Tuesday, March 11, 2014

အဲ့ဒါလား လွတ်လပ်ရေးနဲ့ ဒီမိုကရေစီဆိုတာ။(Refer also U Ko Ni's speech in Singapore)



သာမန်လူထုကြီးရဲ့ အမြင်နဲ့ အသိစိတ်မှာ ၁၉၄၈ခု ဇန်နဝါရီလ (၄) ရက်နေ့ ဟာ ဗမာနိင်ငံရဲ့ လွတ်လပ်ရေးနေ့ လို.။ တကယ်တန်း အဲ့ဒီလွတ်လပ်ရေးဟာ ဘယ်လို လွတ်လပ်ရေးမျိုးလဲ၊ ဘယ်လောက်ထိ လွတ်လပ်ခဲ့လဲ။ ဘယ်သူတွေလွတ်လပ်ခဲ့တာလဲ ဆိုတာကို ဆန်းစစ်ကြည့်ကြပါစို.။
   အင်္ဂလိပ်နယ်ချဲ့အစိုးရက လွတ်လပ်ရေးမပေးခင်၊ ဘယ်သူ.ကို ရုပ်သေးအဖြစ်ထားပြီး ကြိုးဆွဲကခိုင်းရမလဲ ဆိုတာလေ.လာပြီး စီစဉ်ထားပြီးပြီ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ဝန်ကြီးအဖွဲ့က အဓိကခေါင်းဆောင်တွေ အသက်ထင်ရှားရှိနေရင် သူတို့လိုချင်သလို ဗမာနိင်ငံကို ပုံဖော်လို့ မရနိုင်တာ သေချာသိထားတယ်။ ဒီတော့ ကျောင်းသားဘဝထဲက သူတို့ရဲ့ လူဖြစ်ခဲ့တဲ့ ဦးကျော်ငြိမ်းကို အသုံးချခဲ့တယ်။ အနောက်တိုင်းစာရေးဆရာတွေရေးတဲ့ မှတ်တမ်းတွေမှာ ဦးကျော်ငြိမ်းဟာ  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်မှုကြီးကို စတင်ကြံစီခဲ့သူ (Mastermind who plotted the assassination) လို.ရေးသားခဲ့တယ်။ အောက်က လင့်(ခ်)ကို နှိပ်ပြီးဖတ်ပါ။ အင်္ဂလိပ်နယ်ချဲ့အစိုးရ၊ဦးကျော်ငြိမ်း နဲ့ ပေါင်းပါတွေဟာ သူတို့ အကြံကို အကောင်အထည်ဖော်ရာမှာ ဦးစောကို လည်း ထောင်ချောက်ဆင်ပြီး၊ ဓားစာခံလုပ်ခဲ့ကြတာပါ။
Please refer below a book   "Burma: Curse of Independence By Shelby Tucker (2001)"

 The followings are some notes from the book.
P/136
May-June 1947.
   First sign of trouble. Split in AFPFL. National Socialist section and Communists begin openly criticize U Aung San and his new policies of rehabilitation and civil postings. A period of general unrest and uncertainty. U Aung San begins losing his hold on the ‘mass’. Defiance strikes threaten to start and widespread non-cooperation with his policies, financial retrenchment and new administration schemes and projects. National Socialists under leadership of U Kyaw Nyein begin big scale ‘dacoity’ attacks in Delta areas under cover of Communist rebellion in Central Burma area. U Aung San strongly condemns ‘dacoity’, a political weapon of his own creation now being used by his new opponents---the National Socialists.
    AFPFL [and] PVO compete in political ‘dacoity’ for party funds and arms. Bribery, corruption and jobbery rife. U Aung San’s city Hall speech in mass rally strongly condemns corruption and removes U Ba Pe from Cabinet in connection with widely known Excise bribe scandal reported to involve U Ba Pe, U Tin Tut and Kyaw Nyein.
    The latter two in UK. U Aung San expresses his disgust and strong determination to dismiss Kyaw Nyein from office on his return. Socialist followers in AFPFL resent this and determine to save their leader, Kyaw Nyein. Hence public widely believe [Kyaw Nyein] commenced plot of assassination. U Saw made scapegoat. True or otherwise, this is widely believed by public and some claim to have material evidence to support their views.[14]
[14]. J.W. Baldwin, memorandum, ‘Latest Development- Political Situation in Burma to 6th November 1947’, attached to note, Lord Pethick-Lawrence to Sir Gilbert Laithwaite, 19 December 1947 (BL OIOC; M/4/2736), altered by minor orthographical corrections. 


P/145  Burma: Curse of Independence
Would be a crime, were it done by the defence. Ba Nyunt, Thu Kha, Khin Maung Yin and Maung Ni were all spared. After examining the evidence, Saw’s defence counsel, Derek Curtis-Bennet, KC, declared unequivocally that it was ‘cooked’[42] and it is perhaps relevant that Saw protested his innocence even as he went to the gallows. One has to bear in mind that neither the British nor the League wanted a distruption in completing the transition to independence, and, after the handing over of power to the interim government, its home member, Kyaw Nyein, was in charge of the police[43] and the courts. Saw knew this and urged the governor to ‘approach His Majesty’s Government to send out Special Police Officers to this Country for the purpose of investigating into the Case’.

P/146 Burma : The Curse of Independence
After Saw was hanged, we find the new British ambassador to a now independent Burma writing to one M.E. Dening in the Foreign office about someone of importance in the League or the police, ‘[He has undoubtedly taken the major part in bringing Saw to the gallows, and that too by methods not entirely in accord with Queensbury rules.’[47] Although the Foreign Office has censored the name of this party, an index in its files suggests he may have been Tun Hla Oung,[48] the CID chief who had been in overall charge of the investigation, and Tun Hla Oung’s record of service with SOE reflects a disquieting question concerning his ‘trustworthiness’.[49] In January 1947, he was modest district superintendent of police with a past record of hostility to the League, and, on 28 March 1947, after the Attlee-Aung San Agreement, he tendered his application for early retirement—only to withdraw it soon afterwards when Kyaw Nyein offered him the plum job of deputy inspector general of police.[50] { Shelby Tucker (2001:p146) Burma: Curse of Independence}

    ဦးစောက သူ မကျူးလွန်ခဲ့ကြောင်း၊ တရားမျှတတဲ့ ခုံရုံးဖွဲ. ပေးဖို. တောင်းဆိုခဲ့ပါတယ်။ သူရဲ့ရှေ့နေ(KC=King’s Council) ကလည်း အမှုတည်ဆောက်ထားခြင်းမှာ၊ ရိုးသားမှုမရှိ ဖန်တီးထားခြင်းဖြစ်တယ်လို. ထောက်ပြခဲ့ပါတယ်။
ဒါကတကဏ္ဍ။
         နောက်ကောသူဘာတွေ လုပ်ခဲ့သလဲ။ ၁၉၄၇(အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးပြီး)က နေ ၁၉၆၁ တော်လှန်ရေး ကောင်စီမတက်မီထိ ဦးကျော်ငြိမ်းဟာ ပြည်ထဲရေးဝန်ကြီး ဌာနကိုကိုင်ခဲ့တယ်။ လွတ်လပ်ရေးမရမီထဲက သခင်စိုးနဲ့ ကွန်မြူနစ်အဖွဲ့တွေ မြေပေါ်မှာ တရားဝင်ဥပဒေဘောင်ထဲမှာနေလို. မရအောင် အင်္ဂလိပ်နယ်ချဲ့အစိုးရနဲ့ ပေါင်းပြီး သူလုပ်ခဲ့တယ်။ အထောက်ထားတွေရှိပါတယ်။ ရှိသေးတယ်။ သူတိုပိုင်  တပ်ဖွဲ. တချို.ကို မြစ်ဝကျွန်းပေါ်(Irrawaddy Delta) မှာ သတ်ဖြတ်မှုတွေလုပ်စေခဲ့တယ်။ 
သူရဲဘာကြောင်ပီး မိုက်မဲတဲ. အဲ့ဒီလုပ်ရပ်ကြောင့် ကရင်နဲ. ဗမာ နှစ်ပေါင်းရှည်ကြာ သွေးကွဲခဲ့ရတယ်။ သူအာဏာရဖို. လုပ်ခဲ့တာပဲ။ဆက်ဖတ်ပါ သူဘယ်လိုအာဏာတွေပြခဲ့ အာဏာရူးခဲ့သလဲဆိုတာ။ဖုံတက်နေပြီဖြစ်တဲ့ ပုဒ်မ -၅ ကို ထုတ်သုံးတာ၊ ဆန်ဒပြအကြမ်းဖက်တဲ့နေရာမှာ ဦဆောင်သူ ကွန်မြူနစ်ခေါင်းတွေကို လူအုပ်ထဲမှာ ရှာပြီး သေချာပစ်လို့ အမိန်.ပေးတာ ဦးကျော်ငြိမ်း။ သိန်းဖေမြင့်ရေးတဲ. “ကျော်ငြိမ်း” စာအုပ်ထဲမှာ (စာ  )။ဦးကျော်ငြိမ်း ပြည်ထဲရေး ကိုင်ခဲ့တဲ့ အချိန်မှာ ရဲစခန်း တချို. ဟာ ရေကြည်အိုင်လောက်ဆိုးတဲ့ ကင်ပေတိုင်လို နှိပ်စက်ခန်းတွေဖြစ်ခဲ့ပါတယ်။ စာရေးသူ ခလေးဘဝကမျက်မြင်တွေ. ခဲ့တာပါ။ အထောက်အထား မရှိဘဲ ကွန်မြူနစ်နဲ. ဆက်သွယ်သူ ကွန်မြူနစ် သတင်းပေး ဆိုပြီး ရက်စက်ကြမ်းကြုတ် လူမဆန်စွာ နှိပ်စက်ခဲ့ကြတယ်။ သာမန်လူထုက ဘာမှ မလုပ်နိုင် ခဲ့ကြပါ။ တကယ်တော့ ဦးကျော်ငြိမ်း အာဏာရှင် ဖြစ်ခဲ့တယ်။
 ဒါ လွတ်လပ်ရေးလား၊ ဒါဒီမိုကရေစီလား?။



သိန်းဖေမြင့်ရေးတဲ့ “ကျော်ငြိမ်း” စာအုပ်စာမျက်နှာ ၁၁၀၊ စာကြောင်း ၃ မှာ ကျော်ငြိမ်းရဲ့ စိတ်သဘာဝကို သိန်းဖေမြင့်ရေးခဲ့တာ က ဒီလိုပါ။


“ သူသည် အပြစ်မဲ့သော လူတရာဖမ်းချင် ဖမ်းရပါစေ၊ အပြစ်ရှိသော သန်းထွန်း ကွန်မြူနစ် တယောက် မလွတ်စေနှင့် ဟူသောဆောင်ပုဒ်ကို ဆောင်လာ ၏။”



ဤအယူဝါဒသည် ဒီမိုကရေစီ နှင့် ဖြောင့်ဖြောင့်ကြီး ဆန်.ကျင်ပြီး ဒီမိုကရေစီ အနှစ်သာရကို ဖျက်ဆီးသည့် အဏာရှင်ဝါဒ သာဖြစ်ပါသည်။ ဒီလောက်ဆိုရင် ဖ၊ဆ၊ပ၊လ၊ ပါလီမန် အစိုးရ ကို ဒီမိုကရေစီ အစိုးရဟု မခေါ်နိုင် တာ နဲ. အဲ့ဒီခေတ် ကို ရွှေ  ခေတ်ဟု မခေါ်နိုင် ကြောင်း ပေါ်လွင် နေပါပြီ။ နောက် တချက်က ကွန်မြုနစ်တွေကို မလိုလားစွာ ခြေမှုန်းလို သူများ က လိပ်ကန် တို.ဖြစ်ပါတယ်။
 
 အကျိုးဆက် တချို. ကတော့၊ သခင်ကြည်ရှိန် က ရာဇဝတ်အုပ်တွေရဲ့ ဇနီးမယားတွေကိုရွေးပြီး မဒိန်းကျင့်ခဲ့တာပါပဲ။တကယ်တော့ ဦးကျော်ငြိမ်းဟာ နယ်ချဲ့လက်ကိုင်တုတ် အာဏာရှင်စင်စစ်ဖြစ်ခဲ့ပါတယ်။
သိန်းဖေမြင့် ရေးထားပါတယ်၊။ သူနဲ့ ကျော်ငြိမ်းဟာ ကျောင်းသားဘဝက  “နိုင်ငံရေးမီးတုတ် ကလေးတွေ” တဲ့။ နောင်သောအခါ သိန်းဖေမြင်နဲ့ ကျော်ငြိမ်းဟာ   “နိုင်ငံရေးမီးတုတ် ကလေးတွေ” က “နိုင်ငံရေးမီးတုတ်ကြီး” တွေဖြစ်လာပါတယ်။ သူတို. ရှို.လို.လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးကြီး ကနေ.တိုင် လောင်မြိုက်နေဆဲ ဖြစ်ပါတယ်။သိန်းဖေမြင့် ကတော့ ခေါင်းဆောင်အသီးသီး၊ ပါတီအထွေထွေကြားမှာ အထင်မှား အမြင်မှားအောင် ခေတ်စကားနဲ. ဆိုရင် အတို.အထောင်လုပ်ခဲ့သူဖြစ်ခဲ့ပါသည်။ သူ.လုပ်ရပ်တွေထောက်ပြီး ဒီလိုကောက်ချက်ချတာပါ။ ဗိုလ်ရဲထွတ် မျက်ရည်ဝဲလျှက်တောခို သွားရတာ၊  ဗိုလ်ဇေယျကြီးတို. တောခိုသွားရတာ မှာ ဦးသိန်းဖေမြင့် နဲ့ ဦးကျော်ငြိမ်းတို့ တာဝန်မကင်းတဲ့ အကြောင်း သူ့ (သိန်းဖေမြင့်) စာတွေထဲမှာ သက်သေရှိပါတယ်။
 
ဒါ လွတ်လပ်ရေးလား၊ ဒါဒီမိုကရေစီလား?။ 



ဦးကျော်ငြိမ်း ဘာတွေလုပ်ခဲ့သေးသလဲ ဆိုတာ၊ ဒီဆောင်းပါးမှာလည်း အထောက်အထားရှိပါတယ်။ ကောက်နှုတ်ချက်ကို အောက်မှာဖတ်ပြီး၊ အပြည့်အစုံ- link ကို Click လုပ်ပြီးဖတ်ပါ။

အစွယ်လိုသူများ (ဒုတိယပိုင်း) 



၁၂)

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်။

လောင်းဝစ္စလမ်း၊ ပြည်သူ့ရဲဘော် ဌာနချုပ်။ 


ကွန်မြူနစ်ပါတီအား (ဖ ဆ ပ လ)အတွင်းမှ ထုတ်ပယ် ပစ်လိုက်ပြီးသည့်နောက် (ဖ ဆ ပ လ) တွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ် ပါတီတို့သာလျှင် အင်အားကြီးမားစွာနှင့် ကျန်ရှိခဲ့တော့သည်။ (ဖ ဆ ပ လ) အဖွဲ့ချုပ်ကြီး အတွင်း၌ အဖွဲ့အစည်း အလံများအား တိုးဝှေ့၍ စိုက်ထူနေကြသည်။ (ဖ ဆ ပ လ) အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်အဖွဲ့ ရှိပါလျက်နှင့် ဆိုရှယ်လစ်ပါတီက လယ်သမား ရှပ်နီတပ်အား စင်ပြိုင်ထောင်၏။ ပြည်ထဲရေးဌာနသည် ဆိုရှယ်လစ် ပါတီဝင်များအား သေနတ်လိုင်စင် ထုတ်ပေးသည်။ ပြည်သူ့ရဲဘော်များကိုမူ မထုတ်ပေး။ ထိုစဉ်က ပြည်ထဲရေး ၀န်ကြီးက ဦးကျော်ငြိမ်း ဖြစ်သည်။ သူက ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင်။ ဤပြဿနာမျိုးက ခရိုင်တိုင်း၌ ဖြစ်ပေါ်၍နေ၏။ ပြဿနာက ကြီး၍သာ လာသည်။ မပေါက်ကွဲကြမှီ စေ့စပ် ဖြေရှင်းပေးရန် လိုပေမည်။ သခင်နုက မေမြို့တွင် ရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းအား ကြေးနန်းရိုက်၍ ရန်ကုန်သို့ အမြန်ပြန်လာရန် ခေါ်လိုက်သည်။ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ ညီညွှတ်ရေးအတွက် (ဖ ဆ ပ လ)က စေ့စပ်ရေး ပြုလုပ်ပေးသည်။


ပြည်သူ့ရဲဘော်အဖွဲ့ ဌာနချုပ်ဝင်းတ၀ိုက် လူများ တဖြည်းဖြည်း စုံလာကြပြီ။ ယောလုံချည်အကွက် ရင်ဖုံးအင်္ကျီနှင့် ဆရာဦးဘချိုသည် ညှိုးငယ်သော မျက်နှာဖြင့် ပြည်သူ့ရဲဘော်များအား လှမ်း၍ ကြည့်နေသည်။ ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ် ၀င်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်နေရင်း သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ တခါ တခါ ဆရာဦးဘချိုကို လှမ်း၍ စကားပြောသည်။ ဆိုရှယ်လစ်ပါတီမှ ခရိုင် တာဝန်ခံများလည်း စုံပြီ။ ပြည်သူ့ရဲဘော်မှ ခရိုင်ခေါင်းဆောင်များလည်း စုံကြပြီ။ သခင်နုကစ၍ စေ့စပ်ရေးစကား ပြောသည်။


ဦးကျော်ငြိမ်း ဘယ်လိုလူးစား ဆိုတာ သိလောက်ပါပြီ။



ဒဂုန်တာရာ ၏ “သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်” မှ ကောက်နှုတ်ချက် ကိုလည်းလေ့လာပါဦးစို့။ 
 

ယခုခေတ် ကွန်မြူနစ်ဝါဒကို လေ့လာသူတိုင်း သခင်သန်းစိုး၊ သခင်သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ်စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး၊ ဖေါက်ပြန်ရေး၊ ကလပ်စည်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။

ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့်၊ လက်ဦးစွန့်၍ တည်ထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။

သခင်စိုး၊ သခင်သန်းထွန်းတို့က စွန့်ကာ စလိုက်သော ကွန်မြူနစ်လမ်းစဉ် စာတမ်းများကို ဘတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။

ကွန်မြူနစ်နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်းနားလည်အောင် အဓိပ္ပါယ်ကောက်ပြသော သခင်သန်းထွန်းကား ချုံနွယ်ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ။
ယခု ပြည်တွင်းစစ်၊ ပြဿနာကိုကား ကျွန်တော်သည် ဘာမျှ ထင်မြင်ချက် မပေးလိုသေး။ ဘာဘဲ ပြောကြ အော်ကြ၊ နောက်ဆုံး သည်လူတွေဟာ အတူတူ လူချည်းပါဘဲ။

ကျွန်တော့်အဖို့ရာကား၊ တော်သူတွေ နေရာကောင်းတွင် ရောက်စေချင်သည်။ လက်တွဲ၍ တော်လှန်ရေးကို လုပ်လာသူတွေ၊ ယခုလည်း လက်တွဲကာ အုတ်သစ်ကလေးများကို သယ်စေချင်နေ၏။ နောက်ပြီး လူအများဆန္ဒအရ လုပ်စေချင်၏။ မလိုတာကို အတင်းကြပ် ပေးတာလည်း မကြိုက်၊ ဒီမိုကရေစီ စင်မြင့်တွင် လွတ်လပ်မှု အခွင့်အရေးသည် ပျံဝဲနေစေချင်၏။

တကယ့် အမြုတေများ ပါဝင်သော အမျိုးသားတပ်ပေါင်းချုပ် ပြည်သူ့အစိုးရကို လိုချင်၏။ ။

ဒဂုန်တာရာ။
၁၉၄၈ ဇွန်လ။
{ဂျာနယ်ကျော်မမလေး စာပေဖြန်ချိရေးမှ ပထမအကြိမ် ထုတ်ဝေတဲ့ 'ဒဂုန်တာရာ- ရုပ်ပုံလွှာ'၊ ၁၉၅၅ခုနှစ်၊ စာအုပ်မှ ကူးယူဖော်ပြပါတယ်။}
{တို့ဗမာ အစည်းအရုံး ဝက်ဘ်ဆိုက် မှ}


ဒဂုန်တာရာက ပညာရှိဆန်စွာ ရေးခဲ့၏။ 
ထိုစဉ်က အစိုးရအဖွဲ့တွင် လက်ဝါးကြီးအုပ် ခြယ်လှယ်နေသူများကား   ဦးကျော်ငြိမ်း အုပ်စု ဖြစ်ပြီး၊ လွတ်လပ်ရေးကျိုးပမ်းမှု နှင့် ဝါဒရေး၊နိုင်ငံရေး များကို အစဉ်တစိုက် ကိုယ်ရည်သွေးကာ “ငါနှင့်ငါသာ နှုင်းစရာ”  ဆိုတဲ့ အချိုးနဲ့ ရေးခဲ့သူမှာ သိန်းဖေမြင့် ဖြစ်၏။ သိန်းဖေမြင့်သည် ဗိုလ်ချုပ်အောင်ဆန်းထက် သူကသာသည်ဟုရေးဝင့်သူဖြစ်၏။ သူရေးတဲ့ “ကျော်ငြိမ်း” စာအုပ်ကိုဖတ်ပါ။ ဒါကြောင့် ရန်ကုန်ဘဆွေ က “မင်းလိုလူစား အများကြီးဟေ့” ဆိုတဲ့ စာအုပ်ကိုရေးခဲ့ သည် ဟုထင်ပါသည်။
 
 

စာရေးသူ အထက်တန်းကျောင်းသား ဘဝက ဖတ်ခဲ့မှတ်ခဲ့သော ကဗျာ တပိုင်းတစကို သတိရမိပါတယ်။ စာရှုသူများလည်း ဒီကဗျာကို သိပြီးဖြစ်မှာပါ။
လူဆိုသည်ကား။
လူ၌ သာ၊

ပညာကြီးမား၊ ဘွဲ့အများနှင့်၊

တတ်ထားသိပ်ပ၊ ပါမောက္ခဟု၊

ကမ္ဘာ့တခွင်၊ စာရင်းဝင်လည်း။

လူသည်လျှင်၊

နေ့စဉ်ဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊

ကျင့်မြတ်လျှော်ညီ၊ ပြုတတ်သည်ဟု၊

စွမ်းအင်ပြည့်စုံ၊ ဆိုပါတုံလည်း၊

လူစိတ်ပြောက်၍၊ဖောက်ပြန်သောခါ၊

ကြောက်စရာပင်၊ စိတ်မှာမယုံနိုင်အောင် ရှိတကား။

                                ထီလာစစ်သူ

အဲ့ဒါကြောင့် ဖဆပလ ပါလီမန် ခေတ်သည် လူထုအတွက်တော့ရွှေခေတ်လို့ မခေါ်နိုင်ပါပေ။ဦးကိုနီ စင်္ကာပူမှာ ဟောပြောတာကိုညွှန်းပါသည်။
{စကားချပ်။ ဒီအကြောင်းများကိုမရေးတော့ဘူးလို. နေခဲ့တာ။ ဦးကိုနီပြောတာတွေနားထောင်ပြီး ရေးသင့်တယ် ရေးမှပါဆိုပြီး ရေးဖြစ် ပါတယ်။}

No comments:

Post a Comment