Monday, April 14, 2014

ဝန်ဇင်းမင်းရာဇာ သမိုင်း အကျဉ်း (Brief history of Wunzin Min Raja)



Excerpts from Kopalay blog.(ကိုပဲလေး ဘလော့ဂ်မှကူးယူဖော်ပြပါသည်။)



အရှင်။ ။ ဒီနေရာမှာ အဲဒီနတ်ကွန်း နတ်စင်တွေမှာ လူတစ်ချို့ ယုံကြည်ကြသလို တကယ့် နတ်တွေရှိ-မရှိ ဆိုတဲ့ ပြဿနာကို အရင်ဆုံး စဉ်းစားကြရလိမ့်မယ်။ ဒီပြဿနာကို စဉ်းစားတဲ့အခါ မြန်မာရာဇဝင်မှာ ထင်ရှားတဲ့ စာတိုငညို လျှောက်ထုံးကို ထည့်သွင်းစဉ်းစားကြရလိမ့်မယ်။
ကိုထူး။ ။ အော်.. ဆရာတော် မိန့်ချင်တာက မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်မှာ မိတ္ထိလာကန်တော်ကြီး ကျိုးပေါက်တော့ အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ကိုယ်တော်တိုင် လာရောက်ဆည်ဖို့ ပြုပြင်တဲ့အခါ ကန်ပေါင်ရိုးပေါ်မှာတွေ့ရတဲ့ မိန်းမရုပ်တုနဲ့ နတ်ကွန်းကိစ္စထင်တယ်ဘုရား။
အရှင်။ ။ ဟုတ်တယ် ကိုထူး၊ အဲဒီမှာ ဘုရင်ကမေးတော့ အဲဒီမိန်းမရုပ်တုနဲ့ နတ်ကွန်းအကြောင်းကို ဘယ်သူမှ တိတိပပ မတင်မလျှောက်နိုင်ကြဘူး။ နောက်ဆုံး ဝန်ဇင်းရွာသူကြီးရဲ့သားမက် စာပေသမားကို ခေါ်မေးကြရတယ်။ အဲဒီတော့မှ အနော်ရထာမင်း မိတ္ထိလာကန်တော်ကို ဆည်လာတဲ့အခါ အင်မတန်မြတ်နိုးတော်မူတဲ့ မိဖုရားငယ်တစ်ယောက် ကြမ္မာကုန်တဲ့အတွက် ရွှေစင်နဲ့သွန်းလုပ်ထားတဲ့ ရုပ်တုတစ်ခုကို ကန်ရိုးမှာ အခိုင်အခန့်မြှုပ်စေခဲ့တဲ့အကြောင်း၊ အဲဒီရွှေရုပ်နဲ့တူတဲ့ သစ်သားရုပ်ကို တန်ဆောင်းပြာသာဒ်ပြုပြီးတော့ ကန်ဘောင်ရိုးမှာ ထားတော်မူ ခဲ့တာ ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ လူတွေက စားဦးသောက်ဦးတင်ပြီး နတ်ကွန်းရယ်လို့ ခေါ်ဝေါ် ပညတ်လာကြခြင်းသာဖြစ်ကြောင်း သိကြရတော့တယ်။
အဲဒါနဲ့ မှန်-မမှန်ကို ကန်ပေါင်ရိုးကိုတူးပြီး စစ်ဆေးတဲ့အခါ ခုနက စာပေသမားလေး ပြောတဲ့အတိုင်း ရွှေရုပ်တု ကို တွေ့ကြရတယ်။ အဲဒါနဲ့ ဝန်ဇင်းရွာသားလေးရဲ့ အမှတ်အသား၊ အတင်အလျှောက်၊ ရုပ်ရည်လက္ခဏာတွေ ကို နှစ်သက်ပြီးတော့ ဆုလာဘ်များစွာပေးပြီး နန်းတော်သို့ ခေါ်ယူတော်မူခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ စည်းတပြစ်၊ မင်းရာဇာ၊ ဝန်ဇင်းမင်းရာဇာ၊ ဘိုးရာဇာ ဆိုတဲ့နာမည်တွေနဲ့ ကျော်ကြားလာခဲ့တယ်။

အပြည့်အစုံကိုဒီမှာဖတ်ပါ။  Kopalay blog(ကိုပဲလေး ဘလော့ဂ်)

No comments:

Post a Comment