Sunday, December 28, 2014
" ဆရာမ ကျုပ်မှာ အချိန်မရှိဘူး လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ "
" ဆရာမ ကျုပ်မှာ အချိန်မရှိဘူး လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ်
ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ "
Credit Golden Man
Bogyokre"s proposing styler. 
Wednesday, December 24, 2014
DVB - လက်ပံတောင်း ပဋိပက္ခ မြင်ကွင်း (၂၂ ဒီဇင်ဘာ ၂၀၁၄)
DVB - လက်ပံတောင်း ပဋိပက္ခ မြင်ကွင်း (၂၂ ဒီဇင်ဘာ ၂၀၁၄) လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ရဲနဲ့ ဒေသခံတွေအကြား ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၅၀ အရွယ် ရွာသူတဦး သေဆုံးပြီး လူ ၂၀ ခန့် သေနတ်ဒဏ်ရာ ရသွားပါတယ်။လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၂၀ထက် မနည်း ဒဏ်ရာရ
 ဆူးခင်းလမ်း သုတရသ
လက်ပံတောင်းကျိန်စာ
ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ယနေ့  ရေးတဲ့ကဗျာ
 လက်ပံတောင်း
အသက်ပေါင်းများစွာစတေး
သွေးနဲ့မော်ကွန်းတင်
ရာဇဝင်သမိုင်းအသစ်
အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။
ဒါဒို့ရေ ဒါဒို့မြေ
ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
လယ်ကွက်မြေကွက်အဓမ္မလု
မမျှမတတဲ့ လူ့အခွင့်အရေး
အသက်ကိုပါပေးရတဲ့အဖြစ်
လက်ပံတောင်းတောင်စစ်တလင်း
သွေးချင်းချင်းနီ
ပြည်သူကိုသတ်တဲ့ကျည်ဆံ
သမိုင်းကိုမှန်ပြီးကျန်ခဲ့။
တောပျောက်တောင်ပျောက်
လယ်ပျောက်ယာပျောက်
ရွာပျောက်လူပျောက်
ဖျောက်ချင်တာဖျောက်
ပျောက်ချင်တာပျောက်
ဖျောက်တိုင်းမပျက်
ဖျက်တိုင်းမစင်
ရာဇဝင်ရိုင်း
သွေးသမိုင်းကို
ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
နာကျည်းစေ။
မောင်စိန်ဝင်း ( ပုတီးကုန်း )
၂၃ -၁၂ -၂၀၁၄
ကို tun wai မှ တဆင့် ကူးယူတင်ပြပါသည်။
Credit Love Hunter
လက်ပံတောင်းကျိန်စာ
ပြောင်လိမ်ပြီ
လက်ပန်းတောင်း သတင်း(၁)
Monday, December 8, 2014
ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်
မူရင်းရေးသား တင်ပြ သူ ၏ အာဘော်သာ
ဖြစ်ပါသည်။ From Myo Gyi's Fb
ဒေါ်စု သမ္မတ ဖြစ်သင့် မဖြစ်သင့်ဆိုတဲ့ ပိုစ့်အောက်မှာ မဖြစ်သင့်ဘူးလို့ ရေးထားတဲ့သူတွေရဲ့ ကွန်မက်တော်တော်များများမှာ သူမဟာ ဗုဒ္ဓဘာသာကို စော်ကားလို့၊ ဘာသာခြားအရေးပေးလို့ စတဲ့ အကြောင်းအရာကို အခြေခံပြီး ပြောတာများတယ်။
ဒါဆို သူမဟာ တကယ်ဘဲ အဲလိုဖြစ်နေလား…. ??? တကယ်ဘဲ ဗုဒ္ဓဘာသာရဲ့ ရန်သူလား…. ကိုယ့်လူမျိုးကို အရေးမပေးဘူးတဲ့လား…. ဆိုတဲ့ မေးခွန်းတွေအတွက် တချက်စဉ်းစားကြည့်လိုက်ရအောင်ဗျာ….
ဒေါ်စုကို ဗုဒ္ဓဘာသာရဲ့ ရန်သူလို့ စွပ်စွဲတာ မသီတာထွေးကနေ အစပြုတဲ့ ရခိုင်အရေးအခင်းမှာ ဒေါ်စုရဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြောဆိုတယ်လို့ အကြမ်းအားဖြင့် သုံးသပ်ရပါတယ်။ ဟုတ်ပြီ…. အဲ့ဒီအချိန်ကာလကို တစ်ချက် ကြည့်ရအောင်။
ထိုအချိန်က ဘင်္ဂလီလူမျိုးတွေနဲ့ ရခိုင်နဲ့ ပြသနာဖြစ်ပွားချိန်၊ အိမ်တွေ မီးရှို့ လူတွေသတ်နဲ့ ထိန်းမနိုင် သိမ်းမရဖြစ်ချိန်၊ ပြည်သူတွေက ဒီပြသနာအပေါ် ဒေါသထွက်ပြီး ရန်မီး အစပျိုးတော့မယ့်အချိန်၊ မသမာသူတစ်စုရဲ့ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် လမ်းကြောင်းလွဲ လှုံဆော်နေချိန်၊
သမ္မတလုပ်သူ ဦးသိန်းစိန်က သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုကို မစိုးရိမ်ရန် ပြောဆို နှစ်သိမ့်မှု လုံးဝ မလုပ်ဘဲ ပစ်ထားချိန်.. အဲ့လို အချိန်မှာ အဲဒီအတိုင်းဘဲ ရှေ့ဆက်သွားရင် ရခိုင်မီးစဟာ တတိုင်းပြည်လုံးပျံ့နှံ့ပြီး စစ်ဘေး ကပ်ဘေး ကျရောက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။
အဲ့ဒီအချိန်ကျရင် နောက်ကြောင်းပြန်လှည့်ချင်သူ တစ်စုက တိုင်းပြည်မငြိမ်မသက်ဖြစ်လို့ မလွဲမရှောင်သာ စစ်အာဏာပြန်သိမ်းလိုက်ရပါတယ်ဆိုပြီး ဖြစ်လာမယ်။
အဲ့လိုမျိုးဆို ခင်ဗျားတို့ ကျွန်တော်တို့ ခုချိန်မှာ ဒီမိုကရေစီဆိုတဲ့ အရသာ လုံးလုံးခံစားရမှာမဟုတ်ဘဲ အရင်လို အာဏာရှင်လက်အောက်မှာဘဲ ပေးတာယူ ကျွေးတာစားဘဝနဲ့ နေနေရမှာ မလွဲပါဘူး။
ဒါတွေကို ကြိုမြင်တဲ့ ဒေါ်စုက ပြသနာပိုမကြီးလာခင်မှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဝင်တားဖို့ သူလုပ်ရတော့မယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမ ဘယ်လိုလုပ်သွားလဲ ကြည့်ကြပါ။
ရန်ကုန်မှာရှိတဲ့ မွတ်ဆလင်တွေဖက်ကို သွားနှစ်သိမ့်တယ်၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတယ်။ အဲ့လို ပြောအပြီးမှာ ဘာဖြစ်သွားလဲ…. ဒေါ်စုကို ထောက်ခံတဲ့ သူတွေထဲက ဒေါ်စု ဘာဖြစ်လို့ တခြားဖက်ပါရတာလဲ၊
ဒေါ်စုကို ငါတို့ဖက်က ထင်ထားတာ ခုဘယ်လိုဖြစ်တာလဲဆိုပြီး တွေဝေကုန်တယ်။ တချိန်လုံး ချမယ် ဆော်မယ် တကဲကဲဖြစ်နေတဲ့သူတွေ ဒေါ်စုစကားအပြီးမှာ ဒီဖြစ်စဉ်ကို ပြန်စဉ်းစားသုံးသပ်လာကြတယ်။
ဒီလိုနည်းနဲ့ ဒေါ်စုဟာ ပြည်သူတွေရဲ့ အမျက်ဒေါသကို လူမျိုးရေး အဓိကရုန်းဆီ ဦးမတည်စေဘဲ သူ့အပေါ်ဘဲကျရောက်ပါစေတော့ဆိုပြီး လမ်းလွဲလိုက်တာဘဲ ဖြစ်တယ်။
ဂျောက်ထဲ ကျဖို့ လိမ့်နေတဲ့ကားကို ရှေ့ကနေ ဝင်ခံလိုက်တဲ့ သဘောပေါ့။
ဒေါ်စု မွတ်ဆလင်တွေကို သွားနှစ်သိမ့်တာတွေ၊ လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူးလို့ ပြောသွားတာတွေဟာ ဘာအဓိပ္ပါယ်လဲ…..
ဒါတွေက ရခိုင် ကိစ္စမကျေနပ်လို့ နီးစပ်ရာမဆိုင်တဲ့ မွတ်ဆလင်တွေကို လူထုပြသနာရှာမှာစိုးလို့ ဖြေရှင်းလိုက်တဲ့ သဘောပါဘဲ။ လူထုဒေါသကနေ အဓိကရုန်းဖက်မရောက်အောင် လမ်းကြောင်းလွဲလိုက်တဲ့သဘောပါ။
ဒီလိုလုပ်လို့ သူမအပေါ် ထောက်ခံမှု ကျဆင်းကုန်မယ် ပြည်သူတွေ အမြင်စောင်းကုန်မယ်ဆိုတာ သာမာန် လူတစ်ယောက်တောင် သိမှာပါ။ ဒါဆိုဘာလို့ ဒီလိုလုပ်လဲ?
ရွေးစရာလမ်းမရှိတော့ ... တိုင်းပြည် ပဋိပက္ခဖြစ်မှာ၊ စစ်အာဏာရှင်လက်ထဲ ထပ်ပြီးကျရောက်သွားမှာကို စိုးရိမ်ပြီး ပြည်သူတွေ အပြစ်တင်ခံ၊ အတိုက်ခိုက်ခံပြီးတော့ကို ပြောခဲ့ဆိုခဲ့တာပါ။
ဒီလို ဒေါ်စု လမ်းကြောင်းလွဲတောင်မှ နောက်ဆက်တွဲ မိထ္ထီလာ၊ လားရှိုး အစရှိတဲ့ မြို့တွေမှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာပါသေးတယ်။ ဖြစ်လာတဲ့ ပဋိပက္ခတွေကလည်း နောက်ကြောင်းပြန်ချင်တဲ့ လူတစ်စုရဲ့ စနက်ပါတယ်ဆိုတာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။
နောက် ဒေါ်စု ဘာပြောသွားလဲ….. တရားဥပဒေ စိုးမိုးမှုရှိရမယ်လို့ ပြောသွားတယ်။ ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်တာ၊ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောဘဲ အပြစ်ရှိရင် ရှိတဲ့ ဘင်္ဂလားဘဲ ဖြစ်ဖြစ် ရခိုင်ဘဲ ဖြစ်ဖြစ် ဥပဒေနဲ့ တိတိကျကျ အရေးယူဖို့ တိုက်တွန်းတာ။
ဒါဟာ ပြသနာရဲ့ တကယ့် main point ပါဘဲ။ အဲလိုမဟုတ်ဘဲ ဘက်တစ်ဘက်ကို နင်းပြီးဖြေရှင်းရင် မြန်မာပြည်လို လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်မှာ အဓိကရုန်းဖက်ကို ဦးတည်သွားစေနိုင်ပါတယ်။ အဲလိုဖြစ်လို့ နစ်နာရင် တိုင်းပြည်နဲ့ ပြည်သူတွေဘဲ နစ်နာမှာဖြစ်ပြီး အာဏာရှင်ဟောင်းတွေအတွက်တော့ စားပေါက်ရသွားမှာဘဲဖြစ်ပါတယ်။
နောက် အများစွပ်စွဲနေကြတဲ့ ဒေါ်စုက ဟိုဖက်ကိုလိုက်တယ်ဆိုတဲ့ ကိစ္စကို မမှန်ကြောင်း သူမ ဖြေရှင်းသွားတယ်။ “ကျွန်မ ရိုဟင်ဂျာကို မသိဘူး” ဆိုတဲ့ နိုင်ငံခြား အင်တာဗျူးမှာပါတဲ့ သူမရဲ့ ပါးနပ်တဲ့ အဖြေဟာ သူမရဲ့ ရပ်တည်ချက်ကို ဖော်ပြလိုက်တာပါဘဲ။
ဒါဟာ ရခိုင်မှာ စိမ့်ဝင်နေတဲ့ ဘင်္ဂလားနိုင်ငံသားတွေကို ရိုဟင်ဂျာလို့ မသတ်မှတ်ဘူးဆိုပြီး အတိအလင်းပြောသွားတာပါ။ အင်မတန် ရှင်းလွန်းအားကြီးပါတယ်။
နောက်တချက်ရှိတာ ဒေါ်စုဟာ ဗုဒ္ဓဘာသာအတွက် အန္တရယ်ဆိုရင် ဘာလို့ သီတဂူဆရာတော်လို ကမ္ဘာ့သာသနာပြု ဆရာတော်တွေ၊ အရှင်ဆန္ဒာဓိကလို အများကြည်ညိုရတဲ့ ဆရာတော်တွေ၊ ဒယ်အိုးဆရာတော်လို အမှန်ကို အမှန်အတိုင်းဟောရဲတဲ့ ဆရာတော်တွေက ဘာလို့ဒေါ်စုဘက်မှာ ရပ်တည်နေရတာလဲ။
ဒေါ်စု သမ္မတဖြစ်ရင် ကုလားတိုင်းပြည်ဖြစ်မယ်ဆိုရင် ဒီဆရာတော်တွေက ဘာလို့ ဒေါ်စုဘက်မှာ ရှိနေတာလဲ။
ဒါတချက်စဉ်းစားစရာပါ။ နောက်ပြီး ဒေါ်စုဟာ ဘာသာတရား ကိုင်းရှိုင်းသလို သူမကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆိုတာ ဒီလိုမျိုးဆိုပြီး ဂုဏ်တက်ရတာဘဲရှိပါတယ်။ ဒေါ်စုကြောင့် နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ နာမည်ပျက်တာ မရှိဖူးပါဘူး။
သူမဟာ သံဃာတော်တွေကို မရိုက်ဘူး၊ ဝရမ်းပြေးအဖြစ် မဖမ်းဘူး၊ သေနတ်နဲ့ ပစ်ဖို့ အမိန့်မပေးဘူး၊ မီးလောင်ဗုံးတွေနဲ့ မပစ်ဘူး၊ ကျောင်းတွေ မသိမ်းဘူး၊ သိမ်တွေ မဖျက်ဘူး။ ဒီလိုမျိုးတောင်မှ သာသနာဖျက်မယ့်သူ၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်သူလို့စွပ်စွဲရင် ယုတ်တိရှိရဲ့လား…. သေချာစဉ်းစားကြည့်ရင် အဖြေ အရှင်းသားတွေ့ရမှာပါ။
ဒါမှ သဘောမပေါက်ဘူးဆိုရင် ဒေါ်စုရဲ့ သမိုင်းကို ပြန်ကြည့်ပါ။ လင်ယောင်္ကျား အင်္ဂလန်မှာ ရောဂါအခြေအနေဆိုးရွားပြီး ဆုံးခါနီးအချိန်တောင် မပြန်ဘဲနေတာ၊ ဖတဆိုး သား ၂ ယောက်ကို ပြန်မကြည့်အားဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတာ၊ အသက်အန္တရယ် ခြိမ်းခြောက်ခံရတဲ့ ဒီပဲယင်းလို အရေးအခင်းမျိုးကြုံလည်း နောက်မဆုတ်ဘဲ ဒီမိုကရေစီရရေး မမှိတ်မသုံကြိုးစားတာ၊
နေအိမ်အကျယ်ချုပ်ခံရလည်း ဘယ်တော့မှ အလျော့မပေးတာစတဲ့ သမိုင်းတွေကို ဖြတ်သန်းလာခဲ့တာ ဘယ်သူ့အတွက်လဲ ?။
မြန်မာပြည်သူတွေ အတွက်လား တိုင်းတပါးသားတွေ အတွက်လား။ ပြောမှာပေါ့ အာဏာရချင်လို့၊ ငွေမက်လို့၊ တိုင်းပြည်ရဲ့ အကြီးဆုံးနေရာမှာနေပြီး စိတ်တိုင်းကျ ချယ်လှယ်ချင်လို့ဆိုပြီး။
ဒါဆို အဲ့ဒီ စွပ်စွဲချက်တွေ မှန်မမှန် တချက်ကြည့်ရအောင်။ သူမသာ တကယ် ငွေမက်ရင် မြန်မာပြည်က ထွက်ပြီး ကြိုက်တဲ့ နိုင်ငံကြီးမှာ သွားနေလို့ရတာပေါ့။ နိုင်ငံတိုင်းကလည်း သူမလို သြဇာတိက္ခမ ကြီးတဲ့ ခေါင်းဆောင်မျိုးကို ကြိုဆိုပြီးသားဘဲ။ ကမ္ဘာ့ထိပ်တန်း အမေရိကန်နိုင်ငံကတောင် သူမလိုထက်မြတ်တဲ့လူကို နေရာပေးချင်နေတာ။
ငွေလိုချင်လား ပေးမှာဘဲ၊ အိမ်လိုချင်လား ပေးမှာဘဲ၊ ရာထူးလိုချင်လား လိုလိုလားလားနဲ့ကို ပေးအုံးမှာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုး၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးကို အတိအကျ နားလည်လို့ပါဘဲ။ ဒါဆို သူမ ဘာလို့ ဒီနိုင်ငံမှာ အနစ်နာခံနေတာလဲ။
ဇိမ်နဲ့နေ ဇိမ်နဲ့သွားလို့ရတဲ့ အခြေအနေမျိုးကို စိတ်မဝင်စားဘဲ ဆိုးရွားလှတဲ့စစ်အာဏာရှင် အောက်က ပြည်သူတွေနဲ့ ဒီမိုကရေစီရရေး ဘာလို့ ရုန်းကန်နေရတာလဲ။
ဒါကရှင်းနေပါပြီ။ သူမ ရာထူးကို မက်တာမဟုတ်ဘူး၊ ငွေကိုလည်း မက်တာမဟုတ်ဘူး။ သူမမက်တာ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ရောက်ပြီး ပြည်သူပြည်သားအားလုံး တပ်မတော်ပါ မကျန် စည်းစည်းလုံးလုံး နေထိုင်ခွင့်ရတာကို မက်မောတာ။ ဒါကလည်း သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာပါဘဲ။
ဒေါ်စု ငယ်ငယ်လေးကတည်းက ဗိုလ်ချုပ်ဆုံးသွားလို့ ဖခင်နဲ့ သိပ်မနေလိုက်ရပေမယ့် ဖခင်ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ရေးအိပ်မက်ကို တတ်နိုင်သလောက် အကောင်အထည်ဖော်ရင်း ကျေးဇူးဆပ်နေတာပါဘဲ။ ဒေါ်စု ကတပ်မတော်သားတွေကို တိုက်ခိုက်နေတာမဟုတ်ဘူး။ တပ်မတော်ကိုခုတုံးလုပ်အသုံးချပြီးတကိုယ်ကောင်းဆန်တဲ့ အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်နေတာ။
ဒီလောက်ဆိုရင် ဒေါ်စုအပေါ် တော်တော်လေး အမြင်ရှင်းလောက်ပြီ ထင်ပါတယ်။ မှိုင်းတိုက်ခံထားရတဲ့ သူတွေ၊ အထင်လွဲနေတဲ့ သူတွေလည်း ဒေါ်စုအပေါ် အမြင်မှန် ပြန်ရပါတော့ဗျာ။ ၂၀၁၅ ဆိုတဲ့ ခရီးကြမ်းအတွက် တကွဲတပြားဖြစ်မနေဘဲ စုစည်းမှုဖြင့် အာဏာရှင်ဆန်တဲ့ ခြေဥကို ပြင်ဆင်ပြီး ဒီမိုကရေစီ တိုင်းပြည်သစ်ဆီ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင် ဒီစာကို ဒီမှာဘဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။
အားလုံး ကျန်းမာချမ်းသာကြပါစေ။
(Credit- Ryo Miyaichan )
နှလုံးသားကို အလှဆင် ပါ။
လူ တို့  နှလုံးသား
အမုန်းမပွားကြ စေ
မေတ္တာ ဆွတ် ဖြန်း
အချစ်ပန်းလှိုင် ကြွယ်
အကြင် ဏာ တရားတွေ
ထားကြမှ စိတ်ထားမြတ်မယ်
နှလုံးသားမယ်
အမုန်း တရား ပယ်
အပြုံးများ ကြွယ်ကြ စေ ဘွယ်။
စေ တနာတွေ ဖြိုးဝေကာ
မိုးစွေပါ ကွယ
စိန်ရွှေရတနာ
နီလာ ပုလဲသွယ်
စီကာ ဆွဲ မှ လှ မယ် မထင် ဘွယ်
အလှဆိုတာ အစဉ် အမြဲ
သင်္ခါရ ဘဲ ကွယ်
ရိုး သား သိမ် မွေ့  နှ လုံးလှရင်
လော က ကို အလှ ဆင် နိုင် လိမ့် မယ်
အစဉ် အမြဲ ဘဝ လှပ ရေး အတွက်
ရင် ထဲ က အလှ သာ ရွေး ကွဲ့ 
ပြုံး မြ မြ နှလုံး လှ ပါ ရင် ကွယ်
အမုန်း စကား မဆို ကြ အစဉ်သာတကယ်
နှလုံး သားကို အလှ ဆင် ပါ ကွယ်။
သီချင်း ကို အစ အဆုံး ပြန် မှတ် မိ ဆို နိုင်
တော့ မှ သီချင်း ခေါင်းစဉ် ပါ ပေါ် လာ ပါ တယ်။
ဒီသီချင်း က ဗမာ အတွက် သာ မက
တကမ္ဘာလုံး အတွက် ပါ သင့် လျော်တဲ့
အတွက် universal ဖြစ် ပြီး globalize
လုပ် နိုင် မယ် ထင် ပါ တယ်။
ဆရာ တင် မိုး ရဲ့ the sky is the limit
ကဗျာထဲက လို ကျွန်တော် တို့  အနှစ်သာရ
ယဉ်ကျေး မှု အနု ပညာ တွေ ကို ကမ္ဘာဖြန့် 
နိုက် ပါ ပြီ။
ဒီသချင်း ကို ကျွန် တော်နဲ့ အတူ
လိုက် မဆို နိုင် ဘူး လား။
လိုက် ဆိုကြ စမ်းပါ ဗျာ။
ရင်းတဲ့ သူ ငယ်ချင်း တွေ က စပြီး
လိုက် ဆိုကြ စမ်းပါ။
From Kalarminthar Saraka's facebook
Sunday, November 30, 2014
အောင်ဆန်း ( သို့ ) ဗိုလ်ချူ ပ်....အောင်ဆန်းသည် စာအုပ်ကြီးသမားမဟုတ်
အောင်ဆန်း ( သို့ ) ဗိုလ်ချူ ပ်....
(၅) အချို့ က အောင်ဆန်းအား စိတ်လိုက်မန်ပါ လုပ်တတ်သည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်.. အမှန်မှာ ပြဿ နာတစ်ရပ် ဖြေရှင်းရာတွင် အောင်ဆန်းလောက် ခေါင်းအေးအေးထား စဉ်းစားတတ်သူ ရှားမယ်ထင်ပါသည်.. ကျွန်တော်နိုင်ငံရေးနယ်ထဲဝင်ခါစ တောင်တွင်းကြီး ဖဆပလ ဥက္ကဋ္ဌလုပ်နေစဉ် အင်္ဂလိပ်စစ်အုပ်ချူ ပ်ရေးကို မကျေနပ်သဖြင့် သူပုန်ထလိုစိတ် ပေါ်လာသည်.. ရန်ကုန်ဆင်းလာပြီး အောင်ဆန်းအား ပြောပြရာ...
" နိုင်ငံရေးမှာ စောင့်နိုင်တဲ့ သတ္တိရှိရတယ်"
(In Politics you must have the power to wait).. ဟု ပြောပါသည်..
စောင့်နိုင်တဲ့ အရည်အချင်း မရှိလို့ အချို့ နိုင်ငံရေးခေါင်းဆောင်တွေ အရှုံးနှင့် ရင်ဆိုင်ရသည်ကို အတွေ့အကြုံများလာလေ သဘောပေါက်လာလေ ဖြစ်ပါသည်....
အောင်ဆန်းတွင် စောင့်နိုင်တဲ့ အရည်အချင်း ရှိသဖြင့် ကျွန်တော်နှင့်တွေ့ပြီး မကြာမီပင် အင်္ဂလိပ်အစိုးရက သူ့အား ထိုးအပ်ရလေသည်.. စောင့်နိုင်တဲ့ အရည်အချင်းဆိုသည်မှာ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေခြင်းကို မဆိုလို.. လက်ဝဲမကျွံခြင်းအောင် သတိထားခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်.. ဥပမာ- အောင်ဆန်းသည် ၁၉၄၂ ခု ဂျပန်ဝင်လာစကပင် ဂျပန်ကို တော်လှန်လိုစိတ်ရှိသည်.. သို့သော်လည်း ချက်ချင်း မတော်လှန်သေးဘဲ လူထုစည်းရုံးရေးသာလုပ်သည်.. ၁၉၄၅ တော်လှန်ရေးလုပ်သော် အောင်မြင်သည်...
အောင်ဆန်းသည် စာအုပ်ကြီးသမားမဟုတ်.. တစ်နည်းအားဖြင့် တရားသေဝါဒသမားမဟုတ်ဟု ဆိုရမည်.. ပြဿ နာအရပ်ရပ်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားပြီးမှသာ ဆုံးဖြတ်သည်.. ပါရဂူ ဆိုသူများကို အထင်မကြီးပါ.. * ပါရဂူ ဆိုသူများလည်း မမှားနိုင် မဟုတ်ပါ.. ပါရဂူများ၏ အကြံပေးချက်ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ပေါင်းစပ်ပြီးမှသာ လက်ခံရမည်* ဟု ဆိုရွန်တိုဗီလာ အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်...
ထိုအစည်းအဝေးမှာပင် ( In our eagerness we may fall into the error of wanting to accomplish too much in too short a time.)...
" ကျွန်ုပ်တို့သည် ဆန္ဒစောပြီး အချိန်တိုတိုလေးနှင့် အများကြီး ပြီးမြောက်စေလိုသော အမှားမျိုး မဖြစ်စေရန် ဂရုစိုက်ရမည် ဟု ပြောကြားသွားလေသည်....
ဦးအောင်သန်း
တောင်တွင်းရွှေပြည်မဂ္ဂဇင်း
၁၉၈၄ ဇန်န၀ါရီ
— Credit Aung Kyaw Moe
သမိုင်းဝင် အလံတော်
ဒီ အလံကို ရွေးချယ်တဲ့ ၁၉၇၄ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ဆန္ဒခံယူပွဲလုပ်ပြီး မဲမထည့်ခိုင်းခင် မှာ မဆလပါတီ အတွင်းမှာ ပါတီကလပ်စီးတွေက ပါတီဝင်တွေ ကို
ပထမဆင့် ရွေးချယ်ရ မဲ့ အဆင့်တွေ ကို တင်ပြဆွေးနွေးကြတယ်။ ပြီးတော့ အဆိုတင်တာတွေ ထောက်ခံတာတွေ၊ အတည်ပြုတာတွေ လုပ်ကြပါတယ်။ အဲဒီအစည်းအဝေးကို မဆလ အရံပါတီဝင်ဖြစ်တဲ့ ကျွှန်တော်လည်း တက်ခွင့် ရခဲ့ပါတယ်။
တိုတိုပြောရရင် အဲ့ဒီမှာ အလံရွေးမဲ့ ပုဒ်မ ကိုရောက်တဲ့ အခါ (စီစဉ်ထားသည်ဟု နောက်မှတွေးမိခဲ့တယ်) ပါတီဝင် တဦးက အခုပုံမှာပါတဲ့ အလံကို ရွေးရန် အဆိုတင်ပါတယ်။ကျွှန်တော် ကလည်း ဆိုင်းမဆင့် ဗုံမပါ ထတဲ့ပြီး တခြား အလံပုံလေး
တခု (အဲ့ဒီ အလံက အမေရိကန် အလံနှင့် ဆင်ဆင်တူပါတယ်)။ အခုပုံမှာတွေ့ ရတဲ့ အလံက
ရုရှ(Russia) တို့ လို အရှေ့ အုပ်စုခေါ် ကွန်မြူနစ်အုပ်စု ဝင်နိုင်ငံတွေက အလံနှင့် အတော်တူပါတယ်။
ကျွှန်တော် အဲ့ဒီအလံကို မကြိုက်ဖူးဗျာ။ အဲ့ဒီနိုင်ငံတွေ နှင့် အဲ့ဒီ စနစ်တွေ၊ ဝါဒတွေကို ကောင်းသည်ဆိုးသည် ကျွှန်တော် မဝေဖန်ခဲ့ပါဘူး။ အခုလည်းမဝေဘန်ပါဘူး။ ဒါပေမဲ့ ကျွှန်တော် မကြိုက်တာကတော့ အခုထိ မကြိုက်ပါဘူးဗျ။
ပထမ အဆိုကိုရော ကျွှန်တော်ရဲ့ စင်ပြိုင်အဆိုကိုပါ ထောက်ခံကြတဲ့ ပါတီဝင်တွေ ရှိတော့ မဲခွဲရထလို ဖြစ်လာတယ်ဗျ။ ဒီအချိန်မှာ အစီးအဝေးကို ခဏရပ်နားခွင့်ပေးပါတယ်။ ဒီအချိန်မှာ ကျွှန်တော်ကို ငယ်ငယ်ကထဲက သိတဲ့ ဦးလေးကြည် က ကျွှန်တော်ကို ပခုံးဖက်ခေါ်သွားပြီးပြောပါတယ်။
“ဦးလေးကြည် ကို ကူညီပါကွာ အချိန်တွေကြာနေမှာ စိုးလို့ ပါ။ ဒီမှာ ဘာတွေဘဲ ရွေးရွေး ဘာတွေဘဲလုပ်လုပ် နောင်တော့ စီစဉ်ပြီးတဲ့ အတိုင်းဖြစ်မှာပါ” ဟုပြောပါတယ်။ ကျွှန်တော် ကရိုးရိုးသားသား အံသြသွားမိပါတယ်။
ဒီမှာ ကျွှန်တော့ ဦးလေး (တပ်မတော် သားကြီး တဦး) ရယ်စရာ ပြောလေ့ တာ ကို သတိရမိခဲ့တယ်ဗျ။
ဘာလဲဆိုတော့ မြစ်ကြီးနားခေါက်ဆွဲဆိုင်ပိုင်ရှင် တယောက်ရဲ့ မှာတဲ့ ခေါက်ဆွဲကို ကြော်ရန်နောက်ဖက်မီးဖိုဆီကို အော်ပြောလိုက်ပုံကတော့၊
“တပ်ရင်း ၁၃ က ဗိုလ်ကီး လာတယ်။ ခေါက်ဆွဲကြော် တပွဲ အသဲများများ၊ အသားများများ။ ကြော်မှာကတော့ ခါတိုင်းလို ဘဲ” တဲ့။
အေးပေါ့ဗျာ ကြော်နေကြ စားဖိုမှူးတွေ ကတော့ ခါတိုင်းလိုဘဲ ကြော်ကြမှာပေါ့ ။ သတိနှင့် ကြည့်စားကြပါ။ အသဲများများ ပါလေမလား၊ အသားများများပါလေမလား အတွေးတွေနဲ့ 
သာ မိတ်ဆွေ စာရှုသူများ ခေါက်ဆွဲပွဲလေး ကို မျှော်ပေဦးတော့ ပေါ့ ဗျာ။
လမ်းပြကြယ် စာကြည့်တိုက်
အိပ်ယာဝင်ဖတ်ဖို့
သုတ-မှတ်စု-ဒိုင်ယာရီ
လူငယ်စာစဉ်(၈)
လူငယ်နှင့်ကြာညိုပန်းအလှူ
--------------------
ဦးဇင်းရဲ့စိတ်ထဲမှာ ငွေကုန်နည်းပြီး
အကျိုးများတဲ့အလှူအတန်းပစ္စည်းဝတ္ထု
များကိုလူငယ်တွေအားသိအောင်မျှဝေချင်
မိတယ်။ဒီအထဲလူငယ်တွေသိပြီးသားတွေ
လည်းပါချင်ပါမယ်။မသိသေးတာတွေ
လည်းပါချင်ပါမယ်ပေါ့။ဦးဇင်းစေတနာက
တော့လူငယ်တွေမှာမိဘပေးသလောက်ပဲ
သုံးရသည်ကများလေတော့ကုသိုလ်ပြုဖို့
ငွေများများစားစားမရှိတတ်ကြပါဘူး။ဒါပေမဲ့
ကုသိုလ်ပြုတဲ့အလေ့ဆိုတာငယ်ကတည်းကအလေ့အကျင့်လုပ်ပေးမှတော်ရာဖြစ်
တာလေ။ဒီတော့ပထမဆုံးဘာအကြောင်း
ရေးရမလဲတွေးကြည့်တဲ့အခါ ဘုရားရင်ပြင်
ရှေ့ရောင်းနေကြတဲ့ကြာညိုပန်းလေးတွေ
ကိုမြင်မိလာတယ်။ကြာဆိုတဲ့အမျိုးကရေနဲ့
ဝေးတာနဲ့တပြိုင်နက်ညိုးသွားတတ်တာပါ။
သို့သော်လည်းဘုရားလှူဖို့အလွန်တင့်တယ်
တဲ့ပန်းမျိုးဖြစ်ပါတယ်။ကိုယ်လူတဲ့ကြာပန်း
ညိုးခြင်းမညိုးခြင်းထက်ကိုယ့်စိတ်စေတနာ
မညိုးဖို့ပဲအဓိကအရေးကြီးပါတယ်။တစ်ခါတလေ မဟာမြတ်မုနိကိုသွားရင်ကြာညို
ပန်းလေးတွေဘုရားလှူဖို့ဝယ်နေကြတဲ့ချစ်သူစုံတွဲလေးတွေကိုလည်းတွေ့ရတတ်ပါ
တယ်။သူတို့လေးတွေဟာကြာညိုပန်း
လှူရင်ဘာအကျိုးတွေရတယ်မရဘူးဆိုတာသိလားတော့မပြောတတ်ပါဘူး။အကျိုးကို
ိုမသိလည်းကုသိုလ်ရပါတယ်။ဒါပေမဲ့အကျိုးတရားကိုသိပြီးမှလှူရတော့ဝမ်းမြောက်ခြင်းကုသိုလ်ပါထပ်ဆင့်ရတာပေါ့။ဘယ်အလှူပဲလှူလှူသူများလှူလို့လှူတာထက်
ကိုယ်တိုင်သိပြီးမှလှူရတာကပိုအကျိုးများ
ပါတယ်။
ကြာညိုပန်းလှူရကျိုး{၁၀}ပါး
-------------------
ကျောင်းကန်ဘုရားသွားတဲ့အခါပဲ
ဖြစ်ဖြစ်အိမ်နေစဉ်မှာပဲဖြစ်ဖြစ် ကြာညိုပန်း
လှူတဲ့လူငယ်များအတွက် ရရှိနိုင်တဲ့
အကျိုးများကတော့
၁။မြတ်သောဗိမာန်မျက်နှာကျက်ညိုအမိုး
သည်ဦးထိပ်၌ဆောင်းမိုးထားခြင်း။
၂။နတ်တို့၏ရနံ့ကြိုင်လှိုင်ခြင်း။
၃။တစ်ခါတစ်ရံဆွေမျိုးတို့ခေါ်ဆောင်စဉ်
ပရိတ်သတ်ရှိသလောက်မြတ်သောဗိမာန်
မျက်နှာကျက်ညိုမိုးထားခြင်း။
၎။ခုနှစ်ကျိပ်သောနတ်မင်းတို့၏မိဖုရားအ
ဖြစ်ကိုရရှိခြင်း(မိန်းကလေးဖြစ်က)
၅။အလုံးစုံသောဘဝတို့၌အစိုးရသူအဖြစ်
ဖြင့်ကျင်လည်ရခြင်း။
၆။ခြောက်ဆယ့်သုံးယောက်သောစကြာမင်း
တို့၏မိဖုရားအဖြစ်ကိုရရှိခြင်း။(မိန်းက
လေးဖြစ်က)
၇။လူအပေါင်းတို့သည်မိမိစကားကိုနာယူ
လျက်ကိုယ့်နောက်အစဉ်လိုက်ကြခြင်။
၈။ကြာညိုပန်းကဲ့သို့သောအဆင်းအနံ့နှင့်
ပြည့်စုံသူဖြစ်ခြင်း။
၉။ကြာညိုပန်းလှူသည့်နေ့မှစ၍သုံးဆယ့်
တစ်ကမ္ဘာတိုင်ဒုဂ္ဂတိဘဝသို့မရောက်
ရခြင်း။
၁၀။သတိပဋ္ဌာန်စသည်တို့၌ကျွမ်းကျင်လိမ္မာ
လျက်ကိလေသာကုန်ခန်းရဟန္တာဖြစ်ရခြင်း။
ဆိုပြီးအကျိုးတရားဆယ်ချက်ဖြစ်ပါတယ်။
ဒီကြာညိုပန်းအလှူကလူငယ်များ
တအတွက်ငွေကုန်နည်းပြီးအကျိုးများတဲ့
အလှူပါ။လှူစဉ်မှာရတနာသုံးပါးအပေါ်ယုံ
ကြည်ချက်အပြည့်ထားပြီးကြာညိုပန်းလေး
များလှူနိုင်ကြပါစေ။
မေတ္တာမွန်ဖြင့်
လင်းဝေ(ကောလင်း)
28-11-2014
Thursday, November 13, 2014
နှစ်လွှာပေါင်းမှ တရွက်မည်သော စွယ်တော်ရွက်
RASU ခေါ် ရန်ကုန်တက္ကသိုလ်  များကို ကံ့ကော်တောဟု တင်စားခေါ် ကြပါသည်။ ကျွှန်တော်တို့  စက်မှုတက္ကသိုလ်ကို မူ စွယ်တော်ရိပ် ဟု ခေါ်ကြပါ၏။ စက်မှုတက္ကသိုလ် ၏ လျှပ်စစ်အင်ဂျင်နီယာဌာန အနီး တဝိုက်တွင် စွယ်တော် ပင်များရှိပါသည်။ သို့ သော် ရေမှန်မှန် မလောင်းနိုင် ၍ မြေခံ ခြောက်ပြီး အပင်နှင့် အရွက်များ ဖွံ့ ထွားခြင်း မရှိဘဲ၊ ခြောက်ခြောက်သွေ့ သွေ့  ရှိနေတတ်ခဲ့ပါသည်။
စင်္ကာပူရှိ NUS (National University of Singapore) Hon Sue Sen Library (near Business School) အနီးတွင် စိုက်ထားသော စွယ်တော်ပင်များက ဖွံ့ ထွား၏။ အရွက်ဖားဖားကြီးများ မှ မြစိမ်းရောင် လက်နေပြီး၊ ကျက်သရေရှိ၏။ လှပတင့်တယ် ထယ်ဝါနေတတ်ပါ၏။ ရေခံ မြေခံ ကောင်း ၍ ထင်ပါသည်။ ထားပါတော့။
ကျွှန်တော် အထက်တန်းကျောင်းသား အရွယ်က ဖတ်မှတ်ခဲ့သော ဆရာ တက္ကသိုလ်ဘုန်းနိုင် ၏ “သူငယ်ချင်းလို့  ဘဲ ဆက် ၍ ခေါ်မည် ခို င်” ဝတ္တု ကို သတိရမိပါသည်။ တ္တုထဲ က ဇာတ်ကောင် များက မောင် နှင့် ခိုင်တို့ ဖြစ်၏။ “ ကြိုင် လှိုင် မြိုင် ခိုင် လုံး ရယ်၊ တခိုင်လုံးရယ် မွှေး ” ဆို တဲ့ သီချင်းစာသားကို လည်း အလွတ်ရ နေပါသည်။ စွယ်တော်ရွက်သည် နှစ်လွှာ ပေါင်းမှ တရွက် မည်ပါ၏။
to be continued
တပ်မ တော် ဆိုတာ
မရှိ မ ကောင်း
ရှိမှ ကောင်း သည်
စိတ် ကောင်း စေ တနာ
မှန်
သစ္စာ ဖြင့်
ပြည်သူ့  အကျိုး
ပြည့် အကျိုးကို
သည်ပိုးမှသာ
အမျိုး ကောင်းထင်(အမျိုး ကောင်းပင်)
သာကီဝင် ဟု
တွင် ရစ် သမိုင်း
သည် တံတိုင်းကို
မ ပြို ရ အောင်
အား မာန် ဆောင် လို့ 
ပြည့် ဘောင် အချုပ် အခြာ
သည် အာဏာ ကို
တည် တန့် စေ မှ
ကမ္ဘာ့ အလယ်
တင့် တယ် မည် မှာ မလွဲ တည်း။
ကုန်းဘောင်ဆက် ဗမာ့တပ်မတော်
တပ်မှူးဗိုလ်ဘိုးကာနှင့်
ပင်လယ်မြို့  မြို့ စားမင်း မင်းကြီးမဟာ မင်းဒင်ရာဇာ ဦးချုံ။
ကုန်းဘောင်ဆက် ဗမာ့တပ်မတော်ကို ရွှေဘိုမြို့  ပဌမ မြို့ တည်နန်းတည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ က ရွေးလက်ျာ၊ ရွေးလက်ဝဲ အမည်ဖြင့် ဖွဲ့  ခဲ့ပါသည်။ မင်းတရားကြီးသည် ၁၁၂၀ ခု၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ရွှေဘိုမြို့ တော် နန်းတော်ထဲတွင် လက်ဝဲပျံချီကို သွေးသောက်ကြီးခန့်  ၍၊ ရွေးလက်ဝဲ၊ ရွေးလက်ျာ၊ သေနတ်သုံးဆယ့်နှစ်၊ သွေးသောက်တပ်ဖွဲ့ တော်မူသည်။ ရွေးလက်ဝဲသေနတ်ပို အစုသားတို့ ကို လက်ဝဲနံတွင် နံချွန်တော် အမှတ်ပေး    ထမ်းရွက်စေခဲ့၏။ ရွေးလက်ျာ အစုသားတို့ ကို လက်ျာနံတွင် နံချွန်တော် အမှတ်ပေး ၍ ထမ်းရွက်စေခဲ့ပါသည်။ (ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး ပဌမတွဲ စာမျက်နှာ ၂၉၇ ရှုပါ။)
 ရွေးလက်ဝဲ တပ်ဖွဲ့ နှင့် ရွေးလက်ျာတပ်ဖွဲ့ များရှိသည့် အနက်၊ ရွေးလက်ဝဲတပ်ဖွဲ့ အကြောင်း သမိုင်းစာအုပ် စာတန်းများ မတွေ့ ရသေးပါ။
သို့ သော် သီဟိုဠ်နွယ် ရာဇဝင် သုတေသီ ရွှေဘို မောင်ဘဦး (ဦးဘဦး) ရေးသား ထုတ်ဝေခဲ့ သည့် “ရွှေမန်းရာပြည့် ရာပြည့်မွတ်စလင်များ“ စာအုပ်တွင် ဗမာဘုရင့် တပ်မတော်က  ဗမာမွတ်စလင် တပ်မှူး ဗိုလ်ချုပ် ဗိုလ်နှင့် သွေးသောက် ရဲမက်များ ပါဝင်သည့် တပ်ဖွဲ့  အကြောင်းကို ဖတ်ရပါ၏။ သီပေါ မင်းလက်ထက် ဗမာ့တပ်မတော် မင်္ဂလာ အမြောက်တပ်က တပ်မှူး ဗိုလ်ဘိုးကာ၏ မြစ်ဖြစ်သော ကျွှန်တော့ မိတ်ဆွေက မူရင်း စာအုပ်ကို ပေးဖတ် သဖြင့် ဖတ်ရှုရပါသည်။ ထိုတပ်ဖွဲ့ များသည် ဗမာတို့ ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက် သူများထဲတွင်ပါဝင်ခဲ့ သည်ဟု ဆိုနိုင်ပါသည်။ တိုင်းပြည်အေးချမ်းသာယာသည့် အတွက် မင်းတုံးမင်းတရားကြီး ၅ ကြိမ်မြောက် သင်္ဃာ ရတနာတင်နိုင် ခဲ့ခြင်းဖြစ်သည် က သမိုင်းမှတ်တမ်းဖြစ်ပါ၏။ ဘာသာပေါင်းစုံကို ကိုးကွယ်ခဲ့ကြသော ဗမာများ ပါဝင်ခဲ့ကြ မည်ဟု ထင်ရပေသည်။တပ်မှူး ဗိုလ်ဖိုးကာ သည် မင်းလှခံတပ်မှ အင်္ဂလိပ်နယ်ချဲ့ တို့ ကို ခုခံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ ပါသည်။
ဗမာဘုရင့် ကာကွယ်ရေး တပ်မကြီးအား စလေမြို့ စားမင်း  ကို ယုံကြည်စွာ အပ်နှံတာဝန်ပေးခဲ့၏။ စလေမြို့ စားမင်း  ဦးစီးလျက် စစ်ကြောင်းကြီး သုံးကြောင်း ချီတက်ခဲ့ပါသည်။ ထိုစစ်ကြောင်းကြီး သုံးကြောင်းမှာ၊
(၁) အောက်မြစ်စဉ်ရေကြောင်း တစ်ကြောင်း
(၂) တောင်တွင်းကြီးစစ်ကြောင်း တစ်ကြောင်း
(၃) တောင်ငူစစ်ကြောင်း တစ်ကြောင်း တို့ ဖြစ်ကြပါသည်။
တောင်တွင်းကြီးစစ်ကြောင်းကို ကိုယ်တိုင်ဦးစီး ချီတက်ခဲ့ သည့် တပ်မှူးကြီးမှာ မင်းကြီးမဟာ မင်းထင်ရာဇာ ဗိုလ်ချုပ် ဦးချုံ ဖြစ်ပါသည်။
  ကျွှန်တော်သည် သုတေသီ တို့ မှာ တာဝန်ရှိသည့် အလျှောက် ခေတ်ပြိုင် သမိုင်း ဆရာတို့ ၏ သမိုင်း များ ကို ရှာဖွေ ခဲ့ ပါ သည်။အောက်ဖော်ပြပါတို့ က သမိုင်း သုတေသီ တို့  အတွက် ဆောင်ရွက်ရ သည် အကြောင်းများဖြစ်ပါ၏။
၁) Contemporaneousness
၂) Coroboration
သို့ ဖြစ်ရာ လွန်ခဲ့သော (၂) နှစ်ခန့် က အနည်းငယ်ဖတ်ထား သော Thant Myint-U’s “The River of Lost Foot Step” ကိုပြန်ငှားပြီး ဖတ်ဖြစ်ပါသည်။သူ့  အရေးအသားမှာ အင်္ဂလိပ် (သို့ ) ဗြိတိန် နိုင်ငံသား တဦး၏ ရေးဟန်ကို သတိထားမိပါ၏။ ထားပါတော့ လိုရင်းတို ဆွေးနွေးပါမည်။ သူ့  စာသား အတိုင်း အောက်တွင် ဖော်ပြပါမည်။
  “Command of the kingdom’s defenses was entrusted to the lord of Salay. Three columns were mustered; the Lower Irrawaddy Column, under the cavalry general Mingyi Thiri Maha Zeyya Kyawdin, recently returned from campaing along the Chinese border; the Great Valley Column, under a colonel of the Cachar Horse Regiment, Mingyi Minkaung Mindin Raza; and the Toungoo Column, under the colonel of the Shwaylan Infantry Regiment, Mingyi Maha Minkaung Nawrata. (p11; Thant Myint-U)“
  မှီငြမ်း- (၁) သီဟိုဠ်နွယ် ရာဇဝင် သုတေသီ ရွှေဘို မောင်ဘဦး (ဦးဘဦး) ရေးသား ထုတ်ဝေခဲ့ သည့် “ရွှေမန်းရာပြည့် ရာပြည့်မွတ်စလင်များ“
(၂) ဒေါ် ဒဂုံ ခင် ခင် လေး ၏ ( ရတနာပြံ နိ ဒါန်း နှင့် နိဂုံး ။) 
Saturday, October 18, 2014
စံပါနဂို ၊ Champa Nagar နှင့် ဗီယက်နမ် = ချန်ပါ (Champa)သျှမ်ပါ
မိုင်း အနှစ်သာရများ၊ ယဉ်ကျေးမှု အနုပညာ၊ ဘာသာရေး ဓလေ့ထုံးတမ်းများ၊ လူမှုရေးရာများပါ တူညီတိုက်ဆိုင်သော ဒေသများ တိုင်းပြည်များ၊ အင်ဒီးယားနှင့် အရှေ့ တောင်အာရှနိုင်ငံများ ထဲတွင်လည်း ရှိခဲ့ကြောင်း၊ ရှိနေဆဲလည်းဖြစ်ကြောင်း သမိုင်း အထောက်အထားများကို ကျွှန်တော်တို့ တွေ့ ရပါသည်။ သက်သေအထောက်အထားများစွာရှိခဲ့၊ ရှိနေဆဲလည်းဖြစ်ပါသည်။
အဆိုပါဒေသ၊တိုင်းပြည်နိုငံများကို တွေ့ ရသမျှ အောက်တွင်ဖော်ပြပါသည်။[3]
၁) အင်ဒီးယား အရှေ့ မြောက်ပိုင်းရှိ စံပါနာဂါ = ချမ်ပါနာဂါ (Champa Nagar)
၂) ကမ္ဘောဇ (ကမ်ဗောဒီးယား) နိုင်ငံ ရှိ
၃) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသ (တောင်ဗီယက်နမ်) ရှိ စံပါ (Champa)
တို့ ဖြစ်ပါသည်။                                  
ဤဒေသများ တိုင်းနိုင်ငံများ ကို အုပ်ချုပ်မင်းလုပ်ခဲ့သူများမှာ၊ ဗရာမဲန် (ဗြာမင်) ခေါ် varman= Barman = Burman ဟင်ဒူဗရာမင် ဘုန်းကြီးဘုရင်များ (Varman Priest or Varman Line Kings) ဖြစ်ပါ၏။ ဤအကြောင်းအရာအချို့ ကို ကျွှန်တော်တို့ ၏ ဝန်ဇင်းမင်းရာဇာ စာမျက်နှာများတွင် ရေးသားတင်ပြပြီးခဲ့ပါပြီ။ ဗမာနိုင်ငံရှိ ပြည် ခေါ်Prome ၏ ကနဦး မူလအမည်မှာ Brom ဖြစ်၏။ [2]
ကမ္ဘောဇ (ကမ်ဗောဒီးယား) နိုင်ငံမြို့ တော် ဖနွှမ်းပင်၏ အမည်ရင်းမှာလည်း Brom=Vrom ဖြစ်ခဲ့ကြောင်း သမိုင်း အထောက်အထားများကို တွေ့ ရှိရပါသည်။[3]
                                      Champaka ခေါ် စကားဝါ ပန်း 
ဗုဒ္ဓဘာသာစာပေကျမ်းဂံ  များတွင် ပင်လယ်ကို လှေသင်္ဘောများစီးလျှက် ဖြတ်ကူးကြပြီး၊ ကုန်သွယ်မှုများပြုခဲ့ကြသည့် အထောက်အထားများစွာရှိပါသည်။ နိပါတသုတ် (Sutta Nipata) တွင်လာရှိသည်မှာ၊ ဗုဒ္ဓကိုယ်တော်မြတ်ကြီး၏ (၆) လကြာ ပင်လယ်ခရီးစဉ်၏ မှတ်တမ်းဖြစ်ပါသည်။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး၏ တရား ဓမ္မဟောကြားရန် ကြွချီခဲ့သော ခရီးစဉ်အများမှာ အင်ဒီးယား အရှေ့ ပိုင်းဒေသများ ဖြစ်သော ဥတရပရာဒက်ရှ  (Uttar Pradesh) နှင့်  ဘီဟာ (Bihar) ဒေသများတွင်ဖြစ်ခဲ့ပါသည်။ သို့ သော်လည်း ထိုဒေသများမှ အရှေ့ တောင်အာရှနိုင်ငံများသို့  ပင်လယ်ရေကြောင်းခရီး ကြွချီခဲ့သည်ဟုလည်း ဖတ်ရပါသည်။ အဆိုပါဒေသများနှင့်၊ အရှေ့ တောင် အာရှနိုင်ငံများ နှင့် ရေကြောင်းကုန်သွယ်မှု များကို ဗုဒ္ဓ  ဇာတကများတွင် တွေ့ ရပါသည်။
   ဒီဟာ နီကယ်(Dighanikaya) တွင်လညရှိသည်မှာ၊ အင်ဒီးယား ကုန်သည်များ ပင်လယ်ရေကြောင်း ခရီးတွင်၊ ခရီးလမ်းညွှန် ငှက်များကို အသုံးပြု ခဲ့သည် ကိုတွေ့ နိုင်ပါသည်။ သိရီိဂါသ (သို့ )သိရီဂါထ (Therigatha) အဆိုအရ အင်ဒီးယား ကုန်သည်များ ပို၍ ကြီးပွား ချမ်းသာလိုသဖြင့် ပင်လယ်ခရီးဖြင့် ကုန်သွယ် ရောင်းဝယ်ဖောက်ကား ခဲ့ခြင်းကိုမှတ်တမ်း အဖြစ်တွေ့ ရပါသည်။ အခြား ဇာတက တခုတွင်လည်း ပင်လယ်ခရီးသွားခြင်းနှင့်၊ သင်္ဘောပျက်ခြင်း အကြောင်း သမိုင်းအချို့ ကို တွေ့ ရပေသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုများကို၊ ဗာရာဏသီ(Varanasi)၊ ဝိဒေဟ(Videha) နှင့် စံပါ (Champa) သို့ မဟုတ် သျှမ်ပါ သို့ မဟုတ် သျှမ်းပ မှ၊ သုဝဏ်ဏဘူမိ၊ဗမာပြည် နှင့် အိမ်နီးချင်းနှင့် (Suvarnabhumi, Burma and neighbouring territories) တမ္မရပါဏီ (Tamraparni=Sri Lanka) ဒေသများသို့  ကူးလူးဆက်ဆံမှုများ မှတ်တမ်းအဖြစ် တွေ့ ရ၏။
သီဟိုဠ် ရာဇဝင် သမိုင်း(Ceylonese Chronicle) နှင့် ဒီပါဝံသ =ဒီပဝင်(Dipavamsa) တွင်လာရှိသည်ကား၊ ဝိဇယမင်းသား (Prince Vijay) ၏ ပင်လယ်ခရီးစဉ်ဖြစ်၏။ ယင်းခရီးစဉ်တွင် ဘန်ဂလာ (သို့ ) ဘင်္ဂလား (Bengal) မှနေ ၍၊ လူ ၇၀၀ နှင့်အတူ သွားခဲ့ပုံက၊ ဘင်္ဂလာပင်လယ်အော်ထဲတွင် သွားလာခဲ့သော ပင်လယ်ခရီးများကို ထပ်မံအတည်ပြုခဲ့၏။ 
    အာရိသသျှတ္တရ တွင်လာရှိသည်မှာ၊ မောရိယတိုင်းပြည်ကြီးတွင် နာဝါဒီယတ်စရှာ (ဆာ) {=Nawadhyaksha} ကို ရေကြောင်းညွှန်ကြားမှုဦးစီးဌာန (Shipping department) ကို ဦးစီးရန်တာဝန်အပ်နှင်းခဲ့၏။ သင်္ဘောသားများကို၊ ရေကြောင်းသိပ်ပံ ပညာရပ်များ နှင့် သင့်လျှော်သော သင်တန်းများ ပေးရန် ပြင်ဆင်မှုများ ကို ဤ ဌာနက ပြုလုပ်ခဲ့၏။ ထိုပညာရပ်များ၊  ကို “ နိယာမ က ရှီးလ်ပါ= Niyamakashilpa” ဟုခေါ်ခဲ့ကြ၏။ အင်္ဂလိပ်ဝေါဟာရ ship=သင်္ဘော မှာ ဤ ပါဠိဝေါဟာရ shilpa မှ ဘာသာစကားရွှေ့ လျောလာမှု (transliteration) ဖြစ်ခဲ့သည်ဟု ယူဆနိုင်ပေသည်။           သင်္ဘောသားများကို ရေကြောင်း ခရီးလမ်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ကုန်သွယ်ရေကြောင်းလမ်းညွှန်များကို သင်ကြားပေးခဲ့၏။ ဤပညာရပ်များတွင် ပင်လယ်လေ၏သဘာဝ လေ၏လားရာ၊ နစ်မြှပ်နေခဲ့သော သင်္ဘောပျက်များတည်ရှိရာ နေရာများ၊ ရေကြောင်းလမ်းပြ ငှက်များကို အသုံးပြုပုံ၊ စသည်များပါဝင်၏။ ရေကြောင်းလမ်းညွှန်သူ (Navigator) များသည် မိမိတို့ ၏ သင်ကြားရေး ပညာရပ်များကို၊ စုစည်းကာ ရေကြောင်းပညာ သင်္ခန်းစာများ အဖြစ်စုစည်းခဲ့ပြီး၊ “နိယာမက ဇာတက” ဟု ခေါ်စမှတ်ပြုခဲ့ကြ၏။ 
         အာရိသသျှတ္တရ တွင်လာရှိသည်မှာ၊ မောရိယတိုင်းပြည်ကြီးတွင် နာဝါဒီယတ်စရှာ (ဆာ) {=Nawadhyaksha} ကို ရေကြောင်းညွှန်ကြားမှုဦးစီးဌာန (Shipping department) ကို ဦးစီးရန်တာဝန်အပ်နှင်းခဲ့၏။ သင်္ဘောသားများကို၊ ရေကြောင်းသိပ်ပံ ပညာရပ်များ နှင့် သင့်လျှော်သော သင်တန်းများ ပေးရန် ပြင်ဆင်မှုများ ကို ဤ ဌာနက ပြုလုပ်ခဲ့၏။ ထိုပညာရပ်များ၊  ကို “ နိယာမ က ရှီးလ်ပါ= Niyamakashilpa” ဟုခေါ်ခဲ့ကြ၏။ အင်္ဂလိပ်ဝေါဟာရ ship=သင်္ဘော မှာ ဤ ပါဠိဝေါဟာရ shilpa မှ ဘာသာစကားရွှေ့ လျောလာမှု (transliteration) ဖြစ်ခဲ့သည်ဟု ယူဆနိုင်ပေသည်။
          သင်္ဘောသားများကို ရေကြောင်း ခရီးလမ်းများနှင့် ပတ်သက် ၍ သက်ဆိုင်ရာ ကုန်သွယ်ရေကြောင်းလမ်းညွှန်များကို သင်ကြားပေးခဲ့၏။ ဤပညာရပ်များတွင် ပင်လယ်လေ၏သဘာဝ လေ၏လားရာ၊ နစ်မြှပ်နေခဲ့သော သင်္ဘောပျက်များတည်ရှိရာ နေရာများ၊ ရေကြောင်းလမ်းပြ ငှက်များကို အသုံးပြုပုံ၊ စသည်များပါဝင်၏။ ရေကြောင်းလမ်းညွှန်သူ (Navigator) များသည် မိမိတို့ ၏ သင်ကြားရေး ပညာရပ်များကို၊ စုစည်းကာ ရေကြောင်းပညာ သင်္ခန်းစာများ အဖြစ်စုစည်းခဲ့ပြီး၊ “နိယာမက ဇာတက” ဟု ခေါ်စမှတ်ပြုခဲ့ကြ၏။ [4]
[1] Talukdar
[2] E. Moore
[3] Taw Sein Ko
[4] Morakar
ဆက်ပါဦးမည်။ 
 ဟင်ဒူဘာသာဝင် မိတ်ဆွေများ ကို စာစု ဖြင့် ဂုဏ်ပြု နှုတ်ခွန်းဆက်လိုက်ပါသည်။ ဒေဝါလီ အခါ သမယမှာ ကျန်းမာ ချမ်းသာကြပါစေ။