Wednesday, May 7, 2014
သက်၊ စက္ကမ၊ ချက်ကမာ၊ ရူဟွန်ဂျာ-ချက်ကမာ နှင့် ပသီ လူမျိုးများ။
ပုထုဇဉ် လူသားများ ဖြစ်သော ကျွှန်တော်တို့ ရဲ့ စိတ်မှာ လောဘ၊မောဟ၊ မာန်မာနများကြေင့် ရံဖန်ရံခါ အမိုက်မှောင် ဖုံးလျှက် ရှိတတ်ပါ၏။  ဤ အမိုက်မှောင်ကို ပညာဥာဏ် အလင်းရောင်ဖြင့် ဖြိုခွင်းနိုင်ပါမှ အမှန်ကိုတွေး၊ အမှန်ကိုမြင် ဆင်ခြင် စဉ်းစားပြီး၊ အမှားများကို ကျော်လွှားကာ အမှန်ကို အမှန်အတိုင်း ဆောင်ရွက် နိုင်ကြပါမည်။ 
ကျွှန်တော်တို့  သည် မွန်၊ ဗမာ-မြန်မာ၊သက် နှင့် ကန်းယန် လူမျိုးများ မှာ ရှေးဦးကျသည့် ဗမာ-မြန်မာ နိုင်ငံသားများ ဟုသာ ယေဘုယျ အားဖြင့် သိခဲ့ကြပါသည်။ အသေးစိတ်ကိုကား အများအားဖြင့် မသိကြသူကများ မည်ဟု ထင်ပါသည်။  ဗမာ-မြန်မာတို့ သည် မိမိတို့ ၏ လူမျိုးစု သမိုင်း ကို သေချာစွာ လေ့လာ စေ့ငု ကြရန်လိုပါသည်။ ကမ္ဘာ့ ဒေသ အတော်များများ နှင့် တိုင်းပြည် အများ တွင်နေထိုင်လျှက်ရှိကြပြီး အမည်အမျိုးမျိုးဖြင့် ကွဲပြားစွာ ရှိ သော်လည်း အနှီလူမျိုးများမှာ မူလ လူမျိုး တမျိုး တည်းက ဆင်းသက်လာသော လူမျိုးစုများ ရှိပါ၏။ ယင်းတို့ မှ အချို့ သောလူမျိုးများ အကြောင်းကို စာရေးသူ ကျွှန်တော် ယခု ဆွေးနွှေး တင်ပြပါမည်။ 
 ယင်းတို့ မှာ သက်၊ စက္ကမ၊ ချက်ကမာ၊ ရူဟွန်ဂျာ-ချက်ကမာ နှင့် ပသီ လူမျိုးများတို့ ဖြစ်ပါ၏။ယင်းလူမျိုးများ၏ မူလဇစ်မြစ်ကို လေ့လာပါက central steppe ခေါ် အာရှ အလယ်ပိုင်း ဒေသ မြက်ခင်းလွင်ပြင်များဖြစ်၏။ ထိုမူလဇာတိမြေမှ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း ဖြင့် လည်းကောင်း၊ ဒေသတွင်း အချင်းများကာ စစ်မက်ဖြစ်ခြင်းများကြောင့် လည်းကောင်း ကမ္ဘာအရပ်ရပ်က နိုင်ငံအတော်များများ သို့ ရောက်ရှိ ခဲ့ကြခြင်းဖြစ်ပါသည်။ယင်းတို့ အနက်မှ အချို့  လူမျိုးစုများ မှာ မြန်မာ၊ ဘင်္ဂလာဒေ့ရှ၊ အင်ဒီးယား၊ နီပေါလ်၊ ယိုးဒယား ခေါ် ထိုင်း နိုင်ငံနှင့် မလေး ပင်နီဆူလာ ခေါ် မာလာယု ကျွှန်းဆွယ်သို့    ရောက်ရှိနေ ထိုင်ခဲ့ကြပါသည်။ ထိုလူမျိုးစုများကို လေ့လာပါက၊
(၁) သက် = Sak
(၂) သာကီဝင်= Sakyan= Sakya-vamsa
(၃) စက္ကမ = Sakma
(၄) ချက်ကမာ = Chakma
(၅) ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma
(၆) ပသီ = Persian or Perthian
အထက်ပါ အတိုင်း အမည်ကွဲများဖြင့် ထင်ရှားလာသော လူမျိုးများမှာ အကယ်စင်စစ်၊ လူမျိုး တမျိုး တည်းကိုပင်၊ ကမ္ဘာ့ နိုင်ငံ အသီးသီး ဒေသအရပ်ရပ်တွင် ဘာသာစကား အမျိုးမျိုး အမည်အမျိုးမျိုး ဖြင့်ခေါ်နေကြခြင်းဖြစ်ပါသည်။ ဗမာ-မြန်မာတွင် သက်ဟုလည်းကောင်း၊ စက္ကမ = Sakma ဟုလည်းကောင်း ခေါ်ကြသော လူမျိုးများ ကို  ဘင်္ဂလာဒေ့ရှ နှင့် အင်ဒီးယား နိုင်ငံများ တွင် ကား ဆက်= Sak၊ ဆာကာ =Saka၊ ချက်ကမာ = Chakma၊ ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma ဟူ ၍ ခေါ်ကြပါသည်။ ဗမာ-မြန်မာတို့ က “ပသီ”  ဟုခေါ်ကြသော လူမျိုးများ ကိုမူ Persian or Perthian= ပါသီယန် ဟုခေါ်ပါသည်။ ထိုမှ ဘာသာစကား ပြောင်းလာပြီး (Transliteration ဖြစ်လာပြီး)    “ပသီ”  ဟု ခေါ်ကြခြင်းဖြစ်ပါ၏။ ဂရိ ခေါ် ခေါမ နိုင်ငံ ကမူ ဤလူမျိုးများကို ဆိုက်သီယန် = Scythian ဟု ခေါ်ကြ၏။ 
သို့ ဖြစ်ပါက ရူဟွန်ဂျာ နှင့် ပသီ လူမျိုး များမှာ လည်း “သက်လူမျိုးများ” ပင်ဖြစ်ပါသည်။ အထူးသဖြင့် ရူဟွန်ဂျာများမှာ ရခိုင်လူမျိုးပင်ဖြစ်ကြပါ၏။ အဘယ့်ကြောင့်ဟူမူ၊ ရူဟွန်ဂျာ အချို့ မှာ “ဘီလူး” ရက္ခ  =Rakasha or Rakasa  ဟု ခေါ်ရလောက်အောင် အကြည့်တန် အရုပ်ဆိုးကြခြင်းကြေင့် ပင်ဖြစ်၏။ ရခိုင်တိုင်းရင်းသားများ နှင့် ရူဟွန်ဂျာလူမျိုးများ၊ ဗမာနှင့် ပသီ လူမျိုးများ ၏ မတူကွဲပြား သည်မှာ သူတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာ ဖြစ်ပါသည်။ သို့ ရာတွင် ခေတ်အဆက်ဆက်မှ အစိုးရများနှင့် ယခု အစိုးရတို့ က  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ မြန်မာတိုင်းရင်းသားတို့ ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည် ကို ကမ္ဘာ့နိုင်ငံအားလုံး နှင့် ကုလသမဂ္ဂ  အဖွဲ့ ကြီးက သိရှိကြပါ၏။
သမိုင်း အထောက်အထားများ အရ လွန်ခဲ့သော နှစ်ပေါင်း ၂၈၅၀ မှ ၃၀၀၀ ကြာ ရှေးခေတ်ကာလ ကတည်းက၊ ဗမာ-မြန်မာပြည်မှာ သက်လူမျိုးများ အခြေချနေထိုင်ခဲ့ကြ သည်ကို အခိုင်အမာတွေ့ ရ၏။ အိမ်နီးခြင်းနိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံများ အားလုံးလိုလိုပင် သိရှိပြီးဖြစ်ကြ၏။ သို့ ရာတွင် စက္ကမ = Sakma၊ လူမျိုးတို့ ၏ သမိုင်းမှတ်တမ်းကို ပြည်တွင်းပြည်ပမှ လူအများသိကြဟန်မတူပါ။ 
B.A (Hons. M.A. Ph.) ရေးခဲ့သည့်  သမိုင်းစာတန်း  တခုမြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း”  မှ
  ကောက်နှုတ်ချက် အနည်းငယ်ကို   အောက်တွင် ဖော်ပြပါမည်။
“အထက်ပါ (ခေါ်မု ဝတ္ဃု) အတိုင်း သက်လူမျိုး၊ ဒိုင်းနက်လူမျိုး ရာဇဝင်တို့တွင်လည်း “မြို” (ခမီ) လူမျိုးတို့၏ ရိုးရာတေးချင်းကို မှတ်တမ်းတင် ရေးသားထားသော ရှေးဟောင်းပေမှု ဂီ-ချပ်ရေကိုလည်း လေ့လာနိုင်ပေသည်။ 8”
“8- ဤကား ဘင်္ဂလားဒေရှ့်နိုင်ငံရှိ သက်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီနယ်သား    ဒိုင်းနက်အမျိုးသားဖြစ်သူ (ဦးအဉ်ဒရာကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက်ဘာသာစကား၊ စက္ကမ- သက်ဘာသာစကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီး ကူးယူခဲ့သည်။”
ဒိုင်းနက်အမျိုးသားဖြစ်သူ (ဦးအဉ်ဒရာကူမာ) ၏ နာမည်ကို တွေ့ တာနှင့် အဉ်ဒရာကူမာ= Indra Kumar ဖြစ်၍ အင်ဒီးယား (အိန္ဒိယ) အမျိုးသား ဖြစ်ပေမည်။ 
ချက်ကမာ = Chakma နှင့် ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma တို့  ၏သမိုင်းကြောင်းကို ကျွှန်တော်တို့  “ဝန်ဇင်းမင်းရာဇာ” ဝက်ဆိုက် စာမျက်နှာ တွင် တင်ပြထားပြီးပါပြီ။
အကယ်စင်စစ် ချက်ကမာ = Chakma နှင့် ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma လူမျိုးစု များ မှာ သက်လူမျိုးများ ပင်ဖြစ်ပါသည်။ 
 Talukdar အဆိုအရ အာသောက (King Asoka) မင်းကြီးလက်ထက် ကတည်းက နေထိုင်ခဲ့ကြသော ဂျင်းဖော၊ သျှမ်း၊ ခမ်ယမ်၊ စသော သျှမ်းပြည် မြောက်ပိုင်း နှင့် ကချင်ပြည်နယ် တို့ တွင် လူမျိုးစု သည်လည်း “သက်လူမျိုး- Sak= သာကီဝင်= Sakyan” တို့ သာဖြစ်၏။ မြန်မာနိုင်ငံ ၊ဘင်္ဂလာဒေ့ရှ နှင့် အင်ဒီးယား နိုင်ငံများ တွင်နေထိုင်ကြသော ချက်ကမာ ဒိုင်းနက်= Chakma  Daingnek နှင့် အခြား လူမျိုးနွယ်စုငယ်များ မှာလည်း ဤ “သက်လူမျိုး” စုဝင်များ ပင်ဖြစ်ပါသည်။ တချို့ က ချက်ကမာ = Chakma တို့ သည် အာသံပြည်နယ် ဗြဟ္မပုတရာ မြစ်ဝှမ်း တွင်နေထိုင်ခဲ့ရာမှ စစ်တကောင်းတောင်ကြားဒေသ (CHT= Chittagong Hill Track) သို့  ပြောင်းလာခဲ့ကြခြင်း ဖြစ်သည်ဟု ဆို၏။
 In Asoka’s time there used to be a friendly relation with yun-nan (China) through Shan states (Myanmar) and the local Buddhist traditions still alive and it seems they belong to the same stock of people, like, Singpho(India), Jampho (China){. . . }of one group of people. Chakmas (India, Bangladesh)  Daingnak and other denominations in Myanmar of the same stock of people. Some believe Chakma were in Brahmaputra valley in Assam before their migration to CHT, as their traditional, cultural, physical and linguistic affinities are very common to the Ahom people in Assam.{ Talukdar, SP p16 prologue}
It is notionally believed that Chakmas have genealogical link with Arakanese for the reason that those who inhabited in the Chittagong hill tracts are known to be Annakya Chakmas and those who were in Arakan (Myanmar) are called Daingnak (Daing-nek?) Chakma and Tangchangya Chakma (they moved into Chittagong hill Tracts around 1819 AD). They use Chakma as surname. Arakan was known as Rowyangya and some of them are called Rowyangya Chakma. In 1582 AD Chittagong was annexed to Brittish Company during the reign of Todar Mal (Mughal).{ Talukdar, SP;p27 :Genesis of Indigenous Chakma Buddhists and Their Pulverization Worldwide}
အပြည့် အစုံကို ဖောပြပါ လင့်ခ်ကို နှိပ်ပြီးဖတ်ပါ။
Talukdar, SP Genesis of Indigenous Chakma Buddhists and Their Pulverization Worldwide 
ချက်ကမာ = Chakma နှင့် ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma တို့ ၏ သမိုင်းကြောင်းကို ကျွှန်တော်တို့  “ဝန်ဇင်းမင်းရာဇာ” ဝက်ဆိုက် စာမျက်နှာတွင် ဖတ်ပါ။ 
သက်၊ ကဒူး၊ အာဆက်၊ စက္ကမ နှင့် ချက်ကမာ 
အောက်ဖော်ပြပါ ဆောင်းပါး ကိုဖတ်လျှင်၊ ချက်ကမာတို့ ၏ ဘာသာစကား သင်ပုံးကြီး ဖတ်စာ မှာ  မြန်မာ သင်ပုံးကြီး ဖတ်စာနှင့် များစွာ တူကြောင်း တွေ့ ရှိနိုင်ပါသည်။
သက် သို့ မဟုတ် ကဒူး နှင့် ချက်ကမာ။ 
စက္ကမ = Sakma သည် ဗမာ-မြန်မာ တိုင်းရင်းသား ဖြစ်ပါက ရူဟွန်ဂျာ-ချက်ကမာ = Ruhonggya- Chakma သည်လည်း ဗမာ-မြန်မာ တိုင်းရင်းသားပင် ဖြစ်ပေမည်။ သို့ ရာတွင် ရူဟွန်ဂျာ-ချက်ကမာ ဟု ခေါ်မည့် အစား မြန်မာဘာသာ စကား၊ မြန်မာသမိုင်းမှာပါရှိသည့် အတိုင်း စက္ကမ = Sakma သို့ မဟုတ် သက်လူမျိုး ဟု ခေါ်ကြမည်ဆိုကား ပိုပြီးလျှော်ကန် သင့်မြတ်မည်ဟု ယူဆ ရပါသည်။
No comments:
Post a Comment