Thursday, April 24, 2014
ဒေါင်းအလံ
ဆရာကြီးဦးဝင်းတင် ကို ဤကဗျာဖြင့် ဂါရဝ ပြုပါ၏။
ရေးသူ ကုလားမင်းသား စရကား။
*သူ့ ခေါင်းမှာ တဲ့  ဒေါင်းအလံ၊
ငါ့ခေါင်းမှာတဲ့  ဒေါင်းအလံ၊
*ဒေါင်းအလံ ခေါင်းမှာပန်လို့ ၊
စနစ်ဆိုး ကို တော်လှန်၊
လူထုအားမာန်။
*ခွပ်ဒေါင်း နှင့် ဒီမိုကရေစီ၊
ပြေ (ပြည်) မြန်မာ ညီဖို့  အရေး။
ဒေါင်းအလံ က အကြောင်းမှန် သရုပ်ဖော်၊
ရွှေပြည်တော် သာစေဖို့  အရေး။
*ခွပ်ဒေါင်းသည် အလံ နှင့်၊
က ဒေါင်း သည် အလံတို့ ၊
ခြင်္သေ့ကို မြေမြှပ် သင်္ဂြိလ်၊
ပြည်မြန်မာ စို ပြေဖို့  အရေး။
*ဒေါင်းအလံ နှင့် ကျောင်းသား၊
မောင်းပြန်နှင့် စစ်သား၊
တသွေးတည်းက ပေါက်ဖွား လာ၊
ကမ္ဘာ့ သမိုင်းမှာ ထင်ရှား။
ကျောင်းသားလည်း ဒေါင်းအလံ လွှင့်ချီ၊
စစ်သားလည်း ဒေါင်းအလံ လွှင့်ချီ။
*ဒေါင်းအလံ ချီကာ ဦးဆောင်တဲ့၊
ဒေါင်းအိုကြီးရဲ့ နောက်ဆုံးခရီးမှာ၊
ဒေါင်းပျို များ ကုဋေ ကုဋာ၊ညီညာစွာစု ရုံး။
‘အဘိရာဇာ’ ဟာ သူတို့ ရဲ့ ဦးဆောင် ဘုရင်၊
ဒေါင်းတို့ ရဲ့ ပထမ မျိုး ဆက် ပင်၊
ဒေါင်းမျိုးဇာတိကို  ဒေါင်းတို့  သတိ နှင့် ဆင်ခြင်။
{စကားချပ်။ ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့ ၏အမှတ်တံဆိပ် ကို ပယ်ဖျက် ၍ “က ဒေါင်း” ဖြင့် အစားထိုးကြရန်လည်း ဤကဗျာဖြင့် တိုက်တွန်းလိုပါသည်။  ကုလားမင်းသား စရကား။  }
အောက်ဖော်ပြပါ သတင်းများ ကို ဒေါက်တာ လွန်းဆွေ မှ ကူးယူ တင်ပြပါသည်။
No comments:
Post a Comment