Tuesday, April 1, 2014

ဗမာ (မြန်မာ) နိုင်ငံ ကို အဖက်ဖက်က ကာကွယ်ကြပါ။ ( ဦးချစ်လှိုင် ဘယ်လိုစိတ် ပေါက်တာလဲ မသိပါ။ )



ဦးချစ်လှိုင် က အဲ့ဒီလို ရေးခဲ့ ပါသည်။ မြန်မာ သမိုင်း ဆရာ၊ ဆရာမ တို့ သူစာကို ဖတ်ပြီး ငြင်းကြ (argue)၊ရှင်းကြ (Clarify) ပါ ခင်ဗျား။ 

{In this connection, I am reminded (1) that 'the history of Burma' does not imply more than the history of a sequence of socio-political entities that have 'evolved' into what we now call Burma, a product in many ways of British colonial construction. Its predecessors were indeed not 'Burma' or Myanmar at all. 'Burma', or rather bama in the Burmese language, is simply a contraction. In fact, until the European era, myanma pyi did not refer to a nation but merely to the territory where the Myanma people, the 'Burman', lived and were dominant. Rather, the situation was similar to Siam in 1933 when the new government of the constitutional monarchy renamed the country 'Thailand' (pratheed thai). That expression meant not the kingdom, but 'the country of the Thai people'. In fact, before the name-change, the country was known by complex, Sanskritic formal names. As in all the Indianised states in the region, the colloquial practice was basically to use the name of its capital city. Thus the Europeans regularly referred to 'The Kingdom of Ava' (Inwa pyi), 'The kingdom of Pegu' and so on. Following similar principles, a capital city could be called by the formal, ritual name of the state. Ayutthaya was called 'The City of Siam'. In the case of Burma, at least, the formal, 'classical' Sanskrit name did not refer to the central state at all but to the symbolic 'kingdoms' that it contained, such as Sunaparanta and Tambadipa, respectively, the lands of the upper Irrawaddy-Chindwin valleys and those of the lower part of the Irrawaddy valley. Ritually, they constituted imaginary subordinate kingdoms to a king-of-kings, in Pali, an ekaraja. (2) Even in the middle of the nineteenth century, the ruler of Sunaparanta and Tambadipa did not refer himself as the King of Burma / Myanmar in a letter addressed to the then President of the United States. }{Ref; Hlaing, U. Chit, Journal of Southeast Asian Studies; “Anthropological Communities of Interpretation for Burma: An Overview”


 

အနော်ရထာမင်းကြီး နှင့် ကျန်စစ်သားမင်းကြီး တည်ထောင်ခဲ့တဲ့ ပထမ မြန်မာနိုင်ငံတော်ကြီး ကိုတောင် ဦးချစ်လှိုင် မသိ လေရော့သလား?။  အဲ့ဒါ ဗမာ (မြန်မာ) အင်ပါယာကြီး ပါ။ အနော်ရထာမင်းကြီး သည် ဘုရင်တို့ရဲ့ ဘုရင် မဟာရာဇာ တိ ရာဇာ (Maha Raja-di-raja) ဖြစ်ခဲ့တာကို ဦးချစ်လှိုင် လက်မခံလို့ ရမလား။ ကျန်စစ်သားမင်းကြီး ကလည်း ဘုရင်တို့ရဲ့ ဘုရင် မဟာရာဇာ တိ ရာဇာ (Maha Raja-di-raja) ပါဘဲ။ သေချာ နဖူးပေါ်လက်တင် စဉ်းစားပြီး သတိတရား ရစေလိုပါသည်။ 
အနော်ရထာမင်းကြီး နှင့် ကျန်စစ်သားမင်းကြီး တို့ က တမလွန်ကနေ ဒီလို မေးနေမည် ထင်၏။

"ဘဇာကြောင့် ဦးချစ်လှိုင် ဤ သို့ရေးပါသလဲ။ ဘဝင်မကျပါ။ "

It was Burmese Empire. The Kings are called Maha Raja-di-raja or the King of kings. It meant King Anawrahta is King of all lesser kings. So does King Kyansitta. Burma was an empire under their rule. Is that not a nation? What U Chit Hlaing wrote was ridiculous and insult to Burma and Burmese people, the citizens of Burma.



လွန်ခဲ့သော နှစ်ပေါင်း တထောင် လောက်က ဗမာ (မြန်မာ) နိုင်ငံတော် မှာ ပုဂံ ဆိုတဲ့မြို့တော် နှင့်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကား ခဲ့ပြီ။ မဟာယာန  ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူ (Hiduism) ဗြဟ္မန နတ်ဘုရား တို့ ကိုးကွယ်မှု လည်းရှိတဲ့ အတွက် ဘာသာစုံ ကိုး ကွယ် တယ်လို့ဆို နိုင်ပါသည်။  ပိသုကာ ပညာလည်း ထွန်းကား ပြီး ပန်းချီပန်းပု တွေကမနည်း။ ဘာသာစကားနှင့် စာပေဆိုရင်လည်း ပြူ၊မွန်၊မြန်မာ၊ ပါဠိ ဘာသာလေးမျိုး နှင့် ကျောက်ထက် ကဗျည်း အက္ခရာ တင်နိုင် ခဲ့သည်။   နည်းပညာမှာ ကြေးသွန်းတဲ့ အတတ်ကိုတတ်ပြီး ၊ သံကိုမာအောင် လုပ်နိင် ခဲ့ပြီ။  ယဉ်ကျေးမှု ဆိုရင်လည်း တေးဂီတ နှင့် ရိုးရာအက တွေ ရှိနေပြီ။ ယခု မြန်မာ များ အမြတ်တနိုး ဂုဏ်ယူရတဲ့ ဗမာ့ စောင်း ကောက် ပုဂံ ခေတ်မှာ ရှိနေပြီ။ တေးသီချင်း တီခတနေပြီ။ ဆည်မြောင်းတွေ၊ လယ်ယာတွေ လည်း ဖွံ့ဖြိုးနေပြီ။ ဒီအချက်တွေကို ထောက်ပြီး  မြန်မာပြည်ကို  မြို့ပြနိုင်ငံ ( Nation)  လို့ ခေါ်နိုင်ပါသည်။ 

ဦးချစ်လှိုင်ဘယ်လို စိတ် ပေါက်သွားသလဲ  မသိတော့ပါ။   .







No comments:

Post a Comment