Friday, April 25, 2014
လက်ဖျားဒန်းနီရောင်၊ မျက်တောင်ကော့ညွှတ်သေး။ သျှင်မဟာရဋ္ဌသာရ ရေးဖွဲ့ ပုံ။
သျှင်မဟာရဋ္ဌသာရ ၏ “ဝဏ္ဏ ပဘာ-ချီ”  ရတု ကပြောသော ဗမာ့သမိုင်း။
ဖော်ပြပါ သျှင်မဟာရဋ္ဌသာရ ၏ ဝဏ္ဏပဘာ-ချီ ထောင့်တဲတွန့် ပိုဒ်စုံရတု ကိုသေချာစွာ စူးစမ်းလေ့လာ မည်ဆိုပါက ကျွှန်တော်တို့  အတွက် သမိုင်း၏ လျှို့ ဝှက်ချက်ကလေးများ၊ ပဟေဠိလေးများကို အဖြေညှိ နိုင်မည်ဖြစ်ပါသည်။
သျှင်မဟာရဋ္ဌသာရ ၏ ငယ်မည် မှာ မောင်မောက် ဖြစ်ကြောင်း ကျွှန်တော်တို့ လေ့လာ သိရှိကြပါသည်။ အဝခေတ် မင်းနေပြည်တော်က နန်းတွင်းစာဆိုကြီးတစ်ယောက်ရဲ့ သား ၊ ကဗျာရေးတော်လို့  ငယ်ငယ်ကတည်းက ဘုရင်က ချီးမြှောက်ခံရလေသူ ဆိုတာကိုလည်း အခြား စာရေးဆရာ နှင့် သုတေသီများ ရေး ခဲ့ကြပြီးဖြစ်ပါသည်။ သျှင်မဟာရဋ္ဌသာရ သည် ငယ်ဖြူ မဟုတ်၊ ကိုယ်ရင် ဘဝမှ တဆက်တည်း ရဟန်းဘောင်သို့  ကူးခဲ့ခြင်း မဟုတ်၊။ ကိုယ်ရင်ဘဝမှ လူဝတ်လဲ ပြီး၊ လူငယ်ဘာဝ ချစ်သူသက်ထား ရှိခဲ့တာကို တွေ့ ရပသည်။ နှမလက်လျှော့ နေလေတော့ ကဗျာ သက်သေ ရှိပါ၏။
၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊
ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံး
နှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊
ဝေးဓွန့်ခရီး၊ ချုံကြီးတောစုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေး
စားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးငွေဂဟေ၊ မစပ်လေသို့၊ စာပေ
တတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်ဂန်သိမြောက်၊ ပဉ္စင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊ ကြိုးသောနယ်ကို ၊ အဘယ်ကြိုးစားရှာ လေတော့မည်။
ယခု ကျွှန်တော်တို့  လေ့လာ စူးစမ်း တင်ပြမှာက သျှင်မဟာရဋ္ဌသာရ ဘွဲ့ တော်ဖြင့် ထင်ရှားတဲ့ မောင်မောက် ရဲ့ချစ်သူ “ဝဏ္ဏ ပဘာ” ခေါ် ထို စဉ်က အင်းဝခေတ် ဗမာ အမျိုးသမီး တဦး၏ အလှဘွဲ့  ဖြစ်ပါသည်။ ဖော်ပြပါ ရတု ပိုဒ်မှ “လက်ဖျားဒန်းနီရောင်” နှင့် “မျက်တောင်ကော့ညွှတ်သေး ၊ စုတ်ဖြင့်ရေးသို့၊” ဆို သည့် ဖွဲ့ နွဲ့  ပုံကို ဆန်းစစ်ကြည့်ကြပါစို့ ။
“မျက်တောင်ကော့ညွှတ်သေး ၊ စုတ်ဖြင့်ရေးသို့၊”
စာရှုသူ လူကြီးမင်းတို့  လည်းသိကြမှာပါ။အထူးသဖြင့် အမျိုးသမီးများ ပို ပြီးသိကြပါ၏။ ယနေ့ ခေတ် အမျိုးသမီးများ လှပလိုကြသဖြင့် သူတို့ ရဲ့ မျက်တောင် ကို စက်ကရိယာဖြင့် ကော့ခြင်း၊ မျက်တောင်မရှိ သူများက မျက်တောင်တု တပ်ကြခြင်း များမှာ ကမ္ဘာကြီး တခုလုံး ၌ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြတ်စွန်း သည့် စီးပွားရေး လုပ်ငန်းကြီးလည်းဖြစ်ပါ၏။ သို့ ရာတွင် ဗမာ-မြန်မာ ပါဝင်သော အာရှနှင့် အရှေ့ တောင်အာရှ မှာ တိဘက်၊တရုတ်၊ ကိုးရီးယား၊ ဂျပန် စသော နိုင်ငံများမှ အမျိုး သမီး များမှာ မျက်နှာပြင်တွင် အမွှေးအမျှင် နည်း ၍ မျက်တောင်တု များတပ်ကြပါသည်။ အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ များတွင် မူကား၊ အမျိုးသမီးများ မှာ မျက်လုံးမျက်ဖန် လှပြီး၊ မျက်တောင် ရှည်ရှည်၊ အထက်သို့ ကော့ညွှတ်နေတာ ကြ အများအသိ ပင်ဖြစ်၏။ ဤ တိုင်းပြည်များက အမျိုးသားများမှာပင် ရှည်လျားကော့ညွှတ်သော မျက်တောင်များ ရှိကြပါ၏။
သို့ ဆိုက မောင်မောက် ရဲ့ချစ်သူ “ဝဏ္ဏ ပဘာ” သည် အိန္ဒိယ အနွယ်၊ တနည်း ကုလားမလေး ဖြစ်မည်မှာ မြေကြီးလက်ခတ် မလွဲဖြစ်ပါသည်။ 
နောက်တချက် “လက်ဖျားဒန်းနီရောင်”
ယခုအခါ ဤ ဓလေ့ထုံးတမ်း အစဉ်အလာ ကို ဗမာ-မြန်မာ မူဆလင် မိသားစု ဆက်လက် ထိန်းသိမ်း လျှက်ရှိကြောင်း တွေ့ မြင် နိုင် ပါသည်။ အခါအားလျှော်စွာ ဗမာ မူဆလင် အမျိုးသမီးများ ၊ လုံမငယ်များ သူတို့ ၏ လက်ဖျားများ ကို ဒန်းဆိုးကြပါသည်။ ဗမာ မူဆလင်များ လက်ထပ် ထိမ်းမြားခြင်း အာဝါဟ ဝိဝါဟ ပြု ကြ သည့် အခါ သမယ များမှာ လည်း သတို့ သမီး နှင့် သတို့ သား တို့  ၏ လက်ချောင်း၊လက်ဖျား များ ကို ဒန်းဆိုး သမှုပြု ကြပါသည်။ 
ဒန်းဆိုးပုံဆိုးနည်း နှင့် ဗမာ မူဆလင်တို့  ၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု။
ကျွှန်တော်တို့  အညာဒေသ ရမည်းသင်းမြို့ မှာ ဒန်းဆိုးကြပုံ အကျဉ်းမျှကို ရေးပါမည်။ ဒန်းရွက်အစိုကို ထောင်းပြီး ထမင်းဖြူ သန့် သန့် နှင့် ရော ၍ နှံ့ အောင်နယ်ရပါသည်။ ကျွှန်တော်မှတ်မိ သလောက် ဒန်းရွက်အစိုနှင့် ထမင်းဖြူ၊ ဤ နှစ်မျိုးသာ အဓိက ပါဝင်ပါသည်။ ထိုသို့ ထောင်းထု ရောန်ာပြီးသော ‘ဆိုးဒန်း Henna dye’ ကို ဆိုးလို သည့် လက်ချောင်းများ၏ ထိပ်ဖျား အထူးသဖြင့် လက်သည်းပေါ်တွင် လုံလောက်ယုံ စုပုံလျှက် တွယ်ကပ်နေစေရန်ပြုလုပ်ရပါသည်။ သန့် ရှင်းသော ပိတ်စ၊အဝတ်စ တို့ ဖြင့် စည်းနှောင်ထား ရပါသည်။
ဗမာ မူဆလင် တို့  ထိမ်းမြားကြ သည့် အခါတွင်က သတို့ သားကို ဒန်းဆိုးပေးရာ တွင်၊ သတို့ သမီးဘက်မှ ကွမ်းတောင်ကို များလည်း ဖြစ်၊ သတို့ သမီး၏ အစ်မ၊ညီမ၊ အိမ်နီးချင်း ၊ သူငယ်ချင်း  ကညာပျို ဆယ်ယောက်က လက်ချောင်းများကို တယောက်တချောင်းစီ ဒန်ဒဆိုး ပေ။ကြပါသည်။ ဤ သည်မှာ နဂိုရ်ကပင် ရင်းနှီး မှု ရှိပြီးဖြစ်သည့်တိုင်၊ သတို့ သားနှင့် သတို့ သမီး၏ ညီအစ်မ သူငယ်ချင်း ရောင်းရင်းများကို ပိုပြီး ရင်းနှီး ကျွှမ်းဝင်ကြရန် ပြု လုပ်ခြင်းဖြစ်ပါသည်။ အခါအားလျှော်စွာ သတို့ သား မှာ တရွာတကျေးမှ ဖြစ်ရာ ဤ ဓလေ့ထုံးတမ်း အစဉ်အလာ ကြောင့် သတို့ သား သည်၊ သတို့ သမီး၏ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း တွင် ကောင်းစွာ ရင်းနှီးကျွှမ်းဝင် လာပါသည်။
သို့ ဖြစ်ရာ ဤတွေ့ ရှိချက်မှကောက်ချက်ချနိုင် သည်မှာ မောင်မောက် ရဲ့ချစ်သူ “ဝဏ္ဏ ပဘာ” သည် အိန္ဒိယ အနွယ်၊ တနည်း ကုလားမလေး ဖြစ်ကြောင်း ပို ၍ခိုင်လုံ ခြင်းဖြစ်ပါ၏။ ဗမာ-မြန်မာ သမိုင်း အထောက် အထားများက အင်းဝ ခေါ် အဝ ခေတ်(Ava dynasty period) မှာ မူဆလင် များ အခြေတကျ နေထိုင်လျှက် ရှိကြတဲ့ အကြောင်းပင်ဖြစ်ပါ၏။ ဤသို့ ရေးသားတင်ပြသည့် အတွက် စာရေးသူ အပေါ် အမျက်ဒေါသ မထားဘဲ မုဓိတာ ပွားနိုင်ကြပါစေ။ ဒေါက်တာသန်းထွန်း၏ “မြန်မာ့ သမိုင်း ရှာတော်ပုံ” စာအုပ်မှတွေ့ ရှိ ကောက်နှုတ်ချက် များကို အောက်တွင် ဖော်ပြပါသည်။
When the King   passed away his son King Sanay (1690-1784) succeeded the throne. He styled himself as Sri Maha Sihasura Dhamma Raja (Thiri Maha Thiha Thura Dhamma Yaza ). Then he also gave the lands in12 counties. These places are in Siputtara, Si-thar, Nyaung-yan, Ta-pin, Ta-pet-swel, Taungoo,Pintalae, baw-di, Mihitila(Meikhtilla), Mye-du, Yin-daw and Yamethin. Dr Than Tun mentioned that these people later became citizens. On 17 November 1807, the King Sanay appointed a man called Abisha Hussani as the leader of the Muslim community. He (Hussaini) brought Holy Koran (Quran) and translated it to Burmese language.  All these new migrant communities are working hard, produce more and there are surpluses.At the same time some or most of them are also the servicemen of the Royal Army (tat-ma-taw ). It was also reported that earlier some Burman Kings hire Indian Muslim soldiers, mercenaries to fight for the country. {Refer : Dr Than Tun (2003)} 
    အထက်က အင်္ဂလိပ်ဘာသာ ဖြင့် ဖော်ပြ သည်မှာ ဒေါက်တာ သန်းထွန်း ၏ “မြန်မာ့ သမိုင်း ရှာတော်ပုံ” စာမျက်နှာ ၁၃၁၊ ၁၃၃ နှင့် ၁၃၆ မှ အချက်အလက် တချို့ ကို သင့်လျှော်သလို အင်္ဂလိပ်ဘာသာ သို့  ပြန်ဆိုထားခြင်းမျှသာ ဖြစ်ပါသည်။ စနေမင်းကြီး လက်ထက်က မူဆလင်များကို၊ ရမည်းသင်း၊ ယင်းတော်၊ မြေဒူး၊ မိတ္တိလာ၊စည်သာ၊ စည်ပုတ္တရာ၊ညောင်ရမ်း၊ တပင်း၊ တဘက်ဆွဲ၊ တောင်ငူ၊ ပင်းတလဲ နှင့် ဗောဓိ  အစရှိသောနယ်မြေများတွင် နေမြေ၊ လုပ်မြေများ ပေး ခဲ့သည်။    ထိုလူမျိုးများ အခြေချနေထိုင်ခဲ့ရာမှ တိုင်းရင်းသား ဗမာ မူဆလင် များ    ပေါက်ဖွားလာကြောင်း ဒေါက်တာသန်းထွန်း   ရေးသား မှတ်တမ်းတင်ခဲ့ပါသည်။
အပြည့်အစုံကို ဒီလင့်ကိုနှိပ်ပြီးဖတ်ပါ။
ဒန်းပင် ကို မြန်မာ-အင်္ဂလိပ် အဘိဓာန် တွင် အင်္ဂလိပ် ဘာသာဖြင့် Lausonia inermis ဟုခေါ်ဆိုကြောင်း တွေ့ ရပါသည်။ Henna ဟုလည်းခေါ်ပါသည်။ အထောက်အထားများမှာကား
Henna on the Fingernails
  • Unlike henna applied to the skin, henna applied to the fingernails can last for the life of the nail. Once dry, the henna has a muted orange-brown color. Because of the size of the nail, typical applications are either an all-over color or small geometric patterns consisting of lines and dots.
အပြည့်အစုံကို ဒီလင့်ကိုနှိပ်ပြီးဖတ်ပါ။
လက်ဖျား ဒန်းဆိုးသည့် ယဉ်ကျေးမှု-၂
India
In India, the longer the henna stays on the bride's hand the longer it is believed that her in-laws will treat her well. If the henna fades out quickly, it’s a sign that she will not be happily married.
အပြည့်အစုံကို ဒီလင့်ကိုနှိပ်ပြီးဖတ်ပါ။
No comments:
Post a Comment