Thursday, March 13, 2014

ဗမာ့တပ်မတော် ဟာ ခေတ်မီသလား ၂၁ရာစု စိန်ခေါ်မှုတွေကိုရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပါသလား။



တတိယ ကမ္ဘာစစ် ဖြစ်မဖြစ်ဆိုတာ ခဏထား နယ်မြေဒေသအငြင်းပွားမှုများ နှင့် စစ် (Regional Conflicts and wars) မဖြစ်နိုင်ဟု မည်သူမှ အာမခံချက် မပေးနိုင်ပါ။ ဘာလို.လဲဆိုတော့ (Power balance) ဆိုတဲ့ အင်အားပြိင်ဆိုင်မှုနှင့် ချိန်ခွင်လျှာညှိခြင်း  ဖြစ်နေတယ။် ဆက်ဖြစ်နေအုံးမယ်။ ဒါကလည်း အပူကွက်နှင့်မီးပွားများ (Hot spots and flash points) ရှိနေတဲ့ အတွက်ဖြစ်ပါတယ်။ အဓိကအားဖြင့် အာရှ မှာ (၂) နေရာ ရှိပါတယ်။ ပထမနေရာက အရှေ. တရုတ်ပင်လယ် ဆန်ကာကူလို. ဂျပန်ကခေါ်ပြီး တယောင်ယုလို. တရုတ်ခေါ်တဲ့ ကျွှန်းစု ဖြစ်ပါတယ်။

(Spratly Islands Conflicting Claims) ဒါကိုအကျယ်မဆွေးနွေးလိုပါ။ သိထားရန်ဖြစ်ပါတယ်။


ဒုတိယတနေရာက အန္ဒိယ သမုဒ်တရာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရှိပါတယ်။ ပထမနေရာက ဗမာနိုင်ငံ နဲ. ဝေး သော်လည်း ဒုတိယနေရာက ဗမာရဲ့ ရေလမ်း အဝင်တံခါးဝ မှာဖြစ်ပါတယ်။
အောက်ကလင့်ခ်ကို နှိပ်ပြီးဖတ်ပါ။


 ကိစ္စ မရှိပါဘူးဆိုကာ မေ့ထားရန်မသင့်ပါ။ အော်ပီကျယ်စကားနဲ့ ဆိုရင် မကြာခင်မှာ “ကိစ” ရှိလာနိုင်ပါတယ်။
ဒီစစ်ဖြစ်ရင် အဓိကပါဝင် ကြမဲ့ နိုင်ငံတွေက ဗမာရဲ့ အဏုမြူပါဝါ ပိုင်ဆိုင်သူ အိမ်နီးခြင်းများဖြစ်တဲ့ တရုတ် နဲ. အန္ဒိယ တို.ဖြစ် ပါတယ်။ ဘာကြောင့်ဒီစစ်ဖြစ်နိုင် သလဲ။
(၁) တရုတ်က အနုချာလ်ပရာဒက်ချ ပြည်နယ်အတွင်းနဲ. ဗြဟ္မပုတ္တရ မြစ်ဝှမ်းတလျှောက်ရှိ တချို.နေရာများကို သူပိုင်ဖြစ်တယ်ဆိုပြီး တောင်းဆိုနေခြင်း၊
(၂) တိုင်(Tai) ဆိုသူများက အာသံဒေသ အတွင်း တချို. နေရာကို သူတို.ရဲ့ မူလနေရပ်ဖြစ်တယ် ဆိုတဲ့ အသံတွေကြားလာရခြင်း။ သျှမ်းတွေကပါ သူတို.ဟာ တိုင် ပါလို. ပြော လာကြခြင်း။
ဒီအကြောင်းနှစ်ရပ်ကို အခြေခံပြီး တရုပ်နဲ. အန္ဒိယ စစ်ဖြစ်လာနိုင်ပါတယ်။ မဖြစ်နိုင်ပါ ဘူးလို. ထိုင်ခုံကျောမှီပြီး၊ လက်ပိုက်နေရန်မသင့်ပါ။ အကယ် ၍ စစ်ဖြစ်လာခဲ့ရင် ဗမာနိုင်ငံဟာ သူတို. နှစ်နိုင်ငံ အကြား စစ်တလင်းဖြစ်ဖွယ်ရာရှိ ၏။ အဲ့သလိုဖြစ်လာခဲ့ရင် ဗမာ့တပ်မတော် အဆင်သင့်ရှိပါရဲ့လား။ လက်ရှိ အခြေအနေမှာ ဗမာ့တပ်မတော်ဟာ အင်အားချည့်နဲ့နေပါတယ်။ ဘယ်နေရာတွေမှာ အင်အား လျှော့နည်းနေသလဲကြည့် ကြပါစို.။
(၁) စိတ်ဓါတ်ရေးရာ (Morale)
(၂) ပြည်သူအားပေးထောက်ခံမှု (moral and physical supports of the people & country)
(၃) စစ်လက်နက်အင်အား (Military armament, equipment and strength)
(4) လေ့ကျင့်ရေး နဲ့ ကြံ့ခိုင်မှု (Training and Physical strength)
(၅)ပြည်ထောင်စု စိတ်ဓါတ် (Union Spirit)
အကြမ်းဖျင်း အရွယ်အစားချင်း ညီတူလောက်ရှိတဲ့ ယိုးဒယား နဲ. ယှဉ်ကြည့်ပါစို.။ တခြားအချက်တွေဘေးဖယ်ထားပြီး ဖြစ်လာရင် လူချင်းဖက်လုံးမယ်ဆိုရင် တောင် ယှဉ်ကြည့်ပါ။


အောက်ကလင့်ခ်ကို နှိပ်ပြီးဖတ်ပါ။
 



 တခြားအချက်တွေဘေးဖယ်ထားပြီး ဖြစ်လာရင် လူချင်းဖက်လုံးမယ်ဆိုရင် တောင် ယှဉ်ကြည့်ပါ။
 
စစ်တိုက်နိုင် တဲ့တပ်သားအင်အား။
ဗမာနိုင်ငံ ၂၁၆၃၃၀၅၂         ယိုးဒယားနိုင်ငံ ၂၇၄၉၀၉၃၉
စစ်တိုက်ရန်အတွက် ကြံ့ခိုင် သော မိန်းခလေး အရည်အတွက်။
ဗမာနိုင်ငံ ၁၀၄၅၁၅၁၅         ယိုးဒယားနိုင်ငံ ၁၃၃၀၈၃၇၂
စစ်တိုက်ရန်အတွက် ကြံ့ခိုင် သော ယောက်ျားလေး အရည်အတွက်။
ဗမာနိုင်ငံ ၁၁၁၈၁၅၃၇         ယိုးဒယားနိုင်ငံ ၁၄၁၈၂၅၆၇
အဲ့ဒီ  အရည်အတွက်ထဲက ဗမာ လူငယ် မိန်းခလေး၊ ယောက်ျားလေး ဘယ်လောက်များ အကြောင်း အမျိုးမျိုး ကြောင့် ပြည်ပရောက်နေကြ သလဲ။
ဒီလောက်ဆို ချက်ဆို နားကွက်ကမီးတောက်တယ် ဆိုတဲ့စကားလို ပညာတတ်များဖြစ်တဲ့ ဗိုလ်မင်း၊အရာရှိမင်းများ (မင်းသမီး သခင်မများအပါအဝင်) သိမြင်ကြမည်ဟုယုံကြည်မိပါသည်။

ဒါတွေကို ဘာလို. စာရေးသူ တွေးမိ ရေးမိ သလဲ။ အဲ့ဒါ ဇာတိမာန် ကြောင့်ဖြစ်တယ်လို. ဆိုရမယ်။
စာရေးဆရာ အနုပညာဆရာများ တိုးတိုးတခါ ကျယ်ကျယ်တမျိုး ထောက်ပြ ကြသည်များ (လူပျက်တို. စော်ကားမော်ကား ကလော်သည်များ မပါ) ကိုလည်း နားဆင်ကာ စဉ်းစားကြပါ မည့် အကြောင်း ပန်ကြားလိုက်ပါတယ်။ သည်မှာ သမိုင်းရေ စီးကြောင်း နှင့် ယနေ့ဖြစ်ပေါ်နေသော အကြောင်း အရာများကို တွေ့ရှိသည့် အတိုင်း အပြုသဘော ဖော်ပြခြင်းသာ ဖြစ်ပါသည်။



မင်းညို (ရန်ကုန် စက်မှု တက္ကသိုလ်-RIT)

 



 

 


 


No comments:

Post a Comment