခဲ့ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
‘‘နိုင်ငံခြားငွေဝင်လာရင် ပြည်တွင်းမှာ ငွေကျပ်မှာပဲ။ ငွေလည်ပတ်မှုကျပ်ရင်တော့ စီးပွားရေးယိမ်းယိုင်သွားမှာ စိုးရိမ်ရတယ်’’ဟု ကမ္ဘောဇဘဏ်အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောသည်။
နိုင်ငံခြားမှ တရားမ၀င်ငွေကြေးများ၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးများ ၀င်ရောက်လာလျှင်လည်း ပြည်တွင်း၌ ကျပ်ငွေဖြင့် ပြန်လည်လဲလှယ်အသုံးပြုရသောကြောင့် ငွေကျပ်မှုများဖြစ်ပွားနိုင်သည်။ သို့သော် မြန်မာနိုင်ငံ၏ အခြေအနေသည် ယင်းသို့မဟုတ်ဘဲ နိုင်ငံခြားငွေဈေးတက်ချိန်တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ဈေးကွက်တွင်းထည့်၍ ကျပ်ငွေပြန်သိမ်းယူသည့်ပုံစံမျိုး ပြုလုပ်ခြင်းကလည်း လှည့်လည်သုံးစွဲနေသော ငွေကြေးနည်းသွားစေကြောင်း ၎င်းကပြောကြားသည်။
ငွေကြေးကျပ်တည်းမှုသည် နိုင်ငံသားများသာမက အစိုးရမှာလည်း ကြုံတွေ့နေရသည်။ နိုင်ငံတော်ဘတ်ဂျက်တွင် လိုငွေကြီးမားနေခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ရုတ်တရက်လစာတိုးပေးရခြင်း၊ အစိုးရ၀န်ထမ်းများကို လစာတိုးပေးရန်ရှိနေခြင်း၊ နိုင်ငံတော်၏ စီးပွားရေးတစ်ခုဖြစ်သော ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ဈေးနှုန်းကျဆင်းခြင်းကြောင့် ၀င်ငွေနည်းခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများမှ ရငွေနည်းပါးခြင်းစသော အခက်အခဲများ ရှိနေကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က အတိအလင်းပြောကြားထားသည်။
အစိုးရက လိုအပ်နေသော ငွေများရရှိရန် ပြည်သူများထံမှ ငွေချေးသောစနစ်တစ်ခုဖြစ်သည့် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် အများပြည်သူအားရောင်းချလာခြင်း၊ အခွန်ငွေများစွာကို ဖန်တီးကောက်ယူလာခြင်းတို့ ပြုလုပ်လာသည်။
ထို့အပြင် အစိုးရ၏ အခွန်အကောက်များ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာမှုသည် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာသည်ဟု လုပ်ငန်းရှင်များကဆိုသည်။ အစိုးရအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ ကူညီပံ့ပိုးမှုမပေးဘဲ အခွန်တိုးကောက်ကာဖိစီးမှုသာ များစေသည်ဟုဆိုသည်။ လုပ်ငန်းအမြတ်ငွေမှာ တစ်နှစ်ထက်တစ်နှစ် မတက်လာသော်လည်း အခွန်ပေးဆောင်ရသည့် ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် များလာသဖြင့် ငွေကြေးကျပ်တည်းမှုများ ကြုံလာသည်။ လုပ်ငန်းတစ်ခုကို နှစ်စဉ်မတိုးချဲ့နိုင်သော်လည်း အခွန်နှုန်းထားများမှာ တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်းခန့် ပိုပေးနေရကြောင်း လှိုင်သာယာစက်မှုဇုန်(၁)မှ ကြာဆံလုပ်ငန်းရှင်တစ်ဦးက သူ၏အခက်အခဲကို ပြောလာသည်။
‘‘အခုအခက်အခဲက အေအီးစီ (အာဆီယံလွတ်လပ်စွာကုန်သွယ်မှုနယ်မြေ) ထူထောင်မှုကို မြန်မာစ၀င်ရင် ဒီကလူတွေ ပိုင်ဆိုင်မှုတွေစွန့်ရမှာပဲ။ ဈေးကွက်မရှိ၊ နည်းပညာမရှိ၊ အရင်းအနှီးနည်းပြီး အခွန်မျိုးစုံနဲ့ ဖိထားတော့ ရုန်းထဖို့မလွယ်ဘူး’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောကြားသည်။
လူအများဘဏ်ကို ယုံကြည်မှုတိုးတက်လာသကဲ့သို့ ပုဂ္ဂလိကဘဏ်များဘက်ကလည်း အပ်ငွေအပေါ် အတိုးနှုန်းကို အပြိုင်အဆိုင် မြှင့်တင်လာသည်။ နိုင်ငံတစ်ခုတွင် ငွေကြေးဖောင်းပွပါက ဘဏ်တိုးနှုန်းမြှင့်ပေးပြီး ငွေစုရန်တွန်းအားပေးသောနည်းကို အသုံးပြုကြသည်။ ယင်းမှာ စီးပွားရေးပညာအရ ငွေကြေးဖောင်းပွဲမှုကို ထိန်းချုပ်သော သီအိုရီတစ်ခုဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ၂၀၁၄ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှသာ ပြည်တွင်း၌ စတင်ခံစားလာရသည်။ ယင်းအချိန်မတိုင်မီက ဘဏ်အပ်ငွေအတိုးနှုန်းများကိုမြှင့်ခဲ့သဖြင့် ဘဏ်တွင်သာ ငွေများသွားစုနေသောကြောင့် ငွေလည်ပတ်စီးဆင်းမှု နှေးကွေးရခြင်းအကြောင်းရင်းတစ်ခု ဖြစ်လာသည်။
ငွေကြေးကျပ်တည်းမှုသည် စီးပွားရေးဖွံ့ဖြိုးမှုကို ဆွဲထားသော အကန့််အသတ်အတားအဆီးတစ်ခု ဖြစ်သောကြောင့် ယင်းကိုအစိုးရ၏ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ဖြေလျှော့ရန် စဉ်းစားဆောင်ရွက်သင့်ကြောင်း ဦးသန်းလွင်က အကြံပြုသည်။ ငွေကြေးကျပ်တည်းမှုကြောင့် ၀ယ်နိုင်အား လျော့နည်းပြီး ထုတ်ကုန်များ ဈေးလျှော့ရောင်းရမှုများဖြစ်လာပြီး ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းကာ ငွေကြေးဖောင်းပွမှု လျော့နည်းသွားနိုင်ကြောင်း ပညာရှင်များက ပြောသည်။
‘‘ဒါက အစိုးရက လုပ်တာပဲလေ။ လစာတိုးရင်ကုန်ဈေးနှုန်းတက်မှာစိုးလို့ ထိန်းတဲ့ပုံစံမျိုးပဲ’’ဟု စီးပွားရေးပညာရှင်ဦးလှမောင်ကမူ သူ့အမြင်ကိုပြောသည်။
နိုင်ငံတော်အစိုးရသည် ၂၀၁၅ ဧပြီတွင် လွှတ်တော်ကိုယ်စားလှယ်များအား လစာတိုးပေးရန်ရှိနေပြီး၊ ၀န်ထမ်းများအား လစာတိုးပေးရန် စီစဉ်နေသည်။ သို့သော် လစာတိုးပေးလျင် ကျွဲကူးရေပါသကဲ့သို့ ကုန်ဈေးနှုန်းလည်း အမြဲမြင့်တက်လေ့ရှိသည်။ ယခုနှစ်တွင် ယင်းဖြစ်စဉ်ကိုထိန်းရန် အစိုးရက လက်ရှိအချိန်တွင် ငွေကြေးကျပ်တည်းမှုကို ပြုလုပ်ခြင်းဟု ဦးလှမောင်က သုံးသပ်သည်။ လက်ရှိ ငွေကြေးကျပ်တည်းမှုသည် ၀န်ထမ်းများ လစာတိုးပြီးချိန်တွင် တစ်စိတ်တစ်ပိုင်း ပြေလည်သွားနိုင်ကြောင်း ၎င်းကပြောလာသည်။
ငွေကြေးလည်ပတ်စီးဆင်းမှုနှေးကွေးပြီး ငွေကျပ်တည်းမှုဖြစ်ရခြင်းကို ဖြေရှင်းမှုသည် ဗဟိုဘဏ်က ဦးဆောင်ပြီး ပြည်တွင်းမှ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။ ငွေကြေးကျပ်တည်းမှုကို လေ့လာရာတွင်လည်း ရေရှည်ကြုံတွေ့နေရခြင်းမျိုးလား၊ ရေတိုပဲကြုံတွေ့နိုင်မည့်အခြေအနေမျိုးလား ဆိုသည့်အချက်ကို သတိထားသင့်ကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရင်းတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာသော်လည်း လုပ်ငန်းအကောင်အထည်ဖော်မှုမှာ နှေးကွေးနေသည်။
၂၀၁၅ သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ကြီးမားသောစမ်းသပ်မှုကြီးဖြစ်သည့် ရွေးကောက်ပွဲကြီးရှိနေသည်။
လက်ရှိအချိန်တွင် ပြည်တွင်း ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များက ယင်းရွေးကောက်ပွဲကို စောင့်ကြည့်နေရသဖြင့် စီးပွားရေးတုံ့နှေးသော နှစ်တစ်နှစ်ဖြစ်နေသည်။
By ပြည်သိမ်း မိုးညို
7 Day Daily News

ကြက်ခြေနီယာဉ်တန်းကို ၄င်းတို့ပစ်ခတ်ခြင်းမရှိဟု

ကြက်ခြေနီယာဉ်တန်းကို ၄င်းတို့ပစ်ခတ်ခြင်းမရှိဟု MNDAA မှ ဦးထွန်းမြတ်လင်းက ငြင်းဆို..
ပစ်ခတ်မှုဖြစ်ပွားရာ ချင်းရွှေဟော်နှင့်လောက်ကိုင်ကြားမှာ အစိုးရတပ်များ ထိန်းချုပ်ထားသောနေရာဖြစ် ဟုဆို..
------------------------------------------------------------
ကြက်ခြေနီကယ်ဆယ်ရေးယာဉ်တန်း ပစ်ခတ်ခံရမှုများသည် ကိုးကန့်တပ်ဖွဲ့၏ပစ်ခတ်မှုများ
ဖြစ်သည်ဟု စွပ်စွဲမှုများရှိနေပြီး ကိုးကန့်အဖွဲ့ကမူ
ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခြင်းမရှိဟု ငြင်းဆိုလိုက်သည်...။

ကိုးကန့်တပ်ဖွဲ့MNDAA မှအထွေထွေအတွင်းရေးမှုး
ဦးထွန်းမြတ်လင်းက "ကြက်ခြေနီယာဉ်တန်းကို ကျွန်တော်တို့အဖွဲ့က ပစ်တယ်ဆိုပြီးပြောတာ စဉ်းစားစရာပါဘဲ။ ချင်းရွှေဟော်နဲ့လောက်ကိုင်ကြားက
အစိုးရတပ်ထိန်းချုပ်တဲ့နေရာပါ။ တိုက်ပွဲကြောင့် အပစ်မဲ့ ပြည်သူတွေသေဆုံးတာ ၁၀၀ ကျော်လောက်
ရှိပါမယ်" ဟုဆိုသည်။
The Irrawaddy (18/2/15)

ကိုးကန့်တိုက်ပွဲနဲ့ မြစ်ဆုံစီမံကိန်း

ကိုးကန့်တိုက်ပွဲနဲ့ မြစ်ဆုံစီမံကိန်း ဆက်စပ်မှုရှိနိုင်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြောကြား
===============================
2015-02-17  (Credit  Our Hero Facebook)
-
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ဒီပြသနာရဲ့ နောက်ကွယ်မှာ လက်ပံတောင်းတောင် ၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေအပေါ် မကြေနပ်မှုပယောဂတွေ ပါဝင်နိုင်တယ်
လို့ RFA က ဗုဒ္ဓဟူးနေ့ မနက် ဆက်သွယ်မေးမြန်း ခဲ့ရာမှာ ဦးတင်ဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။
"မြှောက်ပြုပေးတဲ့ဟာပါတယ်ပေါ့၊ လက်ပံတောင်း ကိစ္စတို့ ဘာတို့ကလည်း ရှိတာတစ်မျိုး နောက်မြစ်ဆုံ တို့ ဘာတို့က ဖြစ်တာတွေကကတစ်မျိုး အဲဒီ့ဟာတွေရှိတဲ့အခါကျတော့ ဒါတစ်နေရာမှာ အခြေအနေ မတည်မငြိမ်အောင်များ အမှန်ကတော့ ဗျာ ပြေလည်နေလို့ရှိရင်တော့ သူတို့မွေးထားတဲ့ သူတွေကို ငြိမ်စေပေါ့နော်၊ နည်းနည်းပါးပါး သူတို့ဘက်က ဟိုဒင်းဖြစ်လာတယ်ထင် လာရင်တော့ အဲဒီ့မွေးထားတဲ့သူတွေကို အဲဒီ့မွေးထားတဲ့အတိုင်းပဲ ဒုက္ခပေးတတ်တာ ကတော့ သတိထားနေရတာပဲ"
သူ့ရဲ့စစ်ရေးအတွေ့အကြုံအရ အဲဒီ့ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို မြန်မာ့တပ်မတော်အနေနဲ့ ယုံကြည်စိတ်ချလို့ မရနိုင်ဘူးလို့လည်း ဦးတင်ဦးကပြောပါတယ်။
ဒီအတောအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖေါ်ဝါရီလ ၁၇ ရက် မနေ့က နေ့စွဲနဲ့ အမိန့် ၂ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ပထမကြေညာချက်မှာ ကိုးကန့်ဒေသကို အုပ်ချုပ်ဖို့အတွက် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ နဲ့ မလုံလောက်တဲ့အတွက် မနေ့ကစပြီး ရက်ပေါင်း ၉ဝ အတည်ဖြစ်မယ့် အရေးပေါ် အခြေအနေကို ကြေညာလိုက်ကြေင်း ဖေါ်ပြထားပြီး ဒုတိယအမိန့်မှာတော့ ကိုးကန့်ဒေသအုပ်ချုပ်ရေးအတွက် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေ အပ်နှင်းလိုက်ကြောင်း ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်မှာ ရှိတဲ့ ဒေသကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ကိုးကန့်ဒေသအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ လွှဲအပ်လိုက်ကြောင် ကြေညာခဲ့ပါတယ်။
ဒီအတောအတွင်း လောက်ကိုင်ဒေသက ထွက်ပြေးလာတဲ့ ဟန်တရုတ်လူမျိုး ငါးသောင်းကို ယူနန်အာဏာပိုင်တွေက ကူညီစောင့်ရှောက်ထားကြောင်းနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဦးထွန်းမြတ်လင်းက သူတို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားပေမဲ့ တိုင်းပြည်ပြိုကွဲမှာကိုတော့ မဖြစ်စေချင်ပါဘူးလို့ ပြောဆိုကြောင်း ဒီကနေ့ထုတ်ဝေတဲ့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ရန်ကုန်ကလာတဲ့ တခြားသတင်းတစ်ပုဒ်မှာတော့ လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို သွားရောက်ကယ်ဆယ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ မော်တော်ယဉ်တန်းကို မနေ့မနက်က လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြား တိုက်ခိုက်ခံရလို့ လူ ၂ ဦး ဒဏ်ရာရကြောင်း ဖေါ်ပြထားပါတယ်။ ကိုးကန့်အဖွဲ့က တိုက်ခိုက်တယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
=======
RFA

Friday, February 13, 2015

အကျိုးဆက်ကိုကြည့်တတ်မှ

အကျိုးဆက်ကိုကြည့်တတ်မှ
==============
(၁)
တိုက်ပွဲတွေဖြစ်တယ်၊
တပ်မတော်ဆိုတာ ဘာလဲ..
ဆိုတဲ့အနေအထားကို
ပြည်သူကို ပြသချင်ကြတယ်..၊
ဒါပေမဲ့ ဖြစ်တဲ့တိုက်ပွဲက..
တရုတ် Backup ယူထားတဲ့ .
လက်နက်ကိုင်အဖွဲ့တွေဖြစ်နေတယ်၊
အဲဒီတော့...
တိုက်ပွဲသာဖြစ်နေကြတယ်..
တရုတ်ကျောထောက်နောက်ခံပြုထားတဲ့
ကိစ္စကို ကျ.. ပွင့်လင်းစွာမထုတ်ဖေါ်ရဲဘူး၊
တရုတ်ကို အခုထိ အရိုးထဲကစိမ့်ကြောက်တုန်း၊
တရုတ်မြေထဲမှာ လွပ်လပ်စွာခြေကုတ်ယူပြီး
လောက်ကိုင်ဒေသအထိ လွပ်လပ်စွာဝင်ရောက်
တိုက်ခိုက် နိုင်တယ်ဆိုတဲ့ အနေအထားကိုပဲ..
တစ်ချက် သုံသပ်ကြည့်၊
တစ်ယောက်စ နှစ်ယောက်စလဲမဟုတ်
ထောင်ချီတယ်ဆိုတဲ့အနေအထား...၊
တရုတ်ကိုကြောက်ပုံများ..
လွပ်လပ်သွားပြီးဖြစ်တဲ့..
ထိုင်ဝမ်နိုင်ငံကို..
တရုတ်ကအသိအမှတ်မပြုတာနဲ့ကို
မြန်မာဖွတ်အစိုးရကပါလိုက်ပြီး..
ထိုင်ဝမ်..လို့မသုံးနှုန်းရဲပဲ..၊
တရုတ်(ထိုင်ပေ)လို့ပဲ ခေါ်ရတဲ့အနေအထားလေ..၊
ဒါ..ဥပမာတစ်ခုပဲရှိသေးတယ်၊
တရုတ်နိုင်ငံဟာ ကမ္ဘာမှာ..
သူ့ကိုယ်ကြိုးကလွဲရင် ဘာကိုမှမကြည့်ပဲ.
ဆက်ဆံရေးဆိုးဝါးပြီး လောဘကြီးတဲ့နိုင်ငံဆိုတာကို
အားလုံးအသိပဲ..၊
-----------------
(၂)
အပွင့်လင်းဆုံးပြောရရင်
ကိုးကန့် ၊ ၀... ဆိုတာနဲ့ကို..
ပြည်သူတွေရဲ့ စိတ်ထဲမှာ..
ဦးခင်ညွန့် ကို ပြေးမြင်ကြတယ်၊
ဒီအဖွဲ့တွေ သေနတ်တကားကားနဲ့
၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ..
မြန်မာပြည်အထက်ပိုင်းမြို့တွေနဲ့..
မန္တလေးအထိ ဆောင့်ကြွားကြွား..
သွားလာနေတာကို..ပြည်သူတွေ
မမေ့နိုင်သေးဘူး....
ပြဿနာဖြစ်တိုင်းလဲ..
ထောက်လှမ်းရေးနဲ့ကိုင်ပေါက်တတ်တာ
ခင်ညွန့် နဲ့ကိုင်ပေါက်တတ်တာတွေကလဲ
ခါးသီးတဲ့သမိုင်းတစ်ခုပဲ..
မန္တလေးအထိ ဘိန်းခန်းတွေလာဖွင့်ခဲ့တာတွေ
သမိုင်းမာ ကျန်သေးတယ်...၊
မမြင်ချင်မှအဆုံး...
ဘဘတွေနဲ့ မပတ်သက်ပါဘူးလို့ဘယ်လောက်ပဲ...
အာပေါင်အာရင်းသန်သန်နဲ့ ငြင်းနေပါစေ..
ဘာမှ ဖုံးလို့မရဘူး..၊
လက်နက်မစွန့်တဲ့ ငြိမ်းချမ်းရေးအတုနဲ့
ပြည်သူကို နားလှည့်ပါးရိုက်လုပ်၊
ဘိန်းရောင်းရငွေတွေကို...
ငွေဖြူငွေမဲ ခ၀ါချပြီး...
ပြည်တွင်းစီးပွားရေးလုပ်ကိုင်ခွင့်တွေကို
ကိုယ့် အမျိုးတွေထက်ပိုတဲ့စေတနာတွေနဲ့ချပေးတယ်၊
မြန်မာနိုင်ငံထဲမှာရှိတဲ့..
ကိုးကန့်နဲ့ ၀ ထိပ်ပိုင်းက တရုတ်တွေရဲ့
စီးပွားရေးအရင်းမြစ်တွေကိုပဲ..
စာရင်းပြုစုကြည့်လိုက်...
နာမည်မျိုးစုံနဲ့..နည်းမှမနည်းပဲ..
နည်းတဲ့လုပ်ငန်းတွေမဟုတ်ဘူး..
တစ်ချိန်တုန်းက..
ကချင်လူမျိုးစစ်စစ်တွေပိုင်တဲ့..
ဖါးကန့်ကျောက်စိမ်းမှော်တွေတောင်မှ
သူတို့လက်ထဲရောက်ကုန်ပြီ..
အကုန်လုံးလဲ ပြောင်ပြီ..၊
သူတို့တွေကို..
ခင်ဗျားတို့အဘတွေချပေးထားတဲ့
ပါမစ်စာရွက်တွေနဲ့ ဖို့သတ်ရင်တောင်
ခင်ဗျားတို့ သေလောက်တယ်၊
ဘဘတွေနဲ့တောင်..ရှယ်ယာတွေနဲ့
ချိတ်ဆက်ထားတာတွေအများကြီး..
-----------------------
(၃)
နောက်တစ်ခုက...
စိတ်ကြွဆေးလဲ လုပ်သေးတယ်..၊
ဘိန်းကိုလဲ မစွန့်ဘူး..၊
ဘဘတွေကလဲ ပါစင်းတေ့ခ်ျစားထားတော့
ငြိမ်ပြီး ကြည့်နေခဲ့ကြတယ်..၊
အဲဒီတုန်းက..
ကမ္ဘာ့နိုင်ငံကြီးတွေက..
ဒီကိစ္စတွေကို ဖွင့်ချရတဲ့အထိဖြစ်ခဲ့တယ်၊
အဲဒီတုန်းက...
ဘိန်းအထွက်နှုန်း..
ကြောက်ခမန်းလိလိ..
ဘိန်းထုတ်လုပ်မှု...
ကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံ
(ကိုလံဘီယာပြီးရင်)
အဲဒီပိုက်ဆံတွေနဲ့..
ပြည်တွင်းမှာ..ကုမ္မဏီတွေထောင်..
စီးပွားရေးတွေလုပ်ကြ..၊
လက်ဝါးကြီးအုပ်ကြ..၊
သယံဇာတတွေထုတ်ကြ..
ပြည်သူကိုခေါင်းပုံဖြတ်ကြနဲ့..
ဒါ သမိုင်းပဲ..
ဖင်ပိတ်ငြင်းစရာမလိုဘူး..၊
သူတို့လုပ်ခဲ့ကြတာ...၊
စီးပွားရေးပိတ်ဆို့လို့..
ဘိန်းရောင်းပြီး...
တိုင်းပြည်တည်ဆောက်ခဲ့တယ်လို့..
လာမငိုပြနဲ့..
တောက်ထုတ်မှာ..၊
--------------------------
(၄)
အခုကျတော့..
တိုက်ကြပြန်ပြီလေ..၊
စစ်သားတွေကိုပြောချင်တာက..
ခင်ဗျားတို့ကသာ..
အသေခံပြီးတိုက်နေတယ်..
ဟိုဘက်က ခေါင်းဆောင်တွေနဲ့..
ဒီဘက်ကခေါင်းဆောင်တွေနဲ့က..
အရင်တုန်းကတည်းက..
ပုလင်းတူဘူးဆို့တွေ..
--င်--ိုး ---င်--ခံ တွေဆိုတာ
ခင်ဗျားတို့ မသေမချင်းမှတ်ထားကြ..
လုပ်ချင်ရင်လွယ်လွယ်လေး..
အဲဒီတရုတ်တွေ..ပြည်တွင်းမှာ
နာမည်မျိုးစုံခံပြီး လုပ်နေတဲ့..
သူတို့နေရာတွေကို ဗုံးသွားခွဲလိုက်ရုံပဲ..၊
အလကားစတာပါ..
တော်ကြာ..
ခင်ဗျားတို့ဘဘတွေငှားထားတဲ့
အဆောက်အဦးတွေနဲ့..
ခင်ဗျားတို့ဘဘတွေ ရှယ်ယာပါတဲ့
လုပ်ငန်းတွေကိုပါ...သွားလုပ်မိမှဖြင့်..
ခင်ဗျားတို့ပါ ဘ၀ပျက်နေအုံးမယ်..၊
--------------------
(၅)
စစ်သားတွေ နားလည်ဖို့က..
ခင်ဗျားတို့အခု အသေခံတိုက်နေတဲ့
ကိုးကန့်လက်နက်ကိုင်၊
ဝလက်နက်ကိုင်ဆိုတဲ့အဖွဲ့တွေနဲ့....
ခင်ဗျားတို့အဘတွေဟာ..
ခင်ဗျားတို့တွေအခု..လော်ဘီလုပ်နေတဲ့..
ကေအင်ယူခေါင်းဆောင်တွေနဲ့..
ကာချုပ်နဲ့ ဦးသိန်းစိန်နဲ့ လုပ်သလိုမျိုး
ဖက်လှဲတကင်း လုပ်ခဲ့ကြတယ်ဆိုတာပါပဲ..၊
အမျိုးသားအကျိုးစီးပွားဆိုတာ
ဘာဆိုတာကို အဲဒီကတည်းကနားမလည်ပဲ
အိတ်ထဲထည့်ဖို့ပဲကြည့်ခဲ့တဲ့အကျိုးဆက်ဟာ
အခုတိုက်ပွဲတွေဖြစ်လာတဲ့..
အကြောင်းတရားတွေထဲကတစ်ခုဖြစ်တယ်၊
လက်တန်းဦးနှောက်နဲ့ တိုင်းပြည်ကို..
ပေါက်လွတ်ပဲစား..
အမှတ်ယူပြရုံ..
အုပ်ချုပ်လို့မရဘူးဆိုတဲ့အဖြေပါပဲ..
( Pa Yit)

Tuesday, February 3, 2015

အောင်ဆန်းမျိုးဆက်တွေက နေဝင်းမျိုးဆက်တွေကို ရှုံးနိမ့်နေတုန်း

From U Ravika's facebook



အခု ဆွေးနွေးပွဲတွေက ဟော့ ဖြစ်နေပါတယ်။ UNFC ဆွေးနွေးပွဲ၊ NCCT ဆွေးနွေးပွဲ၊ KNU ဆွေးနွေးပွဲ၊ UPWC ဆွေးနွေးပွဲ၊ ပြည်ထောင်စု Institute ဆွေးနွေးပွဲ၊ အခု ပူပူနွေးနွေး ကျောင်းသားကိုယ်စားလှယ်များနဲ့ အစိုးရဆွေးနွေးပွဲတို့ အစီအရီ ရှိနေတယ်။ စစ်မှန်တဲ့ စစ်အစိုးရလက်ထက်တုန်းက ဆွေးနွေးပွဲငတ်နေကြတဲ့ အတိုက်အခံများနဲ့ တိုင်းရင်းသားများကို ဦးအောင်မင်းက ဆွေးနွေးပွဲဝန်ကြီးလုပ်ကာ ဖြည့်ဆည်းပေးလျက် ရှိပါတယ်။ ဒါပေမဲ့ အစိုးရဟာ ဆွေးနွေးပွဲကို စေ့စပ်ညှိံနှိုင်းရေးနဲ့ မရောမိအောင် ကန့်သတ်ထားပါတယ်။
(၁) ကျောင်းသားသပိတ်ဆွေးနွေးပွဲ
အခု ဆွေးနွေးနေတဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ်များက အချက်(၁၁)ချက်အပြင် အချက်(၉)ချက်ကိစ္စလည်း ပြောလာလို့ ဒါဟာ နိုင်ငံရေးပယောဂ မကင်းဘူး၊ ရှေ့နောက်မညီဘူးလို့ ဝေဖန်သံကြားရပါတယ်။ အဲဒီလိုတိုးလာခြင်းမှာ ဆွေးနွေးပွဲရဲ့ သဘောသဘာဝ ဖြစ်တယ်။ ဆွေးနွေးဖို့ လက်ခံခြင်းမှာ ဘက်နှစ်ဖက်စလုံးက မိမိတို့ဆုပ်ကိုင်ထားတဲ့ မူဝါဒကိုယ်စီ ရှိပါလိမ့်မယ်။ ဆွေးနွေးရင်းနဲ့ အချက်တွေ လျှော့သွားတာ ရှိသလို အချက်တွေ တိုးလာတာလည်း ရှိနိုင်ပါတယ်။ Rules of the game ဆိုတာ ရှိတယ်။
လက်ရှိဆွေးနွေးပွဲဟာ အဖြေကို ရှာချင်တဲ့အနေအထားလား၊ ဆန္ဒပြပွဲအရှိန်ကို သတ်ဖို့လား အရင်သိဖို့ လိုပါ့မယ်။ ကျောင်းသားတွေက တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒပြကြတာပါ။ ပညာရေးတောင်းဆိုချက်(၁၁)ချက်ကို သဘောတူညီပေးဖို့ ဆန္ဒပြကြတာပါ။ အစိုးရကလည်း ကျောင်းသားတွေ ပေးတဲ့ ရာဇသံကို နှစ်လကြာ အံတုခဲ့ပြီးမှ အခုအချိန်မှာ ဆွေးနွေးဖို့ လက်ခံလိုက်တာဟာ အကြောင်းမဲ့ မဟုတ်လောက်ပါဘူး။ သူတို့တွက်ရေးနဲ့သူတို့ ရှိပါလိမ့်မယ်။
အလံချတဲ့ကိစ္စကို ခွင့်မလွတ်ဘူးဆိုသလို သပိတ်အဖွဲ့က ပုပ္ပါးကို ကျော်လာရင် တာဝန်မယူဘူးဆိုတဲ့ အချက်တွေကို ဆွေးနွေးလာလို့ နောက်ကြောင်းမလုံအောင် အပေါ်စီးကနေ ဆက်ဆံနေကြောင်း သိရှိနိုင်ပါတယ်။ သဘက်ခါမှာ မပြေလည်သေးတဲ့ အချက်တွေကို ဆက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲ အဝါးဝနေပြီဖြစ်တဲ့ ဦးအောင်မင်းက ဒီကိစ္စကို ကိုင်တွယ်နေတဲ့အတွက် ကျောင်းသားတွေက အင်မတန် ပါးနပ်ကြဖို့ လိုပါတယ်။ ကိုယ်တောင်းတာ မရဘဲ အစိုးရက ပေးသလိုနဲ့ ယူသွားမှ အခက်တွေ့နေမှာ စိုးရိမ်မိလို့ပါ။ အစိုးရအနေနဲ့လည်း အမျိုးသားပညာရေးမှာ အရေးပါတဲ့ ပြဿနာတွေကို မကိုင်တွယ်လိုဘဲ ဆွေးနွေးပွဲကို လုပ်ပြရုံနဲ့ ဖြစ်တည်နေတဲ့ တင်းမာမှုများကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
အရှင်းဆုံး ပြောရရင် အစိုးရကသာ ရိုးသားမှု ရှိကြရင် သပိတ်ရပ်မရပ်ဆိုတဲ့ ကိစ္စဟာ ကျောင်းသားတို့က ဆုံးဖြတ်ရမှာ ဖြစ်ပြီး အဲဒီသပိတ်ကို ခြိမ်းခြောက်မလား၊ ဖိအားပေး ရပ်စေမလားဆိုတာ အစိုးရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ သပိတ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေခဲ့ရင် သပိတ်ကို မျက်စိစပါးမွှေး စူးနေလို့ မသင့်တော်ပါဘူး။
(၂) Pyidaungsu Institute ဆွေးနွေးပွဲ
လူတွေ သတိမထားမိပေမဲ့ ဟော့ဖြစ်တဲ့ အခြားသတင်းတစ်ပုဒ် ရှိပါသေးတယ်။ အဲဒါကတော့ ချင်းမိုင်မှာ အခြေပြုတဲ့ ပြည်ထောင်စုအင်စတီကျုက KNU, UWSA, RCSS, နဲ့ MDAA လက်နက်ကိုင်အဖွဲ့ကြီး (၄)ဖွဲ့ကို ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်တယ်။ ဦးအောင်မင်းတို့ဟာ ဆန္ဒပြကျောင်းသားများကို နေပြည်တော်မှာ တွေ့တဲ့အခါ ၈၈-ကျောင်းသားခေါင်းဆောင်များကို အနားမှာ ထားသလို NCCT နဲ့ ဆွေးနွေးတဲ့အခါမှာလည်း Non-UNFC အဖွဲ့များကို နီးနီးကပ်ကပ် ထားပါတယ်။ UPWC အဖွဲ့ဟာ NCCT နဲ့ မတွေ့သေးခင် Pyidaungsu Institute ကို ခရီးတစ်ထောက် ဝင်ရောက်လေ့ရှိပါတယ်။ ဒါကို မိမိက အချိန်အတော်ကြာကြာကပဲ ဝေဖန်နေခဲ့ပါတယ်။ အခု Pyidaungsu Institute က ဟန်ညောင်ရွှေရဲ့ ယူရိုဘာမားအဖွဲ့နဲ့ ပူးပေါင်းပြီး ဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပခဲ့တယ်။ UNFC မှာ အင်အားမရှိဘဲ Non-UNFC တွေမှာပဲ အင်အားရှိကြောင်း အင်းစိန်မှာ ပြောဖူးတဲ့ ဟန်ညောင်ရွှေရဲ့ နိဒါန်းစကားအရ ပေါ်ထွက်လာတဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ။
ဒီဆွေးနွေးပွဲဟာ မကြာခင်က RCSS ဥက္ကဋ္ဌ ပြောခဲ့တဲ့ စကား၊ KNU ဥက္ကဋ္ဌ ပြောခဲ့တဲ့ စကားတို့ကို ရောင်ပြန်ဟပ်စေတဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ။ အပစ်ကို ရပ်ချင်တယ်၊ အပစ်ကို ရပ်နိုင်မှ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်နိုင်ရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိမှ လိုချင်တာ တောင်းလို့ ရမယ်လို့ အထူးယုံကြည်လျက် ရှိနေကြပါတယ်။ ဒီအဖွဲ့တွေက သွေးမထွက်တဲ့ တော်လှန်ရေးကို ဆင်နွှဲလိုကြကြောင်း လူသိရှင်ကြား ပြောနေပါတယ်။ အပစ်ရပ်မှာ မိမိတို့ လိုချင်တဲ့အချက်တွေကို တောင်းလို့ မရရင် နိုင်ငံရေးဆွေးနွေးပွဲမှာ တောင်းလို့ ရနိုင်မလားဆိုတာ မိကျောင်းမင်းတွေကို ရေခင်းပြနေဖို့ မလိုပါဘူးထင်ပါတယ်။ အထူးသဖြင့် ဖက်ဒရယ်မူကို အာမခံချက်ပေးဖို့ တောင်းဆိုနေရုံလေးပါပဲ။ ပင်လုံစာချုပ်အတိုင်း တန်းတူရေးကို လေးစားပေးဖို့ပါပဲ။ ဒါပေမဲ့ အစိုးရက အခု ကျောင်းသားတွေကို ဆွေးနွေးသလောက်တောင် မပွင့်လင်းဘဲ တပ်ရေးရာနဲ့ ပတ်သက်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေတာ အခုထိ မပြေလည်သေးဘူး။
UNFC က လက်မှတ်မထိုးချင်လို့ မဟုတ်ဘူး။ ဖက်ဒရယ်မူကို အစိုးရက စာချုပ်စာတမ်းနဲ့ လက်ခံပေးဖို့ တောင်းဆိုတာ ဖြစ်တယ်။ ဟန်ညောင်ရွှေ ချုပ်ကိုင်ထားတဲ့ ဒီအဖွဲ့ကြီး (၄)ဖွဲ့တို့ကလည်း ဒီအချက်ကိုပဲ အစိုးရကို တောင်းဆိုနေကြတာ ဖြစ်တယ်။ အစိုးရက ဒီအချက်ကို လက်ခံလိုက်ရင် ဘာပြဿနာမှ မရှိပါဘူး။ သွေးထွက်စရာလည်း မရှိပါဘူး။ ဘယ်သူက သွေးထွက်စေချင်မှာလဲ။
(၃) သဲကိုးဖျာ မာယာလေးဆယ်ဆွေးနွေးပွဲများ
ကျောင်းသားသပိတ်က နိုင်ငံရေးဘက် ရောက်လာမှာကို အစိုးရက တွေးပူသလို အပစ်ရပ်ပြီးရင် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တန်းလုပ်နိုင်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်အချို့က အယုံအကြည်ရှိပေမဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဘောင်အတွင်းက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုကျတော့ လျစ်လျုရှုထားကြပါတယ်။ လောလောဆယ်မှာ အစိုးရက အကြပ်အတည်း တွေ့နေလို့ ရွှေမန်းတို့က (၆)ပွင့်ဆိုင်ကိုသာ မလုပ်ရင် သိန်းစိန်ကိုများ ဆွဲစိလေမလား အောက်မေ့ရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နဖူးတိုက်ဒူးတိုက် ဆွေးနွေးရမှာ စိုးလို့ ဆင်ဝှေ့ရန်ရှောင်နေကြတဲ့ သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ကို မြင်အောင် မကြည့်နိုင်ကြတာကလည်း အင်မတန်မှ ညံ့ဖျင်းရာ ရောက်ပါတယ်။
ဒီအစိုးရကို ဖိအား လုံးဝမပေးဘဲ အလိုလိုက်အကြိုက်ဆောင်ပေးရုံနဲ့ စေ့စပ်ရေးစားပွဲပေါ် ရောက်အောင် ခေါ်ဖို့ မလွယ်ဘူးဆိုတာ သမ္မတသိန်းစိန်ရဲ့ (၄)နှစ်တာ သက်တမ်းမှာ တွေ့မြင်ခဲ့ရပါပြီ။ (၁၄)ပွင့်ဆိုင်ပဲပြောပြော၊ အပွင့်(၄၀)ကျော်ပဲဆိုဆို၊ ဘယ်နှစ်ပွင့်ပဲလုပ်လုပ် ဒီအစိုးရဟာ ဖိအားမရှိဘဲ မလှုပ်ပါဘူး။ ဒီအကြောင်း ရေးလို့ မိမိတို့ခေါင်းဆောင်ကို ပုတ်ခတ်တယ်လို့ မယူဆစေချင်ဘူး။ ဒီနည်း အလုပ်မဖြစ်ဘူး။ မဖြစ်ကြောင်းကိုလည်း မြင်နေရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အင်မတန်မှ အန္တရာယ်များတဲ့ လမ်းကြောင်းမှန်း သိနေပါတယ်။ အရှင်းဆုံး မေးခွန်းကို မေးရရင် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပေမဲ့ ၂၀၁၅-ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ သေချာသလားဆိုတာပါပဲ။
ဒါကြောင့် လက်ရှိအစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ အတိုက်အခံတွေနဲ့ ၈၈ မျိုးဆက်တွေလည်း ပေါ့ပေါ့ မတွေးမိကြဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိရင် ဒီမိုကရေစီ မဖြစ်သေးမှန်းတော့ လူတိုင်းနီးပါး သိကြပါတယ်။ စစ်တပ်က နိုင်ငံရေးထဲ ရှိနေရင် ဒီမိုကရေစီ မဟုတ်ဘူးဆိုတာကိုလည်း လူတိုင်း သိနေကြပါတယ်။ ဒါပေမဲ့ လူတိုင်း အမြင်မတူကြတာက "ဒီစစ်တပ်ဟာ သူ့အလိုလို စစ်တန်းလျားကို ပြန်မယ်၊ မပြန်ဘူး"ဆိုတဲ့ အချက်မှာပါ။ စာဖတ်သူကိုယ်တိုင်က မိမိရဲ့ ထင်မြင်ချက်နဲ့ မိမိ ရှိပါလိမ့်မယ်။
အနေရင် ခံကြရအုံးမယ်
(၁) ဒီတော့ ဆွေးနွေးပွဲတွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပေမဲ့ ဒိုင်းခံဆွေးနွေးနေသူက ဦးအောင်မင်းတို့ပဲဆိုကတည်းက ပြဿနာရဲ့ အရင်းအမြစ်က နိုင်ငံရေးပြဿနာဆိုတာ ထင်ရှားပါတယ်။ ပြဿနာလာရာအရပ်ကိုလည်း ခန့်မှန်းမိကြပါလိမ့်မယ်။ လုငယ်တွေက နည်းနည်းလှုပ်လို့ လူကြီးတွေက နည်းနည်း အသက်ရှုချောင်ရတဲ့ ဘဝ ရောက်နေပါပြီ။ ဒါကို ဝန်ခံကြစေချင်တယ်။
(၂) တိုင်းရင်းသားလူမျိုးများအားလုံးကို မြန်မာ့တပ်မတော်က တန်းတူဆက်ဆံလိုစိတ် ရှိရင်၊ ငြိမ်းချမ်းရေးကို အမှန်တကယ် ချစ်မြတ်နိုးရင် စစ်မတိုက်ဘူး၊ မုဒိမ်းကိုလည်း ကျင့်မှာ မဟုတ်ဘူး၊ မုဒိမ်းကျင့်ကြောင်း ရေးသားနေသူများကိုလည်း တရားစွဲမယ်မပြောဘူး၊ သဘောတူပြီးသားကို ပြန်မရုပ်သိမ်းဘူး။ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကို အဆင့်အတန်းခွဲခြားပြီး မဆက်ဆံဘူး။
(၃) ဖွဲ့စည်းပုံပြင်ရေးဟာ တကယ်ပြင်ချင်ရင် (၅)နှစ်ကြာစရာ မလိုဘူး။ တကယ်ပြင်ချင်ရင် (၄)ပွင့်ဆိုင်ကို မငြင်းဘူး။ ဖွဲ့စည်းပုံကို မပြင်ဘဲ အစိုးရဖွဲ့ခဲ့ရင် ဘယ်အစိုးရပဲတက်တက် ထောက်ခံလို့ မဖြစ်ဘူး။ ဒါဟာ သဘဝကျပါတယ်။ နိုင်ငံရေးမှာ အားနာရတယ်ဆိုတာမရှိရဘူး။ ဦးနုပြည်ချစ်ပါတီက တရားလိုက်စားလို့ နေဝင်းက စားသွားတယ်။ ဒီဘက်ခေတ်မှာလည်း မိမိတို့မူဝါဒ ပျော့ပျောင်းလွန်းလို့ သိန်းစိန် စားသွားတာ မမြင်ချင်ဘူး။
တစ်ပါတီအာဏာရှင်စနစ်ကို စတင်တိုက်ခိုက်လာခဲ့ကြတည်းက အားလုံးဟာ နိုင်ငံရေးသမားတွေပဲ။
အားလုံးဟာ အောင်ဆန်းမျိုးဆက်တွေပဲ။
ကျောင်းသားတွေလည်း နိုင်ငံရေးသမားပဲ။
တိုင်းရင်းသားတွေလည်း နိုင်ငံရေးသမားပဲ။
ပြည်သူတို့အားလုံးဟာလည်းပဲ နိုင်ငံရေးသမားတွေပဲ။
အားလုံးဟာ နိုင်ငံရေးသတ္တဝါတွေပဲ။
နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသမားပီသရမယ်။
နိုင်ငံရေးသမားဆိုရင် မိမိတို့တိုက်နေတဲ့ တိုက်ပွဲကို တိုက်နေရင်းနဲ့ လမ်းမပျောက်ရဘူး။
မိမိတို့တိုက်လာတဲ့ တိုက်ပွဲကို မေ့နေမှာစိုးလို့ ဦးနေဝင်းမိသားစုပုံကို တင်ပေးလိုက်တယ်၊ ဘယ်သူမဆို ဦးနေဝင်းဝါဒကို လက်ခံကြသေးရင် ပြည်သူတို့ရဲ့ ရန်သူသာ ဖြစ်တယ်၊ ၁၉၆၂ -ခုနှစ်ကတည်းက တိုက်လာခဲ့တဲ့ တိုက်ပွဲ ဆုံးခန်းမတိုင်သေးဘူး၊
ပင်လုံ အသက်မဝင်သေးသရွေ့
စစ်တပ် စစ်တန်းလျား မပြန်သေးသရွေ့
အောင်ဆန်းမျိုးဆက်တွေက နေဝင်းမျိုးဆက်တွေကို ခုထိ ရှုံးနိမ့်နေတုန်းလို့ ပြောရပါလိမ့်မယ်။