Wednesday, April 23, 2014

ကဗျာဆရာနေသွေးနီ လှည်းကူးမှာ ကွန်လွန်



Date: 18th April 2014
ရွှေသင်း(ရမည်းသင်းမြို့) သား ကဗျာဆရာကြီး နေသွေးနီ ကွယ်လွန် အနိစ္စ ရောက်ကြောင်း ကြားသိရ တဲ့အတွက် ‘ဝန်ဇင်းမင်းရာဇာ ဝက်ဆိုက်ဒ် ဘလော့ဂါ အဖွဲ့ ’ မှ ဆရာကြီး၏ ကျန်ရစ်သူ မိသားစု နှင့် အတူ ကြေကွဲ ဝမ်းနည်းပါ ကြောင်း။

ကဗျာဆရာကြီး နေသွေးနီ ကောင်းရာ နိဗာန် ဘုံသို့  ရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါ သည်။ 

         အမှန်စင်စစ် ရွှေတကယ် ထွက်ခဲ့ သည့် ယခုလည်း ထွက်နေသေးသည့် ဒေသ မှာ ရမည်းသင်း (ရွှေသင်း) မြို့ ဖြစ်ပါ၏။ ဆရာနေသွေးနီ မွေးဖွားရာ ‘စံပြသိမ်ကုန်းကျေးရွာ’ မှာ ရမည်းသင်းမြို့ အရှေ့ ဘက် ၆ မိုင် ခန့် တွင် ရှိပါသည်။ သိမ်ကုန်းကျေးရွာ အနီးရှိ ရွှေ့မြင်တင် တောင်ပေါ် ၌   ရွှေမြင်တင်ဘုရား

 ရှိ၏။ ရွှေမြင်တင်တောင် အနီး တဝိုက်က တခြား တောင်ကုံး နှစ်ခု ပေါ်မှာက မွန်

ဘုရင် မနုဟာ(Manuha) ခေါ် သူရိယ ကုမာရ (Suria Kumara)၏ တူတော် နှင့်တူမတော် တို့  တည်ထားကိုးကွယ် ခဲ့သော ဘုရား နှစ်ဆူ လည်းရှိနေဆဲ ဖြစ်ပါသည်။ နှစ်ပေါင်း တထောင်ခန့်  ရှိပေပြီ။ 

ဆရာကြီး နေသွေးနီသည် ဝတ္တု များအပြင် သီချင်း တပုဒ် ရေးခဲ့ ဖူးတာ ကို စာရေးသူ မှတ်မိနေပါသည်။ ဆရာကြီး နေသွေးနီက ရွှေသင်း(ရမည်းသင်း) မြို့၏ ဂုဏ်ဆောင် ရွှေအမြုတေ စာပေပညာရှင်ကြီးဖြစ်ပါ၏။  
 ဤ စာမျက်နှာဖြင့်  ဆရာကြီး နေသွေးနီကို ဂါရဝပြု မှတ်တမ်း တင်ပါသည်။

ဝန်ဇင်းမင်းရာဇာ အဖွဲ့ {မင်းညို နှင့် ကုလားမင်းသား စရကား - ရွှေသင်း(ရမည်းသင်း) မြို့ သားများ}

ဆရာကြီး၏ နာရေးသတင်းကို ဒီမှာဖတ်ပါ။

No comments:

Post a Comment