Thursday, April 3, 2014

အပြုသဘောဝေဖန် အကြံပြုခြင်း (Feedback and constructive criticism: 2)



အကြာင်းအရာ ကို ကျောင်းသားဘဝ က စာရေးသူ ပထမ ဆုံး ဆွေးနွေး တင်ပြခဲ့  ပါသည်။ ၁၉၇၅ ခုနှစ်က ဖြစ်ပါ သည်။ 

      ယခု ပါဝင်ဆွေးနွေး သွား တဲ့ လူကြီးမင်းများ အားလုံး ကိုလည်း အထူးပင်လေးစားပါ သည်။ သို့သော် စာရေးသူ အနေဖြင့် သစ်ပင်ကြီးများ ခုတ် လှဲခြင်းကို အနည်းဆုံး နှစ် နှစ်ဆယ် (၂၀ နှစ်) ရပ်ဆိုင်းထား ပြီး ပြန်လည် စိုက်ပျိုးခြင်း ကိုသာ အဓိက ဆောင်ရွက် စေလိုပါသည်။ နိုင်ငံခြား သစ်ပို့ သည့် စီးပွားရေး နှင့် သစ်ချောဖြင့် ပရိဘောဂ ထုတ်လုပ်သည့် လုပ်ငန်းရှင် များ အတွက် လည်း ထည့်စဉ်းစားရပါမည်။ သူတို့မှီခို နေတဲ့ ဝန်ထမ်းအလုပ် သမားများလည်း ရှိပါသည်။ 

     သို့ဖြစ်ရာ သစ်လုံးနှင့်ခွဲသားပို့ခြင်း ကို အခြား ပို့ကုန်ဖြင့် အစားထိုး ရပါမည်။ ပရိဘောဂ အလုပ်ရုံ စက်ရုံများ ဆက်လက် ရှင်သန်နိုင် ရန် လိုအပ်သည့် ကုန်ကြမ်း သစ်များကို   ပြည်ပမှတင်သွင်း ရပါမည်။ မလွယ်သော်ငြား လုပ်လို့ မဖြစ်နိုင် တာ မဟုတ်ပါ။ အနှေးနှင့် အမြန် မလုပ်မဖြစ် လုပ်ရတော့မှာ ဖြစ်ပါသည်။ စီမံကိန်း ချ လုပ်ရမှာ ဖြစ်ပါသည်။ နှစ် နှစ်ဆယ် (၂၀ နှစ်) အတွင်း ဘယ်လောက် အောင်မြင် မည် ဆိုတာ ဟာလည်း နည်းပညာ နှင့် စီမံကိန်း တာဝန်ခံများ၊ ရာသီဥတု စသော အချက်များ ကို ထည့်သွင်း စဉ်းစား ရပါမည်။  

ကနဦး အနေဖြင့် သုတေသန စာတမ်း တစောင်ကို ဖော်ပြပါ လင့်ကို နှိပ်ပြီး ဖတ်ကြည့် ပါ။ 




No comments:

Post a Comment