Sunday, January 4, 2015

ဗိုလ်ရှု့ သဘင်မှ လူများအတွက်““ဖတ်ဖို့ သီးသန့်စာ

Credit U Tun Wai.
ဦးဘိုးလှိုင်သည် တစ်ခါသော် သမီး၊ နှမ စသည်တို့ကို ပေးဆက်လျက် အခွင့်အရေးယူသူ အမှုထမ်းတစ်ဦးကို မင်းတုန်းမင်းကြီးက လွန်စွာမှ မျက်နှာသာ ပေးတော်မူသည့်အတွက် မသင့်တော်ကြောင်း မင်းတုန်းမင်းကြီးအား တင်လျှောက်ခဲ့သော်လည်း မင်းတုန်းမင်းကြီးက အလေးအနက် မထားသည့်အတွက် မှူးမတ်စုံညီတို့၏ ရှေ့မှောက်၌ ...
“အစ်မ၊ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ အတတ်မရှိ၊သတိကင်းကွာ၊ ဘုန်းကြီးလှာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း” ဟူ၍ လျှောက်တင် လိုက်သည်။
ထိုအခါမင်းတုန်းမင်းကြီးလည်း အမျက်ပြင်းစွာ ထွက်သဖြင့် လှံကို ကောက်ကိုင်လိုက်ကာ..
“သည်လှံနှင့် ငါ့ခမည်းတော် စီရင်၍ နင့်အဖေ ယင်းတော်ဝန်ကြီး သေခဲ့သည်မဟုတ်လော။ သည်လှံနှင့် မောင်မင်းကို စီရင်ခြင်း ခံလိုသလော” ဟူ၍ မေးလိုက်သည်။ ထိုအခါ ဦးဘိုးလှိုင်သည် တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ
“ထိုးတော်မူပါဘုရား” ဟု ဆို၍ ရင်ဘတ်ကိုပင် ကော့ပေးလိုက်သေး၏။ မင်းတုန်းမင်းကြီးလည်း စိတ်ကို ထိန်းချုပ်ကာ အတွင်းတော်သို့ ဝင်သွားသည်ဟူ၏။
ဤတွင် အခြားမှူးမတ်များက ...
“ဝန်ကြီးမင်းမှာလည်း တင်းတင်းမာမာ ရဲပဲရဲလွန်းသဗျာ” ဟူ၍ ပြောကြလေ၏။ ထိုအခါ ဦးဘိုးလှိုင်က ...
“ကျွန်ုပ်အဖို့ လှံနှင့်ထိုးသတ်ခံရ၍ သေရခြင်းက မြတ်၏။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော်
မကောင်းမူ ဖြစ်ပွားနေသည့်အတွက် နိုင်ငံတော် ပျက်စီးခြင်း ဖြစ်ရလေသည်ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလျှင် သေကျိုးမနပ် ဖြစ်သည်။ ထိုမကောင်းသော အပုပ်နံသည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း တည့်တည့်မတ်မတ် ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်တင်ခွင့်ရှိက အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့်တူသည်” ဟူ၍ ပြန်လည်ပြောကြားခဲ့လေသည်။

((((( ယောမင်းကြီး ဦးဘိုးလှိုင်၏ စိတ်ဓာတ်))))
ဝန်ကြီးတွေ နဲ့ အာဏာပိုင်တွေဟာ ဒီအစိုးရခေတ်မှာ လူထုကို
ရင့်ရင့်သီးသီးမစဉ်းမစား
စော်စော်ကားကားဖိဖိနှိမ်နှိမ်စည်းလွတ်ဝါးလွတ်
ချိုးချိုးဖဲ့ဖဲ့
ကြမ်းကြမ်းတမ်းတမ်း
မဆင်မခြင်
မချင့်မချိန် ပြောဆိုတာတွေ မကြာခဏ တွေ့ရတတ်သလို ကြားရ ခံရသူအပေါင်းကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောကြ ဆိုကြရင်းနဲ့ပဲ ပြီးသွားခဲ့ကြပါတယ်။ လူထုကို စော်ကားမှုတွေ ထပ်မဖြစ်အောင် စုပေါင်းပြီး အရေးဆိုကြမယ်ဆိုရင် အနည်းနဲ့အများ ပို ထိရောက်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ဒါကြောင့်အဖိုးဦးအောင်ဆန်းရဲ့ ပုံနဲ့ ဘဲမျှဝေေ၀လိုက်ပါတယ်။
ပြန်လည်ဖော်ပြလိုက်ပါတယ်။
အတုယူကြပါကုန်
လေးစားလျှက်
Tun Wai
4.1.2015

No comments:

Post a Comment