Friday, January 30, 2015

ဒေါင်းတို့  ဇာတိမာန်။

ဒီလို ကလေးလေးတွေဗျာ
 
ဖြူစင်လိုက်ကြတာများ မျက်နှာလေးတွေ
ကို လင်းလို့ရှင်းလို့
သူတို့မျက်နှာမှာ သူတို့လိုချင်တာလေးတွေ
ရဖို့
(ဒါကလည်းတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ပညာရေး
ပြုပြင်ပြောင်းလဲရေးအတွက်ပါ)
အတွက်ငြိမ်းငြိမ်းအေးအေး
ကြွေးကျော်နေတာကလွဲရင်
သေချာကြည့်ကြဗျာ
ဒီလောက်ကြည်လင်နေတဲ့မျက်နှာလေးတွေမှာ
ဘာအရောင်တွေပါသလည်းဗျာ???
အာဏာမက်တဲ့အရောင်ပါသလား???
တိုင်းပြည်ဖျက်မယ့် အရောင်ပါသလား???
တစ်ကိုယ်ကောင်း စိတ်ဓတ်တွေကပ်ငြိနေသလား???
ဘယ်သူဘယ်ဝါကို ထိုးနှက်တိုက်ခတ်မယ်
ဆိုတဲ့စိတ်မျိုးမြင်ရသလား???
မျက်လုံးဟာ စိတ်ရဲ့တံခါးတဲ့
အလင်းသားကြီးမြင်နေရတယ် သူတို့လေးတွေ
စိတ်ကို
ကြည်လင်နေတဲ့မျက်နှာလေးတွေမှာ
ဘာအရောင်မှမဆိုးထားတာ
အတိုင်းသားမြင်နေတယ်။
ကျွန်တော်ထင်တယ်ဗျာ
ကိုယ်မမှီလိုက်ပေမယ့်
(၈၈၈၈)အရေးတော်ပုံကြီးရဲ့အစပိုင်းမှာ
ကျွန်တော်တို့နောင်တော်၊အစ်မတော်တို့ရဲ့
မျက်နှာလေးတွေဟာလည်း
အခုကလေးတွေလိုပဲ ကြည်လင်ရှင်းသန့်
အပြစ်ကင်းနေမယ်လို့
ကျွန်တော်ယုံတယ်။
ဒါကိုဗျာ
ပြသာနာအစပိုင်းကတည်းက လူသားဆန်ဆန်
သိက္ခာရှိရှိ၊အထိအခိုက်အနည်းဆုံးနည်းနဲ့
လူကြီးလူကောင်းဆန်ဆန်မဖြေရှင်းခဲ့ကြပဲ
အမျိုးမျိုး သတ်လျှို ပုံဖျက် ကောက်ကျစ်ယုတ်မာတဲ့နည်းနဲ့
ခွေးတိရိစ္ဆာန်တွေလို့ကိုင်တွယ်ဖြေရှင်းခဲ့ကြလို့
တိုင်းပြည်ရော ပြည်သူပြည်သားတွေပါအထိအခိုက်များပြီးနစ်နာခဲ့ကြရတယ်။
ခွေးသူတောင်းစားတစ်စုကတော့ ပြည်သူ့အသက်ကိုနင်းပြီး အခုချိန်ထိဆူလို့ဖြိုးလို့ပေါ့။
ဒါသင်ခန်းစားပဲလေ
ကျွန်တော်တိုနိုင်ငံကဒါမျိုးပြသာနာမျိုးအကြိမ်ကြိမ်ကြုံခဲ့ပြီးပြီဗျာ
သမိုင်းထဲကနေ
တိုင်းပြည်နဲ့ပြည်သူပြည်သားအတွက် အကောင်းဆုံးဖြစ်မယ့်
သင်ခန်းစာကိုရွေးယူပြီးး
အခုကျောင်းသားတွေကိစ္စကို နှစ်ဦးနှစ်ဖက်အကျိုးများမယ့်နဲ့နည်းနဲ
လူသားဆန်ဆန် ဂုဏ်သိက္ခာရှိရှိ
နောင်အနာဂတ်ရဲ့ကိုယ်နိုင်ငံပညာရေးစနစ်ကို
မြှင့်တင်လို့တဲ့စိတ်နဲ့ ဆွေးနွေးဖြေရှင်းအဖြေရှာကြပါလို့
သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ကြီးငယ်တို့ကို
တိုက်တွန်းပါရစေဗျာ။
ခင်ဗျားးးတို့
ကျေးဇူးပြုပြီးထပ်မကောက်ကျစ်ကြပါနဲ့တော့ဗျာ
ဒီလိုပန်းလေးတွေ ထပ်မကြွေလွင့်စေပါနဲ့တော့ဗျာ။

No comments:

Post a Comment