Wednesday, April 23, 2014

ကုလား နှင့် ဗမာ-မြန်မာ။



ဗမာ -မြန်မာ ၏ အနက် အဓိပ်ပါယ် နှင့် ဗမာ-မြန်မာ တို့  အကြောင်းကို အတော်အတန်ရေးသား ဖော်ပြပြီးခဲ့ပါပြီ။
ယခု “ကုလား” ဆိုသော ဝေါဟာရ ၏ အနက် ကို အနည်း ငယ်ဆွေးနွေးလိုပါသည်။ အောက်တွင်ဖော်ပြသည့် ဖွင့်ဆိုချက်မှာ တို. ဗမာအစည်းအရုံး ဝက်ဆိုက်မှဖြစ်ပါသည်။ ဖတ်ရှုကြပါ ခင်ဗျား။

“ကုလားဟူသည့် အခေါ်အဝေါ်နှင့် စပ်လျဉ်း၍ အထောက်အထားမရှိသည့် အယူအဆတစ်ရပ်အနေဖြင့် ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း သိရပြီး မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ (ကုလပုတ္တ-မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား) အဆိုပါအခေါ်အဝေါ်အား မြန်မာနိုင်ငံမှ ရှေးဦး ဗုဒ္ဓဘာသာဝင် မွန်၊ဗမာ၊ရခိုင်၊ရှမ်း၊ကရင် စသည့် မျိုးနွယ် စုများမှ အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော် တိုင် အိန္ဒိယတိုင်းသားတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။”

အပြည့်အစုံကို ဒီမှာ နှိပ်ပြီးဖတ်ပါ။




လွန်ခဲ့သော နှစ်ပေါင်း တထောင်ခန့် က  “ဗမာ-မြန်မာ သမိုင်း” ကို အကျဉ်းမျှ တင်ပြပါမည်။


{“မိဘုရား ရဲ့နာမည်မှန်က “အဘိယ ရတ္တနာ= အဘိယရတ်ထနာ” ဖြစ်ပါတယ်။ကျန်စစ်သားမင်းကြီးနဲ့မိဘုရား “အဘိယ ရတ္တနာ= အဘိယရတ်ထနာ” တို့ရဲ့ တဦးတည်းသောသမီး “ရွှေအိမ်သည်” ကို စောလူးမင်းရဲ့သား စောယွန်းနဲ့  ကျန်စစ်သားမင်းက ထိမ်းမြား ပေးခဲ့တယ်။ သူတို့ကမွေးဖွားတဲ့သားက အလောင်းစည်သူဖြစ်ပါတယ်။ သူရဲ့ဘွဲ့  က ဇေယျသူရ -၁ (Alaung-sithu (Jayasura I) ဖြစ်ပါတယ်။ တဖန် အနော်ရထာမင်းကလဲ ကုလားကြီး။ ဒီတော့ အလောင်းစည်သူကလည်း ကုလားနဲ့ ဘန်ဂါလီသွေး၊ တနည်းကုလားကြီး ပဲဖြစ်ပါတယ်။ ကျန်စစ်သားမင်းရဲ့မယ်တော်မှာလဲ အိန္ဒိယား (သို့) ရခိုင် မင်းသမီး လို့ဆိုပါတယ်။ ကျန်စစ်သားမင်းကလည်း ကုလားကြီး ပါ။{စာညွှန်း - G. Coedes (1968) “The Indianized State of Southeast Asia”}
ကျန်စစ်သားမင်းကြီးရဲ့ နောက်မိဘုရား တပါးဖြစ်တဲ့ သမ်ဘူလ (Sambhula) က တောကျောင်းရသေ့ “မထီး” (Mahti) ရဲ့တူမ ဖြစ် ပါ တယ်။ ဒေါက်တာ သန်းထွန်း (Dr. Than Tun) ရေးသလို ပြောသလို သုံးလူလှ မဟုတ်ပါ။“မထီး” (Mahti) ဆိုတာ ကုလားကြီး ပါ။ Sambhula was a niece of Indian hermit Mahti.  “မထီး” (Mahti) နာမည် ရှိတဲ့ ကုလားတွေ စင်ကာပူမှာရော အိန္ဒိယမှာရော အမြားအပြား ရှိပါတယ်။ အဲ့ဒီတော့  သမ်ဘူလ (Sambhula) က လည်း ကုလားမကြီး ဖြစ်ခဲ့ပါ၏။  There are many Indians by the name of “Mahti” in Singapore and India. We do not understand why Dr Than Tun has mentioned like this  tell  Burmrese Students, and the people of whole Burma?
အမရာ ကိန်နရီ မဒီ သမ်ဘူလ တော်လေးဝ “ ဆိုတဲ့ ရှေး စကား ကို ဒေါက်တာသန်းထွန်း မပယ်တန်ကောင်းဟု မျှော်လင့်မိ၏။


DVARAVATI AND OLD BURMA

ကနေ.ဗမာတွေ အမြတ်တနိုး ထားကြတဲ့ ဗမာစောင်းကောက်ကို ဗမာတို.ရဲ့ ဘိုးဘေး ဘန်ဂါလီတို. ယူလာခဲ့တာကို သိပါသလား။   


အပြည့်အစုံကို ဒီမှာ နှိပ်ပြီးဖတ်ပါ။


ဘိုးဘေးတွေကို “ကုလား”၊ “ကုလား” လို့  ခေါ် ဆဲ၊ အမနာပ ရေး ၊ပြော အင်တာနက် မှာ ခေါ် ဆဲ လုပ်နေကြ တဲ့ ဗမာ (မြန်မာ) လူငယ်တချို့ ရဲ့ လုပ်ရပ် သည် မှားလေစွ။ တရုတ် ပေါက်ဖော်များ သူတို့  ဘိုးဘေးတွေကို၊ တနှစ် တကြိမ် ကန်တော့ကြ ၊ ဆုတောင်း မေတ္တာ  ပို့ ကြ ကောင်းမှုပြုကြ၏။
အခြားဘာသာဝင်များ သည်လည်း သူတို့ ကိုးကွယ်ရာ ဘာသာတရား အတိုင်း မိဘဘိုးဘေး တွေအတွက် ကုသိုလ် ကောင်းမှု တွေ နှစ်စဉ် အခါ အားလျော်စွာ လုပ်ကြပါသည်။   ဒီတော့ကာ ထိုကဲ့သို့ ပြစ်မှားခဲ့သော ဗမာ (မြန်မာ)တချို့ လည်း မိဘဘိုးဘေးတွေ အတွက် ကုသိုလ် ကောင်းမှု တွေ လုပ်၊ ဆုတောင်း မေတ္တာ ပို့ သင့် ကြပါ၏။  မိဘဘိုးဘေးတွေ ကို တချိန်လုံး စော်ကားမော်ကား၊ အမနာပ စကားများဖြင့် ယိုင်းပြစွာ စော်ကားမော်ကားပြု နေခဲ့ သည့်အတွက် ၊ ကံကြီးထိုက်ကာ ယခုအချိန်ထိ ကပ်အမျိုးမျိုး ဆိုက် နေခဲ့တာ ကြာခဲ့ပါပြီ။ အခုလို နှစ်ဦး အခါသမယ မှာ မိဘဘိုးဘေး တို့ အတွက် ကုသိုလ် ကောင်းမှုများ လုပ်ရန် ကောင်းမွန်သင့်မြတ် လှပါသည်။

    နောက်တခုမှာ ကိုယ်မယုံကြည် မကိုးကွယ်သော်လည်း၊ သူတပါး ကိုးကွယ်သည့်  ဘာသာ သာသနာ။ ကျမ်းစာများ၊ ဘုရားဝတ်ပြုရာ ကျောင်းတော်များ ကို ဖျက်ဆီးခြင်း၊ မီးရှို့ ခြင်း၊ သက်ကြီး ရွယ်အို နှင့် ကလေး ငယ်များပါ မချန် ရိုက်နှက် သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ ခြင်း၊ သူတပါး သမီး၊ အစ်မ ညီမများ ကို စော်ကား ခြင်း၊ လိင်ကျွှန်ကဲ့သို့  လှောင်ကာထားပြီး မတရားမှု၊ အဓမ္မမှုများ ကိုဆက်လက် ကျူးလွန်နေခြင်း၊ ထိုသို့ ကျူးလွန်ကြရန် ဟောပြောခြင်း၊ လှုံ့ ဆော်ခြင်း၊ နောက်ကွယ်မှ အားပေး အားမြောက်ပြုခြင်း၊ ပြစ်မှုကျူးလွန်မှုများ နှင့် ကျုးလွန်မှုများတွင် ပါဝင်ပတ်သက်သူ များကို သိပါလျှက် မသိကျွှိုးကျွှန်ပြု ၍ နေခြင်းများ လည်းရှိသည်ဟု သတင်းများကိုတွေ့ ရ ဖတ်ကြရပါ၏။ ဗုဒ္ဓဘာသာ တို့ ယုံကြည်ကြသည့် တရား ဓမ္မ အဆုံးအမ အတိုင်း ဆိုပါလျှင်၊ “ပြုသူအသစ် ဖြစ်သူအဟောင်း” ဟုဆိုကြရပါမည်။

ယခု ကျူး လွန်နေသူ “ပြုသူအသစ်” များကား သူတို့ ၏ အလှည့် ကို စောင့်နေ ကြခြင်း  ဖြစ်ပေ လိမ့်မည်။ မြန်မာ ဆိုရိုးစကား တခု ရှိပါ၏။

 “ရှေးကဝိပက် ၇ ရက်၊ ကာလဝိပက် နောက်ပိုးတက်” ဟု ဖြစ်ပါသည်။

 သဗ္ဗေ သတ္တာ ဝေနေယျာ ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ။”
 

No comments:

Post a Comment