Sunday, March 15, 2015

‘အထက်’ ကတဲ့လား ….



‘အထက်’ ကတဲ့လား ….


ကျွန်တော်တို့ ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အများပြည်သူ လူထုတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုပြီး သီလလုံခြုံစွာဖြင့် အနစ်နာခံ ပေးဆပ်မှု စေတနာတရားများအား ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များကို ယခင့်ယခင် အစိုးရလက်ထက် များ ကတည်းက တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်တော်တို့ ပရဟိတသမားများသည် နိုင်ငံရေးပါတီ ဖွဲ့စည်း တည်ထောင်ထားသော နိုင်ငံရေးသမားများမဟုတ်၊ နိုင်ငံ့အရေး ပြည်သူ့အရေးကိစ္စများကို အစိုးရအား အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပေးနေသော စေတနာရှင်များ သက်သက်သာ ဖြစ်ပါသည်။ နိုင်ငံတော်အား ဆူပူမှုကို လှုံ့ဆော်ကြသူများမဟုတ်၊ နိုင်ငံတော်အာဏာအား လိုချင်တက် မက်ကြသောသူများလည်းမဟုတ်။ ပြည်သူလူထုတို့အားလည်း စည်းရုံးရေးဆင်းရန်မလို၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြသော ပရဟိတသမားများသာဖြစ်သည်။ နိုင်ငံတော်ကြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ မိမိတို့ ရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသအသီးသီးတို့တွင် စိမ်းလန်းစိုပြေဝပြောမှုကိုသာ လိုလားကြသော စေတနာ ရှင် မေတ္တာရှင် ပေးဆပ်ကြသူများသာဖြစ်သည်။
တစ်ချိန်က … ဆရာတော်ကြီးတစ်ပါးမှ မြို့နယ်တစ်ခုတွင် တရားပွဲဟောကြားမှု ပြုရာတွင် ဤ တရားပွဲမှရရှိသော အလှူငွေများကို ကျွန်တော်တို့၏ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့ ကြုံတွေ့နေရ သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် အကူအညီများကို အခမဲ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းမည်ဟု ကြေငြာပြီး ကျွန်တော့်အား အသိပေးအကြောင်းကြား ခဲ့သောကြောင့် ထိုနေ့ညတွင် ကျွန်တော်နှင့် အလုပ်အမှုဆောင်အချို့သည် တရားပွဲကျင်းပသည့် မြို့နယ်သို့ သွားရောက်ခဲ့ကြသည်။ လမ်းခုလပ်၌ ကျွန်တော့်ထံသို့ တယ်လီဖုန်းဝင်လာသည်။ “ဦးကျော်သူ ခင်ဗျာ … ကျွန်တော်တို့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကပါ။ ဆရာတော်ကြီးရဲ့ အလှူငွေလှူဒါန်းခြင်း အစီ အစဉ်ပျက်သွားပါပြီ” ဟူ၍ ဝမ်းနည်းကြေကွဲစွာ ဆက်သွယ်လာသည်။ ဘာကြောင့်နည်းဟု ကျွန်တော်မှ ပြန်လည်မေးမြန်းခဲ့ရာ … “မြို့နယ်အာဏာပိုင်အဖွဲ့မှ လှူခြင်းလှူ ကျော်သူတို့အဖွဲ့ကို မလှူရဘူး သူတို့ ဖွဲ့စည်းထူထောင်ထားတဲ့ အင်အားကြီး အဖွဲ့ကြီးအား လှူရမယ် အထက်က အမိန့်ချတယ်” တဲ့ဗျာ သြော် … ကျွန်တော်တွေးမိသည်။ အလှူရှင်၏ဆန္ဒကို ဖျက်သိမ်းပြီး အာဏာစက်ဖြင့် ဟို ကိုမလှူရဘူး။ ဒီကို လှူရမယ်လို့ ကန့်သတ်ချက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာ နိုင်ငံတွင် ရှိနေပါလားဟု။ ရှိစေတော့ … ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ဘဲ လိုသည်မဟုတ်လား။
နောက် … နာဂစ် လေဘေးကယ်ဆယ်ရေး၊ ပခုက္ကူ ရေဘေးကယ်ဆယ်ရေးများကို ကျွန်တော်တို့ အဖွဲ့သွားရောက်၍ ကူညီမှုများပြုရာတွင် နိုင်ငံတကာအဖွဲ့များ မသွားခဲ့သော၊ မသွားရောက်နိုင်သော ကျေး လက်ဒေသများအထိ ကျွန်တော်တို့အဖွဲ့မှ လူမှုရေးသမားများသည် စွန့်စွန့်စားစား ခဲရာခဲဆစ် သွားလာခဲ့ ကြသည်။ ထိုသို့ သွားလာရာတွင် ကယ်ဆယ်ရေးပစ္စည်းများအား သယ်ဆောင်ရန် စက်လှေ၊ မော်တော် ယာဉ် စသည့် သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် သွားရာတွင် “ကျော်သူတို့အဖွဲ့ဆိုရင် မငှါးရဘူး။ မလိုက် ရဘူး။ အထက်အမိန့်အရ” ဟူ၍ ထွက်ပေါ်လာပြန်သည်။ ‘သြော် … လူသားချင်းစာနာမှု ကင်းမဲ့သော အထက်ပါလား’ ဟူ၍ တွေးမိပြန်သည်။ ရှိစေတော့ … ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ဘဲ လိုအပ်တယ်။
နောက်ထပ်များစွာရှိသေးသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အခမဲ့ သင်ကြားပို့ချပေးနေ သည့် အင်္ဂလိပ်စာသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ လူမှုရေးစွမ်းရည်မြှင့်သင်တန်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ … စသည့် စသည့် သင်တန်းမျိုးစုံနှင့် သင်တန်းဆင်းပွဲများကိုလည်း “အထက်အမိန့်အရ လာရောက်စုံစမ်း မေးမြန်းခြင်း” များလည်းရှိသည့်အပြင် ကျွန်တော်၏ နယ်လှည့်လူမှု ရေးဟောပြောပွဲများကိုလည်း ‘အထက်က ညွန်ကြားထားသည့်အတွက် မှတ်တမ်းလာယူခြင်း၊ ထောက် လှမ်းခြင်း’ များလည်း စဉ်ဆက်မပြတ် လုပ်နေရဆဲပင်ဖြစ်သည်။ ယင်းကဲ့သို့ သင်တန်းများတွင် ထို ထောက်လှမ်း သတင်းယူကြသူတို့၏ ဇနီး၊ သားသမီးများပင် လာရောက်၍ သင်တန်းတက်ကြသည်။ ကျွန်တော်တို့ဝမ်းသာစွာ ကြိုဆိုပါသည်။ ဒါမှလည်း ကျွန်တော်တို့၏ မွန်မြတ်သော လုပ်ဆောင်ချက်များကို ထဲထဲဝင်ဝင် အထက်မှလူကြီးများ သိရှိမည် ဖြစ်သည်။ ကျွန်တော်တွေးမိသည်။ “သြော် … သူတို့ တွေဟာ နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံတော်ပြည်သူက ပေးထားတဲ့ လစာကိုစားကြပြီး ဘာကြောင့်အခုလို အဓိပ္ပါယ် မရှိတဲ့ စုံစမ်းစစ်ဆေးမှု တားမြစ်မှုတွေကို အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ငွေကုန်ခံပြီး အလဟသ အင်အား များကို ဖြုန်းတီးပစ်နေပါလိမ့်။ အခုလို အချိန်ကုန်ခံ၊ လုပ်အားအကုန်ခံမယ့်အစား နိုင်ငံတော်အတွက် အထိရောက်ဆုံး အထောက်အပံ့ဖြစ်မယ့် အခြားသော နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းရပ်များမှာ သူတို့ရဲ့စွမ်းအားများကို အသုံးချလိုက်ပါက အများပြည်သူနဲ့ နိုင်ငံတော်အတွက်များစွာ အကျိုးဖြစ်ထွန်း လိမ့်မည်” ဟု စေတနာဖြင့် တွေးတောမိသည်။ ကျွန်တော်တို့နောက် ယခုလို ထပ်ချပ်မကွာ လိုက်နေလျှင် သင်္ချိုင်း/သုဿန်နှင့် ဘုန်းကြီးကျောင်း၊ လူမှုရေးအသင်းအဖွဲ့များသို့သာ ရောက်ရှိရမည်ဖြစ်သည်။ ကြာလာ လျှင် တရားပေါက်ပြီး နိုင်ငံ့ဝန် ထမ်းလိုစိတ်များ ကုန်ခမ်းသွားမှာကိုပင် စိုးရိမ်ရမည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။ ကောင်းပြီ။ နောက်မှ ထပ်ချပ်မကွာလိုက်ပါ၍ သတင်းပို့မည်ဆိုပါက မိမိအတွက် စားစရိတ်၊ လမ်းစရိတ်ရရှိရေး၊ မိမိနေရာရရေး၊ ရာထူးတက်ရေး၊ အာဏာရရှိရေး ဟူသော စိတ်ဓါတ်များဖြင့် မဟုတ်တန်းလျား သတင်းများလုပ်ကြံမှုမျိုးတော့ အထက်ကိုမတင်ပြသင့်ချေ။ ထိုကဲ့သို့ လုပ်ကြံမှု မှားယွင်း သတင်းပေးမှုများကြောင့်လည်း ကျွန်တော်တို့ ခံရပေါင်းများလှပြီ။ ကျွန်တော်တို့အား တိုင်းပြည်ခေါင်း ဆောင်ကြီးများမှ အယုံအကြည် ကင်းမဲ့မှုကို ခံခဲ့ရပေါင်းများလှပြီ။ ဤကဲ့သို့ မြင့်မြတ်သော ကုသိုလ်ရေး များ လုပ်ကိုင်နေသော ပရဟိတအဖွဲ့များ၊ လူမှုရေးသမားများကို အသုံးချပြီး အများပြည်သူမှ အားကိုး အားထား ပြုလာစေရန် ရည်ရွယ်ချက်ဖြင့် ခုတုန်းလုပ်ခြင်း၊ အသုံးချခြင်း လုပ်ရပ်မျိုးကို မလုပ်သင့်တော့ ချေ။ မည်သို့ဖြစ်စေ
.. ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ လိုအပ်ပေသည်။
ထပ်မံပြီး … ရေရှားပါးဒေသများသို့ သွားရောက်ခဲ့စဉ် သောက်/သုံးရေများ သွားရောက်လှူဒါန်းမှု ပြုရာတွင်လည်း လမ်းမှပိတ်ဆို့ကာ အင်အားကြီးအဖွဲ့အစည်း၏ အလံထူပြီးမှ သွားခွင့်ပြုခြင်း၊ အနာဂတ် ခေါင်းဆောင်များ ပေါ်ထွက်ရေးအတွက်ရည်ရွယ်ပြီး ပညာရေးအတွက် ကျောင်းဆောက်လုပ်လှူဒါန်းမှု ပြုရာတွင်လည်း တားမြစ်ခြင်း၊ နယ်ဒေသများရှိ မိဘပြည်သူလူထုတို့၏ ကျန်းမာရေးအတွက် အခမဲ့ ဆေးခန်းဖွင့်လှစ်မှုများတွင်လည်း ဟန့်တားမှုများ ဖြစ်ပေါ်ခဲ့ခြင်းများကလည်း ‘အထက်က အမိန့်အရ’ ဟူ၍ပင် ဖြစ်တော့သည်။ မည်သို့ဖြစ်စေ … ကိုယ်ချင်းစာနာ စိတ်ဖြင့် ကိုယ့်လိပ်ပြာ … ကိုယ်သန့်ဖို့တော့ လိုပေလိမ့်မည်။
ဤသို့ဆိုလျှင် … ထိုထိုသော အများပြည်သူ လူထုအကျိုးပြုစေမည့် ကုသိုလ်ရေး ကိစ္စအဝဝ တို့အား ဟန့်တားပိတ်ပင် တားမြစ်မှုများသည် ‘အထက်’ က အာဏာစက်ဖြင့် ဖန်တီးစေခိုင်းနေသကဲ့သို့ ထင်ယောင် ထင်မှား ဖြစ်နေတော့သည်။ ထို့ကြောင့် “အထက်က .. အထက်က” ဟူ၍ စကားရပ်အား အလွဲသုံးစားပြုခြင်း၊ ခုတုံးလုပ်ခြင်း၊ ပါးစပ်အရသာခံခြင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခြင်းများကို ရှောင်သင့်ပေတော့သည်။ ဤကဲ့သို့ လွဲမှားအသုံးချ ပြောဆိုခြင်းမှာအထက်က လူပုဂ္ဂိုလ်ကြီးများအား နာမည်ဂုဏ်သိက္ခာကျဆင်းအောင် ပြည်သူလူထုတို့မှ အကြည်ညိုပျက်အောင် လုပ်နေသော လုပ်ရပ်ပင် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် အထက်ဟူသော စကားရပ်မှာ နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံ့အကြီးအကဲ များကို ဆိုလိုသည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည်လည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီ တက်ကြရာဝယ် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အင်အားလိုအပ်ကြောင်း ပူးပေါင်းလုပ်ကိုင်စေလိုကြောင်း တရားဝင် ပြောဆိုခဲ့ပြီးဖြစ်သည်။ ထို့ပြင် သမ္မတကြီးနှင့်တကွ ယခုနိုင်ငံခေါင်းဆောင်များသည်လည်း ဘာသာတရားအား ကြည်ညိုလေးစားကြသော သူများပင်ဖြစ်သည်။ မြတ်စွာဘုရား၏ ဆိုဆုံးမမှုကို လိုက် နာကျင့်သုံးသူများ ဖြစ်ကြသည်။ ထို့ကြောင့် မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးကို လိုက်နာကျင့်သုံးနေကြသော ကျွန်တော်တို့ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ပိတ်ပင်၊ တားဆီး၊ ဟန့်တားစေလိုသော ဆန္ဒလည်း ရှိမည်မဟုတ်။ အမိန့်ထုတ်ပြန်ခြင်းလည်း ပြုမည်မဟုတ် ဟု ကျွန်တော် ထင်မိပါသည်။ ဤသို့ဆိုလျှင် နိုင်ငံတော်တွင် အထက်နှင့် အောက်အကြား “အလယ်ထက်၊ အထက်လယ်”ဆိုတာများရှိနေပြီလား မသိတော့ချေ။
ယခု အဆိုးဆုံးဖြစ်ရပ်ကား ခေတ်မီတိုးတက်သော နိုင်ငံတော်ထူထောင်ရာတွင် သတိထားရမည့် လူ့ကျင့်ဝတ်ဖြစ်သော ‘အမှိုက်စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်း’ လုပ်ရပ်ဆိုးအား ပြည်သူလူထုတို့အား သင်္ခန်းစာ ပေးလိုခြင်း၊ ဥပမာပေးလိုသည့် ဆန္ဒဖြင့် စံပြအမှိုက်ကောက်ခွင့်ပြုပါရန် တရားဝင် တိုင်း၊ မြို့နယ်များသို့ စာတင်၍ လေးလေးစားစား တင်ပြခဲ့ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခွင့်မပြု၊ ‘အထက်အမိန့်အရ’ ဟူသော အသုံးအနှုန်းမျိုးဖြင့် ပြန်လည်ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မြို့သူ/သားများ ပြည်သူလူထုတို့အား “အမှိုက်မကောက်ရ” လျှင် “အမှိုက်ပစ်ကြ - အမှိုက်ဖွကြ” ဟုပြောဆိုမိန့်ကြားသကဲ့သို့ ခံစားခဲ့ကြရသည်။
မည်သို့ဆိုစေကာမူ … ကျွန်တော်တို့သည် သမ္မတကြီးအား၎င်း၊ နိုင်ငံတော်အကြီးအကဲများအား ၄င်း၊ တိုင်းဒေသကြီး အကြီးအကဲများအား၎င်း ယုံကြည်သည်။ ယခုကဲ့သို့သော လူနေမှုဘဝမြင့်မား တိုးတက်အောင် သဲတစ်ပွင့်အဖြစ် ပေးဆပ်ထမ်းရွက်နေသော လူမှုရေးအသင်းအဖွဲ့များကို အထက် လူကြီးများအနေဖြင့်ဟန့်တားပိတ်ဆို့ခြင်းများ လုပ်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် အထက်က .. အထက်ကသည် မည်သူတွေများဖြစ်မည်နည်း…? ပြည်သူလူထု ပရဟိတသမားများအနေဖြင့် “အထက် က” ဟူတိုင်း ကြောက်ရန်မလိုချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ပရဟိတသမားများ၏ “အထက်က” သည် ဗုဒ္ဓမြတ်စွာဘုရားသခင်တစ်ဦးတည်းသာလျှင်ရှိသည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် တကွ ဘာသာပေါင်းစုံတို့၏ ဘုရားသခင်တို့ နှစ်သက်မြတ်နိုး ချီးကျူးသော ပရဟိတစိတ်ဓါတ်များ မွေးဖွား ရှင်သန်သူ ဘာသာလူမျိုးမရွေးတို့အတွက် ဘုရားသခင်တို့၏ အလိုဆန္ဒအတိုင်း လူသားချင်းစာနာ ထောက်ထားသော စိတ်ဓါတ်များ ရှင်သန်ထက်မြက် ကြီးထွားလာရန်သာ “အထက်က” ဆုံးမသြဝါဒ (သို့) ဘုရားသခင်တို့၏ တူညီမျှတသော ငြိမ်းချမ်းရေး သြဝါဒများကိုသာ မြေဝယ်မကျ လိုက်နာကျင့်သုံးကြဖို့ဘဲ လိုအပ်ပါ တော့သည်။
(ကျွန်တော်တို့၏ အထက်သည် အတုမရှိ မြတ်စွာဘုရားသခင်သာ ဖြစ်တော့သည်။ ထို့ကြောင့် ဘုရားစကားကိုသာ လိုက်နာကျင့်သုံးရမည်ဖြစ်သည်။)
ကျော်သူ

ဝန်ကြီး ဦးရဲထွဋ် မှ တဆင်ု သမတကြီး ဦးသိန်းစိန် ထံ သို့ ။




ကျောင်း သားများကို ရိုက်နှက် နှိမ်နှင်း ခြင်းမှာ တရားဥပဒေ နှင့် ညီ ပါတယ် လို့ ပြောခြင်းကား
မတရားမှု ကို အားပေး ခြင်း။ မတရားလုပ် ရပ်ကိုလုပ်ခြင်းဖြစ်တဲ့ အတည်ပြု ခြင်းဖြစ်ပ့၏။
တရား ဥပဒေ အရ ကျောင်းသားများကို အရေး ယူလိုက ယူ နိုင်ပါသည်။
သို့ သော် ရိုက် နှက်ခြင်း လုပ်ခွင့် ဗမာပြည် (မြန်မာပြည်) ဥပဒေမှာလည်း မရှိပါ။
ရိုက်နှက်ခွင့် ရှိတ်ာလို့ ပြောက လူကြီးမင်း သည် ဥပဒေ ကို မိမိ လက် ဝယ် ကိုင်တွယ်ပြီး
မိမိ သဘောဖြင့် ဆောင်ါရွက်ခြင်းဖြစ်တဲ့ အတွက် ပြည်ထဲ ရေး ဝန် ကြီးနှင်. ပြည်ထဲ ရေး ဒုတိဝ ဝန်ကြီး တို့ မှာ တာဝန်ရှိပါတယ်။
မည် သို့ မျှ မငြင်းနိုင်ပါ။ 



ပြည်ထဲ ရေး ဝန် ကြီးနှင်. ပြည်ထဲ ရေး ဒုတိဝ ဝန်ကြီး တို ကို ရာထူးမှ ချကာ အလျင် အမြန် အရေးယူ ရ ပါမည်။ ထို သို့  မဆောင်ရွက် က သမတကြီးနှင့် အစိုးရ တဖွဲ့ လု့း သည် ရုတ်ရင်း ကြမ်းကြုတ်စွာ စိန်လွင် ကဲ့ သို့  ကျောင်းသား များကို ကိုးကန့် ရန်သူများထက်ပင် ပို သော အတိုင်းအတာ ဖြင့် မတရား နှိမ်နှင်း ခဲ့ ကြောင်း မှတ် တမ်းတင်ရ ပါမည်။

Sunday, March 8, 2015

MYANMAR Education Reform: Buddhist nationalists and government endanger agreement

by Francis Khoo Thwe
The government has been circulating a different draft from that one agreed with the students. It has not excluded taking legal action against protesting students. The latter have issued an ultimatum against the authorities. Fear is growing of a possible crackdown. Buddhist nationalist groups come out against the use of minority languages in education.


Yangon (AsiaNews) - Student leaders have accused the government of violating the recently reached agreement on education reform. Activists and academics have slammed the Education Ministry for circulating a draft proposal that is different from the one originally agreed upon.
Students and various NGOs have been in the streets for weeks pushing for greater accountability and democracy in education. However, the authorities are none too pleased and continue to issue threats against protesting students.
Buddhist nationalist movements have complicated matters because they object to student demands, claiming they damage the country's future and have disastrous effects.
The four parties - government, parliament, students and the National Network for Educational Reform (NNER) - had initially reached an agreement on 14 February after long and hard talks and many days of tensions.
The deal includes many of the students' demands, like academic freedom for educational institutions and the right of students and teachers to form their own unions.
However, when the government described it as a simple "proposal" and continued to work on its first draft, alarm bells were set off. Worse still, despite their promises, the authorities did not exclude suing students who took to the streets in protest.
In view of the situation, student leaders have issued an ultimatum to the government, saying it has until 28 February to withdraw the first draft and resume work on the four-party agreement.
Now the government has to decide whether to use force against protests or continue on the path of dialogue and negotiations, to reach a peaceful solution.
There is great concern that the 1988 crackdown might be repeated. But this time, things are different. Myanmar President Thein Sein's semi-civilian government would not be able to hide any brutal actions because of the widespread use of cameras and smartphones.
In fact, protests and international pressure are expected to encourage the government to maintain the dialogue and conciliatory tone.
One important element in the four-party proposal is that of allowing the country's 135 or so ethnic groups to use their native language in education. Such a proposal has sparked virulent opposition from Buddhist nationalist extremists.
The Ma Ba Tha movement, a group that has carried out a racist campaign against Rohingya Muslims in the past, is leading the charge against native languages. In an official statement, it criticised proposer changes to the bill without specifying them, suggesting that they would jeopardise the country's future.
For them, demands to use local languages ​​in areas inhabited by ethnic minorities has been highly controversial. Under article 134 of the education bill's original form, only Buddhist monastic schools would be able to teach in minority languages.
 Amendments proposed by student leaders and educational NGOs would add another provision, article 34(j), to extend to all religious schools the right to teach ethnic minority children in their mother language.
Buddhist nationalists warn that if this principle were accepted, Arabic could be taught to Muslims in school, and this would lead to a rapid rise in fundamentalist ideology in the country.
By contrast, Christian organisations associated with Kachin, Chin and Karen ethnic groups pushed for the use of native languages in education since many of their members are Christian.
"In education, there is no discrimination and we found that children learn more effectively when the teacher teaches in their native language," independent education expert Thein Lwin told The Irrawaddy.
Once upon a time, Myanmar's educational system was one of the best in Asia. However, decades of military rule and tight control over high schools and universities have resulted in a decline that still weighs heavily on the quality of education and academic freedom.
The country's current rulers are worried about students' threats to take their protests to the whole country, mindful that student-led pro-democracy demonstrations ended in a bloodbath in 1988 when the military cracked down on protesters.

 Credit : AsiaNews.it

Wednesday, March 4, 2015

"လက်ပံတန်းမြို့ခံ ပြည်သူတွေက

Credit https://www.facebook.com/profile.php?id=100006036078025

"လက်ပံတန်းမြို့ခံ ပြည်သူတွေက
သောက်ရေအိုးတွေ ခေါင်းပေါ်ရွက်ပြီး
ကျောင်းသားတွေကို
ရေလာလှု တိုက်ကျွေးနေတဲ့
မြင်ကွင်းဟာ ပြည်သူတွေ
ရေးထိုးလိုက်ကြတဲ့ သမိုင်းပါ".....။

credit-Ko Kyaw Swar Myint

ပိတ်ဆို့ခံထားရသည့် သပိတ်ကျောင်းသားများ အစာငတ်ခံဆန္ဒပြမည်ဟု ပြောဆိုနေ


လက်ပံတန်းမြို့တွင် ပိတ်ဆို့တားဆီးခံထားရသော ပင်မသပိတ်ကျောင်းသားများသည် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံနေသောနေရာတွင် ရှေ့သို့မတိုးနိုင်သောကြောင့် ထိုင်သပိတ်ပုံစံဖြင့် ရင်ဆိုင်နေရပြီး အစာငတ်ခံဆန္ဒပြမည်ဟု ပြောဆိုနေကြကြောင်း သပိတ်စစ်ကြောင်းတွင် ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
သပိတ်စစ်ကြောင်းတွင် ပါဝင်သော ရဟန်းသံဃာများနှင့် ကျောင်းသားများသည် ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ အစာငတ်ခံဆန္ဒပြမည်ဟု ပြောဆို၍ ဆက်လက်ဆန္ဒပြနေကြခြင်း ဖြစ်သည်။ သာယာဝတီမြို့သို့ ချီတက်ရန် ထွက်ခွာလာသော ကျောင်းသားများသည် ၎င်းတို့တည်းခိုသည့် အောင်မြေဗိမာန်ဘုန်းကြီးကျောင်းနှင့် ၁ ဖာလုံအကွာတွင် တားဆီးခံရခြင်း ဖြစ်သည်။
ပဲခူးတိုင်းအာဏာပိုင်များက ကျောင်းသားများအား နံနက် ၁၀ နာရီအချိန်မှစတင်၍ ခြောက်နာရီအတွင်း လူစုခွဲရန် ကြေညာနေသည်။ ကျောင်းသားများကလည်း အကြမ်းဖက်နှိမ်နင်းမှုများမပြုလုပ်ရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုထားကြသည်။
----------
ထိုင်သပိတ်ဆင်နွဲနေသော သပိတ်မှောက်ကျောင်းသားများ - ဓာတ်ပုံ ငြိမ်းချမ်း


ရဲတွေမှာ ကော်ပတ်ကြိုးတွေ ဆောင်ထားတာကို တွေ့မြင်ရပါတယ်။

 ရဲတွေမှာ ကော်ပတ်ကြိုးတွေ ဆောင်ထားတာကို တွေ့မြင်ရပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အခါ ကျောင်းသားများရဲ့ လက်ကောက်ဝတ်ကို စွပ်လိုက်ပါလိမ့်မယ်။ အဲဒီအခါ လွယ်လွယ်နဲ့ ပြန်ဖြုတ်မရပါဘူး။ စွပ်မိသွားတဲ့အခါ တစ်ဖက်စွန်းကို ဆောင့်ဆွဲလိုက်ရင် သွေးကြောတွေ ပိတ်သွားပြီး အစွပ်ခံရတဲ့ လက်တစ်ချောင်းလုံး ကျင်လာပြီး သွေးလေ မလည်ပတ်တဲ့အတွက် တောင့်တင်းလာပါလိမ့်မယ်။ မသိတဲ့ ကျောင်းသားတွေက ကိုယ့်ဘာသာကိုယ်လည်း ပြတ်ချင်ဇောနဲ့ ဆွဲရင်း တင်းသထက်တင်းလာပါလိမ့်မယ်။ အဲဒီကော်ကြိုးတွေကို ကတ်ကြေးကောင်းကောင်းနဲ့သာ ဖြတ်လို့ရပါတယ်။


နိုင်ငံတကာသတ္တိရှင်အမျိုးသမီးဆု ဒေါ်မေစံပယ်ဖြူရရှိ